မိုချာမုန်တိုင်းပြင်းအား စံနှုန်းသတ်မှတ်ချက် မြင့်တက်လာ
‘အမေရိကန်ကာကွယ်ရေးအဖွဲ့က ဦးစီးလုပ်ကိုင်တဲ့ (JTWC- Joint Typhoon Warning Center) နဲ့ ဥရောပသမဂ္ဂ(EU) နဲ့ ကုလသမဂ္ဂ (UN) က ဦးစီးလုပ်နေတဲ့ "ကမ္ဘာ့သဘာဝဘေးဆိုင်ရာသတိပေးချက် ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ်" (Global Disaster Alert and Coordination SYSTEM - GDACS) တို့ရဲ့ ထုတ်ပြန်ချက်အသစ်တွေအရ မုန်တိုင်းဒဏ်(လေတိုက်နှုန်း ၁၆၇ ကီလိုမီတာနှုန်း - တစ်နာရီ ၁၀၃.၇ မိုင်)နှင့်အထက် ခံစားရမဲ့လူဦးရေ ၃ သန်းအထိ ဖြစ်လာပြီး မုန်တိုင်းကုန်းတွင်းဝင်ကာနီးမှာ လေတိုက်နှုန်းတစ်နာရီ ၁၃၂.၃၃ မိုင်အထိ ရှိလာနိုင်တာကြောင့် CAT-2 ဆိုင်ကလုန်းဖြစ်လာနိုင်ပါမယ်’ လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

CAT-2 မုန်တိုင်းဆိုတာကတော့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Severe Cyclone ဖြစ်ပြီး သူ့ရဲ့စံသတ်မှတ်ချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
#အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Severe Cyclone
- အစိမ်းရင့်ရောင်ကို သုံးပါတယ်။
- NEW SAFFIR-SIMPSON WIND SCALE မှာ CATEGORY-2 (CAT-2)
- လေတိုက်နှုန်း စံသတ်မှတ်ချက် - "၃ မိနစ် ဆက်တိုက် တိုက်ခတ်သောလေပြင်း တစ်နာရီ ၉၆ မိုင်နှုန်းမှ တစ်နာရီ ၁၁၀ မိုင်နှုန်းအထိ ရှိလာခြင်း" (84 knots to 95 knots)

‘လက်ရှိမှာတော့ ဒီညနေ ၃ နာရီကျော်အချိန်ကစပြီး မြစ်ဝကျွန်းပေါ်ကို မုန်တိုင်းအပြင်တိမ်တိုက်တွေ စပြီး ထိနေပြီဖြစ်လို့ လေဆင်နှာမောင်း ရေဆင်နှာမောင်းတွေ သတိထားကြရတော့မယ်’ လို့လည်း ဦးဝင်းနိုင်က သတိပေးထားပါတယ်။
လက်ရှိအနေအထားတွေအရတော့ Rapid Intensification (ရုတ်တရက် အားပိုကောင်းလာခြင်း)ကို ရင်ဆိုင်ကြရတော့မဲ့ အခြေအနေကြုံလာရလို့ ပိုမိုသတိထားရတော့မယ့်အခြေအနေဖြစ်လာတယ်လို့လည်း ဦးဝင်းနိုင်က သတိပေးပါတယ်။ ဒါ့အပြင် လက်ရှိနောက်ဆုံးထုတ်ပြန်ချက်တွေအရ မုန်တိုင်းတိုက်ရိုက် သက်ရောက်နိုင်တဲ့ ဧရိယာဟာ ယခင်ခန့်မှန်းတဲ့ စစ်တွေမြောက်ဘက်နဲ့ တောင်ဘက် မိုင် ၁၅၀ အတွင်းဆိုတာထက် လျော့သွားစရာမရှိဘဲ ပိုကျယ်လာဖို့သာရှိနေတယ်လို့လည်း ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။
Photos Crd_ U Win Naing, မိုး/ဇလ
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
kolu
လွန်ခဲ့သော ၃ နှစ် ကဟုတ်ဆရာ ဘိုကလေးဘက် အခြေအနေဘယ်လိုလည်းဆရာမုန်တိုင်းထိနိုင်လား
ဦးမျိုးညွန့်
လွန်ခဲ့သော ၃ နှစ် ကနေပြည်တော့်ပျဥ်းမနာအခြေအနေလေးသိပါရစေ
Aprilphyo
လွန်ခဲ့သော ၃ နှစ် ကဟုပါတယ် သိချင်ပါတယ်ခင်ဗျ အကြောင်းပြန်ပေးပါ
Ko Kyaw
လွန်ခဲ့သော ၃ နှစ် ကရခိုင်ပြည်နယ်အနောက်ဘက်ကမ်းခြေကိုသိချင်ပါတယ်
Win Ko Thu
လွန်ခဲ့သော ၃ နှစ် ကမုန်တိုင်း အစွန်ဖျာတွေကဘယ်လိုသက်ရောက်မှုရှိသလည်းဆရာဖြေပေးပါအုန်းခင်ဖျာ
ဆက်စပ်ဆောင်းပါးများ
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
ဆက်စပ်မေးခွန်းများ
စမုံနက်နှမ်းမျိုးက ဆောင်းမှာစိုက်လို့ရလား
Khing Hein • ဖြေကြားချက် 1 ခု
ရက်၉၀စပါးပျိုးထောင်စိုက်လို့ရပါသလားဘယ်လိုစိုက်ရသလဲသိခြင်ပါတယ်
ဦးရွှေပြည်စိုး • ဖြေကြားချက် 1 ခု
ဆောင်မှာစိုက်မှာမိုး ဘယ်နှမ်းမျိုတွေစိုက်ရင်ကောင်မလည်ခင်များ ပြောပေပါအုံးခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
မြေပဲ မိုးဦးကျစိုက်ရင် မြေပဲတေက ပဲ၀မ်းကျဖြစ်နေလို့ အဆေ့တေက စမ်းပဲမဟုတ်ပဲနဲ့ နီကျောင်ကျောင်တေ ၊ဆောင်းပဲကျ ပုံမှန်ပဲ ဘာပြုလို့လဲ
နံပတ်2 • ဖြေကြားချက် 3 ခု
အပင်တေသေတယ်ပိုးကောင်နဲ့ခြတေဘယ်လိုလုပ်ရမလည်း အပင်အားကောင်းဆေးမသိ
ကိုရဲကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026