"မိုးရာသီတွင်ပေါများ…...အင်ဥများ"

01/09/2020 12:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

      အင်ဥဆိုတာ အင်ပင်တွေရဲ့အောက်မှာ အင်ပင်အမြစ်တွေနဲ့ ဆက်စပ်နေတဲ့ မှိုတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ အင်ပင်အောက်ခြေအနီးအနားမှာပေါက်တဲ့ မှိုတစ်မျိုးဟုလည်း အလွယ်ခေါ်ကြပါသည်။

     အင်ဥသည် အိန္ဒိယ၊ မြန်မာ၊ ထိုင်းနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံအချို့၌ ပေါက်ရောက်ကြသည်။ မြန်မာနိုင်ငံတွင် ပဲခူးရိုးမတစ်ကြော အင်တိုင်းမြေများတွင် မိုးဦးကာလ မေ၊ ဇွန်လများတွင် အင်ဥများ ပေါများစွာ တွေ့ရတတ်သည်။ တစ်နှစ်ပတ်လုံးတွင် ()ကြိမ်တည်းသာ တွေ့ရှိရပြီး ရက်အတိအကျ မသိနိုင်ဘဲ ယေဘူယျအားဖြင့် မိုးမှန်စပြုချိန်တွင် တွေ့ရလေ့ရှိကြောင်း သိရပါသည်။

     အင်ဥတူးသူများမှာ မြေကြီးထဲရှိ အင်ဥများကို ဝါးပြားနှင့် ကလော်ယူကြပြီး ရရှိလာသော အင်ဥများကို စုဆောင်း၍ ()နာရီခန့်ကြာအောင် ရေစိမ်ထားပြီးမှ ဆေးကြောသန့်စင်ပါက ပိုမိုလွယ်ကူကြောင်းသိရပါသည်။ ထူး၍ ရရှိလာသော အင်ဥကို နေ့မကူးခင် ချက်ပြုတ်စားသုံးရပြီး နေ့ကူးသွားပါက ရင့်သွား၍ သိပ်စားမကောင်းတော့ပါ။

     ဒေသခံများမှ ဗဟုသုတအနေဖြင့် အင်ဥနှင့် သစ်ယာဥများ ဆင်တူကြသော်လည်း များစွာကွဲပြားကြကြောင်း ဆိုကြပါသည်။ အင်ဥမှာ အခွံ အမဲ (သို့အညိုရောင်ရှိကြပြီး ရေဆေးရ အရမ်းခက်လောက်အောင် မြေကြီးသား မကပ်ကြပေ။ အင်ဥလုံးလေးတွေကို ရေနဲ့သေချာပွတ်ဆေးလျှင်လည်း အလုံးလေးတွေ မကွဲတတ်ကြပါ။ သို့သော် သစ်ယာဥမှာ သဲအမဲရောင်အများကြီး ထူပစ်နေအောင် ကပ်နေသောကြောင့် ရေအများကြီးဆေးရပြီး အခွံကျွတ်ဆတ်ဆတ်နဲ့မို့ ရေဆေးလို့ လက်နဲ့ ကွဲထွက်သွားပြီး အရသာလည်း အင်ဥလောက် စားမကောင်းကြောင်း သိရပါသည်။

     အင်ဥမှာ မှိုမျိုးနွယ်ဝင်မြေအောင်း မှိုတစ်မျိုးဖြစ်သောကြောင့် မှိုများကဲ့သို့ပင် ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေသည့် အာဟာရဓါတ်များ ပါဝင်ပါသည်။ 

      အင်ဥတွင် Vitamin – B, Vitamin – D, Potassium,Copper,Selenium နှင့် Antioxidant တို့ ကြွယ်ဝစွာ ပါဝင်ပါသည်။ ထို့ပြင် Protein, Fiber နှင့် Iron ဓါတ်လည်း ပါဝင်ကြပါသည်။

     () အသားဓါတ် (Protein )အများအပြားပါဝင်သည့်အတွက် လူ့ခန္ဓာကိုယ်အတွက် လိုအပ်သည့် Amino acid တွေကို ဖြည့်ဆည်းပေးပါသည်။

     () Fiber (အမျှင်ဓါတ်) ပါဝင်သောကြောင့် အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါသည်။

     () အင်ဥတွင် Antioxidants များ ပါဝင်သောကြောင့် ကင်ဆာရောဂါ၊ ဆီးချိုရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပေးပါသည်။

     () အင်ဥသည် ရောင်ရမ်းမှုကို လျော့ကျစေသကဲ့သို့ အသည်း၊ အဆုတ်၊ ရင်သားအကျိတ်ဖွံ့ဖြိုးလာမှုကို တားဆီးပေးနိုင်ပါသည်။

