ဒီရေတောများ၏ ထူးခြားချက်များနှင့် မြန်မာနိုင်ငံတွင် အဓိကတွေ့ရသည့်အမျိုးအစားများ
ဒီရေအမြင့်ဆုံးနဲ့ အနိမ့်ဆုံးအကြားပေါက်ရောက်တဲ့ အပင်တွေအားလုံးကို ဒီရေတောတွေလို့ခေါ်ပါတယ်။ နေ့စဉ် ဒီရေအတက်အကျရှိတဲ့ ဒေသတွေမှာ ပေါက်ရောက်ရှင်သန်နေတဲ့ အမြဲစိမ်းသစ်တောတွေဖြစ်ပါတယ်။
ဒီရေတောတွေဟာ ပင်လယ်ဒီရေအတက်အကျအောက်မှာ ရှင်သန်နိုင်ပါတယ်။ ဒီရေရောက်ရှိမှုအပေါ်အခြေခံပြီး သစ်မျိုးတွေကွဲပြားခြားနားပေါက်ရောက်တတ်ကြပြီး ဒီရေရဲ့သဘာဝဟာ ဒီရေတောတွေအတွက် အဓိကအခြေခံအချက်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အဓိကတွေ့ရှိရတဲ့ ဒီရေတောအမျိုးအစား (၂) မျိုးရှိပါတယ်။
(၁) မြစ်ဝကျွန်းပေါ်ဒီရေတော (Delta Mangrove) နဲ့ (၂) ပင်လယ်ကမ်းခြေဒီရေတော (Coastal Mangrove) တို့ဖြစ်ပါတယ်။
မြစ်ဝကျွန်းပေါ်ဒီရေတော (Delta Mangrove)
မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီးဖြစ်တဲ့ ဧရာဝတီမြစ်ကသယ်ယူလာတဲ့ နုန်းမြေတွေဟာ ပင်လယ်ပြင်နဲ့ထိတွေ့တဲ့ မြစ်ဝနေရာတွေမှာ ပို့ချရာကနေ ဖြစ်ပေါ်လာတဲ့ ဒီရေတောတွေဖြစ်ပါတယ်။
မြစ်ဝကျွန်းပေါ်ဒီရေတောတွေကို ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ဒေးဒရဲတို့မှာ အများဆုံးတွေ့ရတတ်ပါတယ်။ မုတ္တမပင်လယ်ကွေ့ဒေသတွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲ ခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့မှာလည်း တွေ့ရပါတယ်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး ပုလောက်မြို့နယ် ပြင်ဘုကြီးဒေသတို့မှာတော့ Small delta mangrove အဖြစ်တွေ့ရှိရပါတယ်။
ပင်လယ်ကမ်းခြေဒီရေတော(Coastal mangrove)
ပင်လယ်ကမ်းခြေဒီရေတော (Coastal mangrove) တွေကိုတော့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းရိုးတမ်း၊ တနင်္သာရီတိုင်းဒေသကြီးတို့မှာ တွေ့ရှိရပါတယ်။
ကမ္ဘာရဲ့ ၄၂ ရာခိုင်နှုန်းသောဒီရေတောတွေကို အာရှတိုက်မှာတွေ့ရပြီး ၂၁ ရာခိုင်နှုန်းကိုတော့ အာဖရိကနိုင်ငံတွေမှာတွေ့ရပါတယ်။ ၁၅ ရာခိုင်နှုန်းကိုတော့ အမေရိကားမြောက်ပိုင်းနဲ့အလယ်ပိုင်းတို့မှာတွေ့ရပြီး ၁၂ ရာခိုင်နှုန်းကိုတော့ ဩစတြေးလျနဲ့ကျွန်းဆွယ်တွေမှာတွေ့ရပါတယ်။ တောင်အမေရိကမှာတော့ ၁၁ ရာခိုင်နှုန်းသော ဒီရေတောတွေကို တွေ့ရတယ်လို့ဆိုပါတယ်။

ဒီရေတောဆိုတာ ပင်လယ်ပြင်နဲ့ကုန်းမြေအကြား လူသားတွေအတွက်သဘာဝတရားကပေးခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင်လည်း ဖြစ်ပါတယ်။
ဒီရေတောက ဘာတွေထူးခြားတဲ့သဘာဝတွေရှိလဲ..
