အပင်မှာ မူမမှန်တာတွေ့ရတဲ့အခါ ပိုင်းခြားဝေဖန် စဉ်းစားနည်းများ (၁)

18/05/2023 13:00 PM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

စိုက်ပျိုးရေးလုပ်ကိုင်ကြသူတွေအနေနဲ့ ကိုယ့်အပင်တွေမှာ တစ်ခုခု မူမမှန်နေတာမျိုး သတိထားမိကြတဲ့အခါ ဘာတွေလုပ်ဖြစ်ကြသလဲရှင်။

ဘယ်လိုကုသမရမလဲဆိုတာ သိရဖို့ အာဟာရညီမျှမှုတွေအကြောင်းသိထားဖို့က အင်မတန်အရေးပါလှပါတယ်။ အပင်က ဗိုက်ဆာနေတာဖြစ်ပေမယ့် ကိုယ်က ရောဂါကျတယ်ထင်နေရင်လည်း အနာနဲ့ဆေး လွဲသွားနိုင်ပါတယ်။

အပင်တစ်ပင်ကြီးထွားဖို့ အာဟာရဓာတ်(၁၇) မျိုး လိုပါသတဲ့။ ကိုယ်က ဘယ်အာဟာရတွေထည့်လိုက်သလဲ။ အပင်ကရော ဘယ်အာဟာရတွေရပြီး ဘယ်အာဟာရတွေလိုအပ်တယ်လို့ပြနေသလဲ။ ဒါတွေဟာ သင့်စိုက်ခင်းအောင်မြင်ဖို့ အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။ 

ကျွေးကားကျွေး၏ မရ မဖြစ်ရအောင် ၊ ကျန်းမာလန်းဆန်းတဲ့ အပင်တွေဖြစ်အောင် နံပါတ်တစ်အနေနဲ့  မြေရဲ့ အရည်အသွေးကို သိထားရပါမယ်။ အရည်အသွေးကောင်းတဲ့ မြေဆိုတာကတော့ သင့်အပင်ရဲ့ အမြစ်ဖျားနားမှာ မျှတတဲ့အာဟာရတွေရှိနေတဲ့ မြေပဲဖြစ်ပါတယ်။ 

ဒီလိုမျှတနေဖို့ ပထမဆုံး မြေကောင်းလား ၊ မြေညံ့လားသိထားဖို့ လိုပါတယ်ရှင်။

  • သဘာဝပစ္စည်းတွေရှိနေတဲ့ သဲနုန်းမြေ
  • မိုက်ခရုပ်ပိုးလေးတွေ ကောင်းကောင်းအသက်ရှင်နေတဲ့ မြေ
  • အလင်းရောင်ရော ၊ လေရော အဝင်အထွက်ကောင်းကောင်း ရှိတဲ့မြေ၊
  • ရေဆင်းကောင်းတဲ့မြေ

စတာတွေဆိုရင်တော့ အရည်အသွေးကောင်းပါတယ်။

မြေကောင်းပြီဆိုရင်တော့ ဆက်ကြည့်ရမှာက ကျန်းမာတဲ့အပင်ဖြစ်ဖို့ အာဟာရကောင်းကောင်းစုပ်ယူနိုင်ဖို့အတွက်ပါ။ 

  • အစိုဓာတ်ထိန်းနိုင်မှုရှိရမယ်။
  • မြေချဉ်ငန်ဓာတ် ၅.၈-၇.၂ အတွင်းရှိရမယ်။
  • မြေသား အပူချိန် ရှိရပါမယ်ရှင်။ 