     () အင်ဥတွင် Antioxidantsနှင့် Amino acid ပါဝင်သည့်အတွက် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို မြှင့်တက်စေပြီး Copperပါဝင်သောကြောင့် သံဓါတ်စုပ်ယူမှုကို အားကောင်းစေပါသည်။

     () ကိုယ်အလေးချိန်မြင့်တက်စေသော Cholestrols နှင့် Carbohydrateပါဝင်မှုနှုန်းနည်းပါးပြီး အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် နှလုံးရောဂါဆိုင်ရာပြဿနာနှင့် လေဖြတ်ခြင်းကိုလည်း ကာကွယ္်ပေးပါသည်။

သတိပြုရန်အချက်များမှာ -

     () မှိုနှင့် ဓါတ်မတည့်သူများအနေဖြင့် အင်ဥကို ဆင်ခြင်စားသုံးသင့်ပြီး သွေးတိုးရောဂါ၊ ဂေါက်ရောဂါ၊ လေးဘက်နာရောဂါရှိသူနှင့် အဆစ်အမြစ်နာကျင်ကိုက်ခဲတတ်သူများအနေနှင့် လည်း ချင့်ချိန်စားသုံးသင့်ပါသည်။

     () အင်ဥကို တညင်းသီး၊ ပီလောပီနံ၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊ မျောက်ငိုသီး၊ ကဏန်း၊ ဖားသား၊ မျှစ်ချဥ်၊ ပုစွန်ချဥ်၊ ငါးချဥ်၊ ဒူးရင်သီး၊ ဆူးပုပ်၊ ပဲငါးပိတို့နှင့် တွဲဖက်မစားသင့်ပါချေ။ အစာအဆိပ်သင့်၍ မူးဝေအော့အန်၊ ဝမ်းပျက်၊ ဝမ်းလျှောခြင်းများ ဖြစ်တတ်ပါသည်။

     () ကလေးမွေးပြီးစ သားသည်မိခင်များအနေဖြင့်လည်း "မှိုတစ်နှစ်၊ မျှစ်တစ်လ" မစားသင့်ဟု ဖတ်မှတ်ရဖူးပါသည်။

     အရသာရှိလှသော အင်ဥကို ဒေသခံများမှာ အင်ဥကြော်၊ အင်ဥကင်၊ အင်ဥသက်သက်လွတ်ဟင်း၊ အင်ဥသုပ်၊ အင်ဥမျှစ်ဆူးပုတ်ချက်တောဟင်းချို၊ အင်ဥငပိရည်ချက် စသည်ဖြင့် ပြုလုပ်စားသုံးကြပါသည်။

အင်ဥဟင်းချက်နည်းမှာ

     ၁။ အင်ဥကို အရင်ဆုံး ရေစိမ်ထားရပြီးနောက် ရေနှင့် (-)ကြိမ် ဇကာနဲ့တိုက်၍ ပြောင်စင်အောင် အင်ဥ()လုံးချင်းစီကို သေချာဆေးရပါမည်။ သို့မှသာ အင်ဥတွင် ကပ်နေသော မြေကြီးများ ပြောင်စင်မည်ဖြစ်သည်။

     ၂။ ရေဆေးထားသော အင်ဥကို ထက်ခြမ်းခွဲပြီး ရေနွေနဲ့ ထပ်ပြုတ်ကာ ရေစစ်ထားရပါမည်။

     ၃။ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးတို့ကို ရောထောင်းထားရပါမည်။

     ၄။ ပြီးနောက် ရေစစ်ထားသော အင်ဥကို အရသာမှုန့်၊ ဆားအနည်းငယ်၊ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးထောင်းတို့ဖြင့် ရောနယ်ပေးရပါသည်။

     ၅။ မီးဖိုပေါ်ဒယ်အိုးတင်ပြီး ဆီပူလာပြီဆိုပါက စောနက အဆာပလာတွေနဲ့ ရောနယ်ထားတဲ့ အင်ဥကို ထည့်ရပါမည်။ ရေ()ကြိမ်၊ ()ကြိမ် ခမ်းသည်အထိ တည်ပြီးပါက အရသာရှိလှတဲ့ မိုးရာသီစာ အင်ဥဟင်းလေး ကျက်ပါပြီ။

     ဟင်းအိုးချခါနီးမှာ ပန်းငရုတ်ပွတောင့်ကို ခွဲပြီးထည့်ချက်လို့ရသလို ငပိကြိုက်ပါကလည်း ဆီသတ်သည့်အချိန်အနည်းငယ်ထည့်လို့ ရပါတယ်။ အဖိုးနည်းပြီး ခံတွင်းမြိန်စရာ အင်ဥဟင်းတစ်မည်ဖြစ်ပါသည်။

     ထိုကဲ့သို့ အရသာရှိလှပြီး ()နှစ်မှာ ()ကြိမ်သာပေါ်သော ရာသီစာအင်ဥအကြောင်းကို လေ့လာထားသမျှ ရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်