ဒီရေတောအပင်တွေဟာ မိခင်အပင်ကြီးပေါ်မှာ အပင်လောင်းတပါတည်းထွက်ပေါ်တဲ့ ပင်ထက်မျိုးပေါက်တဲ့ သစ်စေ့သဘာဝ ရှိပါတယ်။ ပင်လယ်ရေငန်မှာရှင်သန်နိုင်ပါတယ်။ ပြီးတော့ သူ့မှာ လေရှူမြစ်တွေ ရှိပါသေးတယ်။
လေရှူမြစ်တွေဟာ အမြစ်ပိုင်းအစာစုပ်ယူဖို့လိုအပ်တဲ့လေဖိအားအတွက် အောက်ဆီဂျင်စုပ်ယူထားခြင်းသာမက အပင်အတွက် အစာချက်လုပ်ခြင်းလုပ်ငန်းကိုပါ ဆောင်ရွက်ပေးပါတယ်။
ဒီရေတောများ၏ထူးခြားသောသဘာဝများ
ဒီရေရောက်ရှိမှုအပေါ်အခြေခံပြီး ဒီရေတောသစ်မျိုးတွေ ကွဲပြားခြားနားစွာပေါက်ရောက်ပါတယ်။ ဒါကြောင့် ဒီရေရဲ့သဘာဝဟာ ဒီရေတောတွေအတွက် အဓိက အခြေခံအချက်ဖြစ်ပါတယ်။
ဒီရေတောတွေရဲ့ ထူးခြားတဲ့သဘာဝတွေက ဒီလိုပါ။ ဒီရေတောတွေဟာ...
- (၁) ပင်လယ်ဒီရေအတက်အကျအောက်မှာ ရှင်သန်နိုင်ပါတယ်။
- (၂) တောင်ပေါ်တောတွေနဲ့ မတူထူးခြားကွဲပြားတဲ့သဘာဝတွေရှိပါတယ်။
- (၃) ရေအောက်မှာ ရှင်သန်နိုင်ဖို့လေရှူမြစ်တွေရှိပါတယ်။
- (၄) ပင်ထက်မျိုးပေါက်တဲ့ သဘာဝရှိပါတယ်။
- (၅) ဆားအငန်ဓါတ်ရှိတဲ့ပင်လယ်ရေငန်မှာ ရှင်သန်နိုင်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့
Worldview International Foundation
Worldview International Foundation သည် ၂၀၁၂ ခုနှစ်တွင် အာရှရှိ ပထမဆုံးဒီရေတောပြန်လည် ထိန်းသိမ်းရေးစီမံကိန်းကို ရှေ့ဆောင်လုပ်ဆောင်ခဲ့သည်။ ထို့နောက်အပြာရောင်ကာဗွန်စီမံကိန်း၊ ပင်လယ်မြက်များထိန်းသိမ်းခြင်း၊ ပင်လယ်ရေမှော်များမွေးမြူခြင်း နှင့် အခြားဆောင်ရွက်ချက်အမျိုးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီရေတောပြုစုပျိုးထောင်ရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ် တွင်စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိ အချိန်တွင် သိပ္ပံနည်းကျ နည်းစနစ်များဖြင့် ကုန်ကျစရိတ်များစွာ သက်သာပြီး အပင်များရှင်သန်မှု ၉၆ ရာခိုင်နှုန်းရှိသော စိုက်ပျိုးနည်းကိုအသုံးပြုကာ ဒီရေတော ထိန်းသိမ်း ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံရှိ WIF ကို ဒီရေတောပြန်လည်ထူထောင်ရေးဆိုင်ရာပညာရှင်များ၊ အဏ္ဏဝါသိပ္ပံပညာရှင်များ၊ သစ်တောတက္ကသိုလ်ဘွဲ့ရများ၊ အခြားနယ်ပယ်အသီးသီးမှ ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာနိုင်ငံရှိ ဆုံးရှုံးသွားသော ဒီရေတောများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် ဒီရေတော အပင်ပေါင်း ဘီလီယံချီ၍စိုက်ပျိုးနိုင်ရန်ရည်ရွယ်ထားပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 1 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Worldview International Foundation - WIF
အားလုံး
ဒီရေတော ပျိုးဥယျာဉ်ထူထောင်မည်ဆိုလျှင်
12/04/2024
ဒီရေတော စိုက်ပျိုးရန် မြေနေရာပြင်ဆင်ခြင်း
02/04/2024
ဒီရေတောနှင့်ပတ်သက်၍ အခြေခံမှ စတင်ကာ အသေးစိတ်လေ့လာနိုင်မည့် ဝက်ဘ်ဆိုက်
14/03/2024
ဒီရေတောတွေသာမရှိတော့ရင်..
16/11/2023
ကမ်းခြေကို ခြေကုပ်ယူကာ ပင်လယ်ရေလွှမ်းခြင်းကို ကာကွယ်ပေးနေတဲ့ ဒီရေတောများ
10/11/2023