အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကမ္ဘာ့ဒီရေတောများနေ့

ကမ္ဘာ့ဒီရေတောများနေ့

ဇူလိုင် (၂၆) ရက် ဟာ ကမ္ဘာ့ဒီရေတောများနေ့ဖြစ်ပါတယ်။ 

ဒီရေတောတွေရဲ့ ဂေဟစနစ်ကနေ ပန်းမန်တွေ၊ သတ္တဝါတွေအကျိုးကိုအဖက်ဖက်က ပံ့ပိုးနေပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဒီရေတောတွေပြုန်းတီးလာတာနဲ့အမျှ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်လာလို့ ကမ္ဘာ့ဒီရေတောများနေ့ကိုစတင်ကျင်းပခဲ့တာလို့ဆိုပါတယ်။ ဒါကြောင့် ဒီရေတောနေ့ မှာ ဒီရေတောရဲ့အရေးပါပုံတွေ၊ ဂေဟစနစ်ကိုအကျိုးပြုပုံတွေကို နိုင်ငံအသီးသီးကနေဖော်ထုတ်ညွှန်းဆို လေ့ရှိကြပါတယ်။ 

စာတမ်း၊ သုတေသနတွေမှာဖော်ပြထားချက်အရ ဒီရေတောတွေဆုံးရှုံးနေမှုဟာ အခြားသစ်တောတွေထက် လေးဆကနေ ငါးဆအထိ မြန်ဆန်နေတယ်လို့ဆိုပါတယ်။ ဒီအချက်ကြောင့်ပဲ ကမ္ဘာ့ဒီရေတောနေ့လိုမျိုး နေ့ရက်တွေသတ်မှတ်ပြီး ဒီရေတောတွေရဲ့အရေးပါပုံကိုဖော်ညွှန်းကြတာဖြစ်ပါတယ်။

နှစ်အလိုက် ဒီရေတောနေ့ဆောင်ပုဒ်တွေသတ်မှတ်တတ်ကြပြီး ယေဘုယျအားဖြင့်တော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ဒီရေတောတွေကိုထိန်းသိမ်းဖို့၊ ပြန်လည်ထူထောင်ပေးဖို့၊ ကာကွယ်ဖို့အကြံအဉာဏ်တွေ ပါဝင်လေ့ရှိပါတယ်။ 

ဘာကြောင့် ကမ္ဘာ့ဒီရေတောနေ့ကိုကျင်းပကြတာလဲ

စိမ်းလန်းစိုပြည်ရေးဆိုင်ရာ (Greenpeace အဖွဲ့အစည်းရဲ့) တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Hayhow Daniel Nanoto ဟာ အီကွေဒေါနိုင်ငံ၊ Muisne မြို့ရဲ့ ဒီရေတောတွေပြန်လည်ထူထောင်ဖို့အရေးနဲ့ပတ်သက်လို့ တက်ကြွစွာဆန္ဒထုတ်ဖော်ရင်း ၁၉၉၈ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် မှာကြွေလွင့်သွားခဲ့ရပါတယ်။ ဒါကြောင့်မို့ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ သူကွယ်လွန်တဲ့နေ့ကို ကမ္ဘာ့ဒီရေတောနေ့အဖြစ် သတ်မှတ်ခဲ့တာလို့ဆိုပါတယ်။ 

ကမ္ဘာ့ဒီရေတောများနေ့ (World Mangrove Day) ကို ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာနေ့ (the International Day for the Conservation of the Mangrove Ecosystem) လို့လည်းခေါ်ပါတယ်။ နှစ်စဉ် ဇူလိုင် (၂၆) ရက်နေ့မှာကျင်းပလေ့ရှိကြပြီး ဒီရေတောနဲ့ပတ်သက်တဲ့ အသိပညာပေးဆိုင်ရာလှုပ်ရှားမှုတွေမှာပါဝင်တာမျိုး၊ ဒီရေတောတွေကိုထိန်းသိမ်းတာမျိုး၊ ဒီရေတော ဂေဟစနစ်ကိုတန်ဖိုးထားဖို့အချင်းချင်းအသိပညာပေးတာမျိုးတွေဆောင်ရွက်တတ်ကြပါတယ်။

ကမ္ဘာ့ဒီရေတောများနေ့ ကို ၂၀၁၅ ခုနှစ်မှာ UN Educational, Scientific, and Cultural Organization (UNESCO) ကစတင်သတ်မှတ်ခဲ့တာဖြစ်ပြီး ဒီရေတောဂေဟစနစ်တွေရဲ့အရေးပါမှုကို ဇောင်းပေးဖော်ပြချင်တဲ့အတွက်လို့ဆိုပါတယ်။ ပထမဆုံးသော ကမ္ဘာ့ဒီရေတောများနေ့ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၆ ရက်မှာ စတင်ကျင်းပခဲ့ကြပါတယ်။ 

Reference: unesco, byjusexamprep, wikipedia

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You
Worldview International Foundation

နည်းပညာမိတ်ဖက်အဖွဲ့

Worldview International Foundation

Worldview International Foundation သည် ၂၀၁၂ ခုနှစ်တွင် အာရှရှိ ပထမဆုံးဒီရေတောပြန်လည် ထိန်းသိမ်းရေးစီမံကိန်းကို ရှေ့ဆောင်လုပ်ဆောင်ခဲ့သည်။ ထို့နောက်အပြာရောင်ကာဗွန်စီမံကိန်း၊ ပင်လယ်မြက်များထိန်းသိမ်းခြင်း၊ ပင်လယ်ရေမှော်များမွေးမြူခြင်း နှင့် အခြားဆောင်ရွက်ချက်အမျိုးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီရေတောပြုစုပျိုးထောင်ရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ် တွင်စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိ အချိန်တွင် သိပ္ပံနည်းကျ နည်းစနစ်များဖြင့် ကုန်ကျစရိတ်များစွာ သက်သာပြီး အပင်များရှင်သန်မှု ၉၆ ရာခိုင်နှုန်းရှိသော စိုက်ပျိုးနည်းကိုအသုံးပြုကာ ဒီရေတော ထိန်းသိမ်း ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံရှိ WIF ကို ဒီရေတောပြန်လည်ထူထောင်ရေးဆိုင်ရာပညာရှင်များ၊ အဏ္ဏဝါသိပ္ပံပညာရှင်များ၊ သစ်တောတက္ကသိုလ်ဘွဲ့ရများ၊ အခြားနယ်ပယ်အသီးသီးမှ ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာနိုင်ငံရှိ ဆုံးရှုံးသွားသော ဒီရေတောများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် ဒီရေတော အပင်ပေါင်း ဘီလီယံချီ၍စိုက်ပျိုးနိုင်ရန်ရည်ရွယ်ထားပါသည်။  

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ

Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု

ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ

U Yan • ဖြေကြားချက် 1 ခု

ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား

ကိုရှား • ဖြေကြားချက် 2 ခု

ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။

Nyi M Htet • ဖြေကြားချက် 2 ခု

စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ

နံပတ်2 • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။