မြေညံ့တယ်ဆိုရင်တော့ ဒါတွေရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ 

  • ရွှံ့ဆေးဆန်လွန်း၊ 
  • သဲဆန်လွန်းတဲ့မြေ
  • သဘာဝပစ္စည်းတွေ နည်းနေတဲ့မြေ
  • ကျပ်နေတဲ့မြေ ၊
  • မွလွန်းနေတဲ့မြေ ၊
  • ရေဝပ်တဲ့မြေ ၊ 
  • ရေမနေတဲ့မြေ (စိုက်ခင်းကို ရေလောင်းလွန်းလျှင်လည်း အာဟာရဓာတ်တွေ ဆုံးရှုံးနိုင်ပါတယ်)
  • ချဉ်လွန်း ငန်လွန်းတဲ့မြေ  ( မြေချဉ်ငန်ဓာတ် ၅.၈ အောက် -၇.၂ အထက် )
  • ရေခဲရိုက်ထားသလို အေးနေတဲ့မြေ 
  • ဆိုဒီယမ် များလွန်းတဲ့မြေ ( ဆားပေါက်မြေ)  တွေပေါ့ရှင်။

ဒီအချက်တွေကို စစ်ကြည့်ပြီး ကောင်းတဲ့ဘက်မှာ ၈၀ % ရှိတယ်ဆိုရင်တော့ သင့်ရဲ့မြေဟာ အပင်တွေကောင်းကောင်းဖြစ်ထွန်းနိုင်တဲ့မြေလို့ ပြောလို့ရပါတယ်။

မြေစစ်လိုက်ပါ...

တကယ်လို့ သင်က ငရုတ်ကို စီးပွားဖြစ်စိုက်နေတယ်ဆိုရင် မြေစစ်ဖို့ကို တိုက်တွန်းပါတယ်။ မြေနမူနာကို ဓာတ်ခွဲခန်းပို့ပြီး ဘယ်အာဟာရဓာတ်တွေ လိုအပ်နေတယ်၊ ဘယ်ဓာတ်တွေ များနေတယ်ဆိုတာကို သိရခြင်းက စိုက်ခင်းလိုအပ်ချက်ကို ထိထိရောက်ရောက် စီစဉ်နိုင်ဖို့ကူညီပါလိမ့်မယ်။ 

အပင်မှာ အရွက်ဝါလာတယ်၊ အရွက်ခြောက်တွေ့လာရတယ်၊ အခြား မူမမှန်တာ တွေ့လာရတယ်ရတယ်ဆိုရင်...

ရောဂါပိုးမွှားကြောင့် ဖြစ်တာလား 

အာဟာရ အညီအမျှ မရလို့ဖြစ်တာလားဆိုတာတွေက ခွဲရခက်ပါတယ်။

ဒါကြောင့် မြေစစ်ထားဖို့ကို တိုက်တွန်းတာပါ။ 

မြေစစ်ဖို့ အဆင်မပြေသေးရင်တော့ ရောဂါပိုးပြဿနာနဲ့ အာဟာရမညီမျှမှုပြဿနာကို ခွဲခြားသိနိုင်ဖို့ ဒီ(၂) ချက်ကို လုပ်ဆောင်ကြည့်ပါ။

ဒီပိုးတွေစစ်

ပျ၊ ယင်ဖြူ၊ ပိုးစေးနှဲ၊ မွှား၊ လှေး စတဲ့ ပိုးတွေ ကိုယ့်စိုက်ခင်းမှာ ရှိနေလားစစ်ပါ။ ဒီပိုးတွေရဲ့ ဖျက်ဆီးလက္ခဏာက အာဟာရမညီမျှမှု လက္ခဏာတွေနဲ့ တူတတ်ပါတယ်။ 

ဒီရောဂါတွေကိုစစ်

အပေါ်ကပိုးတွေရှိနေခြင်းက ရောဂါတွေရဲ့ လက္ခဏာအစပါပဲ။ ပိုးတွေရှိနေလား။ ဘယ်နေရာမှာရှိနေလဲ။ ရှိတယ်ဆိုရင် အရွက်၊ ပင်စည်၊ အသီးတွေမှာ ပိုးတွေ ဖျက်စီးထားတဲ့ လက္ခဏာတွေရှိမရှိစစ်ကြည့်ပါ။

