အပင်မှာ မူမမှန်တာတွေ့ရတဲ့အခါ ပိုင်းခြားဝေဖန်စဉ်းစားနည်းများ(၃)

25/05/2023 11:00 AM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

အပင်အာဟာရတွေက ရွေ့လျားသွားလာတတ်ကြပါတယ်။ ဟိုဟိုဒီဒီသွားတတ်သူတွေရှိသလို ပေပေကပ်ကပ်နေတတ်တဲ့ အာဟာရတွေလည်းရှိတာကြောင့် အပင်မှာ အာဟာရမညီမျှမှုတွေကို တွေ့ရတတ်ပါသေးတယ်။

မြေပေါ်ကနေ ကျွေးလိုက်တဲ့ အာဟာရတွေဟာ အပင်ထဲရောက်အောင် ‌ရွေ့လျားသွားလာတတ်ကြရဲ့လားလို့ စဉ်းစားမိပါသလား။

အာဟာရဓာတ် (၁၇) မျိုးထဲမှာ အပင်ရဲ့ အမြစ်ထိပ်ကနေ လိုအပ်တဲ့နေရာတွေကို သွားနိုင်တဲ့ အာဟာရတွေရှိသလို သွားဖို့လာဖို့ခက်ခဲတဲ့ အပင်အာဟာရဓာတ်တွေလည်းရှိကြပါတယ်။ 

အားလုံးရင်းနှီးကြတဲ့ N P K နိုက်ထရိုဂျင်( N) ,ဖော့စဖောရပ် ( P) , ပိုတက်စီယမ်( K ) တို့က ကောင်းကောင်းသွားလာနိုင်ကြတဲ့ အပင်အာဟာရတွေပါ။ 

အခြားအနည်းလိုအာဟာရ အများစုကတော့ သိပ်မသွားတတ်ကြပါဘူး။ ဒါကြောင့်လည်း အာဟာရချို့တဲ့ပြီဆို အနည်းလို အာဟာရတွေက ချို့တဲ့ကြတာပါ။ ဒီလိုအထဲမှာ ကယ်ဆီယမ် ( Ca) ဓာတ်ချို့တဲ့မှုက အများဆုံးတွေ့ရတတ်ပါတယ်။

ရွေ့လျားနိုင်တဲ့ အာဟာရချို့တဲ့တယ်ဆိုရင် - အရွက်ရင့်တွေမှာတွေ့ရတယ်..

မသွားတတ်မလာတတ်တဲ့ အာဟာရတွေ ချို့တဲ့ပြီဆို ထိပ်ဆုံးအရွက်တွေမှာ လက္ခဏာပေါ်တတ်ပါတယ်။ 

အရွက်အညွန့်လေးမှာ မူမမှန်တာမြင်ရပြီဆို မ‌ရွေ့လျားနိုင်တဲ့အာဟာရကို ပြေးသတိရလိုက်ပါရှင်။

ဒီအောက်ကပုံလေးမှာ ဘယ်အာဟာရချို့တဲ့ရင် ဘယ်နားက အရွက်တွေမှာ တွေ့ရတယ်ဆိုတာ ဖော်ပြပေးထားပါတယ်။ 

 

မြေချဉ်ငန်ကိန်းနဲ့ အစိုဓာတ်ကလည်း အပင်အာဟာရဓာတ်တွေ ရွေ့လျားသွားလာနိုင်ဖို့၊  အပင်တွေ အာဟာရ ညီညီမျှမျှရဖို့ အရေးပါတဲ့အချက်ပဲဖြစ်ပါတယ်။

အပင်တွေကို ရေပေးသွင်းခြင်းက တသမတ်တည်းရှိရပါမယ်။

ရေစိုလွန်း၊ ရေခြောက်လွန်းနေတာမျိုးတွေ မဖြစ်ရပါဘူး။ 

မြေချဉ်လွန်း ငန်လွန်းနေတာမျိုးတွေလည်း မဖြစ်ရပါဘူး။ 

ထုံး၊ ကန့်နဲ့ တခြား ထပ်ပေါင်းပစ္စည်းပါဝင်တဲ့ ပိုးသတ်ဆေး မှိုသတ်ဆေးတွေသုံးခြင်းကလည်း သင့်စိုက်ခင်းရဲ့  မြေချဉ်ငန်ကိန်းကို ပြောင်းလဲနိုင်ပါသေးတယ်။

ဒါ့အပြင် သွင်းရေရဲ့ ပါဝင်မှုတွေကလည်း မြေချဉ်ငန်ကိန်းကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဥပမာ ရေက ငန်နေတာဆို အချိန်ကြာတဲ့အခါ ဆားပေါက်မြေတွေဖြစ်လာနိုင်တာကို ဆိုလိုတာပါ။

ငရုတ်စိုက်ပျိုးသူတွေအတွက် အာဟာရမညီမျှမှုတွေကိုဖြေရှင်းဖို့ ဘယ်မျိုးကိုစိုက်ပါ၊ ဘယ်နည်းကိုသုံးပါလို့ တရားသေသတ်မှတ်ထားတာမျိုးမရှိပါဘူး။ လက္ခဏာတွေက အထက်မှာပြောပြခဲ့တဲ့ အကြောင်း အရာတွေအတိုင်း ‌ဒေသမတူတာနဲ့ အမျိုးမျိုးကွဲပြားနိုင်လို့ပဲ ဖြစ်ပါတယ်။

အာဟာရမညီမျှကြောင်း ပြတဲ့လက္ခဏာတွေကလည်း အနည်းငယ်ဖြစ်တာနဲ့ အရမ်းဆိုးဝါမှုကြား အနည်းငယ်ကွဲလွဲနိုင်ပါသေးတယ်။ 

နောက်တစ်ပတ်မှာတော့ အာဟာရမညီမျှမှုတွေကို အကြမ်းဖျင်းခွဲလို့ရမယ့် နည်းလမ်းတွေ ၊ လက္ခဏာတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

မြေကောင်းမြေညံ့ခွဲနည်း 

ရောဂါပိုးလား ၊ အာဟာရပြဿနာလား ခွဲခြားနည်းတွေနဲ့

အပင်ရဲ့ မူမမှန်ခြင်းတွေအပေါ် လွှမ်းမိုးထားတဲ့ နေ့တဒူဝလုပ်ဆောင်ချက်တွေအကြောင်းကို အောက်ပါ အပိုင်း ၁ နဲ့ ၂ တွေမှာဖတ်ရှုနိုင်ပါတယ်။ 

အပိုင်း(၁)  https://greenwaymyanmar.com/posts/analysis_in_disordering_plants_1

အပိုင်း(၂)  https://greenwaymyanmar.com/posts/Over_fertilization

အပိုင်း(၃) https://greenwaymyanmar.com/posts/Nutriets_Deficiencies

 

အပိုင်း(၄) https://greenwaymyanmar.com/posts/N_P_K_control_methods

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်