ဥပမာ - ဆဲလ်သေကွက် ( အနီရောင် အစက်အပျောက်)၊ အနက်‌ရောင်အစက်အပျောက်၊ အဝါရောင် အစက်အပျောက်နဲ့ အရွက်ပေါက်ရာတွေ၊ အရောင်ခပ်ဖျော့ဖျော့၊ ခပ်ရင့်ရင့်အကွက်တွေ၊ အသီးမှာဆို ပုပ်ပျော့နေတာမျိုးတွေပေါ့။ 

ဒီလက္ခဏာတွေ ဘယ်အချိန်မှာ စပေါ်ခဲ့လဲ။ အပင်အတွက် အနှောက်အယှက်ပေးနေပြီလား...

အပေါ်မှာပြောခဲ့တဲ့ ပိုးတွေ၊ ရောဂါလက္ခဏာတွေ မတွေ့ရဘူးဆိုရင်တော့ ဒါက အာဟာရပြဿနာလို့ ပြောလို့ရပါတယ်။ တစ်ခါတလေမှာ ရောဂါလက္ခဏာတွေက အပင်ပုံစံကို ပြောင်းလဲစေတာကြောင့် ဒီလိုမျိုးစစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။ ဖြစ်ဖြစ်ချင်း တစ်ပတ်အတွင်းမှာပဲ ပြောင်းလဲမှုတွေကို ရိပ်စားခဲ့မိမယ်ဆိုရင် ကုသဖို့ အခွင့်အရေးကောင်းရှိမှာဖြစ်ပါတယ်။

ကုသကြတဲ့အခါ ဆေးဝါးတွေကျွေးမှ မဟုတ်ပါဘူး။

နိစ္စဒူဝလုပ်ဆောင်ဖြစ်နေတဲ့ အမူအကျင့်တွေ ပြင်ခြင်းကလည်း ကုသရာရောက်ပါတယ်။

မိမိကျွေးနေကျ မဟုတ်တဲ့ လိုနေတဲ့ အာဟာရဓာတ်ကျွေးမလား...

မြေထဲမှာ အာဟာရတွေရှိနေသားနဲ့ အပင်ကမရနိုင်နေတာမို့ မြေအတွက် ဖြည့်စွက်စာတွေ ထည့်မလား၊ (ဥပမာ - မြေဆွေးထည့်ခြင်း)

မြေသြဇာကျွေးတဲ့ ပုံစံပြောင်းမလား။

ကိုယ်သုံးနေတဲ့ မြေသြဇာတံဆိပ်ကို ပြောင်းမလား။

ရေပေးနေတဲ့ပမာဏကို ပြောင်းမလား။

မကြာခဏနဲ့ နည်းနည်းစီပေးတဲ့ပုံစံ လုပ်မလား ။

ရေသွင်းခြင်းပုံစံနဲ့ ပိုလျှံလို့ အဆိပ်ဖြစ်နေတဲ့အာဟာရတွေကို လျှော့ချပေးမလား စသည်ဖြင့် ပြုလုပ်နိုင်ပါတယ်။

ဒီလိုစဉ်းစားရမယ့်အပြင် ရာသီဥတုဆိုင်ရာတွေ၊ အသုံးပြုထားဖူးတဲ့ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေ အကြောင်းကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ အာဟာရချို့တဲ့မှု အာဟာရပိုလျှံအဆိပ်ဖြစ်မှုတွေနဲ့ ဒီအချက်တွေ ဘယ်လိုဆက်စပ်သလဲဆိုတာကိုတော့ နောက်တစ်ပိုင်းမှာ ဆက်လက်ဖော်ပြပေးသွားပါမယ်ရှင်။ 

အပိုင်း(၂) https://greenwaymyanmar.com/posts/Over_fertilization

 

အပိုင်း(၃) https://greenwaymyanmar.com/posts/Nutriets_Deficiencies

 

အပိုင်း(၄) https://greenwaymyanmar.com/posts/N_P_K_control_methods

 

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်