သီးနှံပင်များ ယှဉ်တွဲစိုက်ပျိုး အကျိုးရှိလိုသော်.. (၂)
အဖော်ပင်စိုက်ပျိုးခြင်း (သို့မဟုတ်) သီးနှံပင်တွေ အတူယှဉ်တွဲစိုက်ပျိုးခြင်းဟာ ပိုးမွှားတွေကို တွန်းလှန်နိုင်ပြီး ကျန်းမာသန်စွမ်းတဲ့ အပင်တွေရရှိလာစေဖို့ ကူညီပေးနိုင်တဲ့ သဘာဝစိုက်ပျိုးနည်းစနစ်တစ်ခုဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုအကျိုးရှိရှိ တွဲဖက်စိုက်ပျိုးဖို့ဆိုရင် ဘယ်လိုအပင်တွေက တွဲဖက်စိုက်ပျိုးဖို့သင့်တော်တယ်၊ ဘယ်လိုအချက်တွေကို သတိပြုလုပ်ဆောင်ဖို့လိုတယ်ဆိုတဲ့အချက်တွေကိုတော့ သိထားဖို့လိုပါတယ်။
ဘယ်လိုအချက်တွေလုပ်ဆောင်ဖို့လိုတာလဲဆိုတာတွေနဲ့ပတ်သက်လို့ အချက်(၄) ချက်ကို အပိုင်း(၁) မှာ ဖော်ပြခဲ့ ပြီးဖြစ်ပါတယ်။ အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
အခု အပိုင်း(၂) မှာတော့ နောက်ထပ်လုပ်ဆောင်သင့်တဲ့အချက်(၅) ချက်နဲ့ ရှောင်ရှားသင့်တဲ့အချက်တွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

၅။ ထောင်ချောက်သီးနှံတွေ စိုက်ပျိုးပါ
ထောင်ချောက်သီးနှံတွေဟာ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်အပင်တွေထက် ပိုးမွှားတွေကို ပိုမို ဆွဲဆောင်နိုင်တဲ့ အပင်တွေဖြစ်ကြပါတယ်။ စိုက်ခင်းပတ်ဝန်းကျင်မှာ ထောင်ချောက်သီးနှံတွေကို စိုက်ပျိုးထားခြင်းဖြင့် အမှန်တကယ်ရိတ်သိမ်းခူးဆွတ်လိုတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ကျရောက်နိုင်တဲ့ အဖျက်ပိုးမွှားတွေကို ဖယ် ရှားပေးနိုင်မှာ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ တောင်ကြာကလေး (Nasturtium) အပင်တွေဟာဆိုရင် ပျပိုးနဲ့ ကျိုင်းပိုး (ပိုးတောင်မာ) အပါအဝင် အခြားဖျက်ဆီးနိုင်တဲ့ အင်းဆက်အမျိုးမျိုးအတွက် ထောင်ချောက်သီးနှံအဖြစ် လုပ်ဆောင် ပေးနိုင်တာ ဖြစ်ပါတယ်။ ထို့နည်းတူ ထောင်ချောက်သီးနှံအဖြစ် နှံစားပြောင်း၊ နေကြာ၊ ထပ်တရာပန်း၊ ဖက်ယားပင်၊ မုန်လာဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတဲ့အပင်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။
၆။ အပင်ကြီးထွားဖွံ့ဖြိုးစေဖို့ သဘာဝအတိုင်း ပံ့ပိုးပေးပါ
ညီအစ်မသုံးဖော် စိုက်ပျိုးနည်းလမ်းအတိုင်း ပြောင်း၊ နှံစားပြောင်း၊ မညှိုးပန်းနဲ့ နေကြာကဲ့သို့သော အရပ်ရှည်ပြီး သန်မာတဲ့အပင်တွေကို နွယ်တက်တဲ့အပင်တွေနဲ့ တွဲဖက်စိုက်ပျိုးခြင်းဖြင့် ကောင်းစွာကြီးထွားဖွံ့ဖြိုးစေဖို့ သဘာဝအတိုင်း ပံ့ပိုးကူညီနိုင်မှာ ဖြစ်ပါတယ်။
၇။ အရိပ်ရတဲ့အပင်တွေ စိုက်ပျိုးပေးပါ
ဟင်းသီးဟင်းရွက်နဲ့ ဟင်းခတ်အမွှေးအကြိုင် အပင်အများစုဟာ နေရောင်ခြည် အပြည့်အဝရရှိတာကို ကြိုက် နှစ်သက်ပေမဲ့လည်း နွေရာသီလို ပူပြင်းတဲ့အချိန်မှာဆိုရင် နေလောင်ဒဏ်ကို ခံရနိုင်ပါတယ်။ ၎င်းအခြေအနေမှာ အမိုးအကာနဲ့ အရိပ်ပေးနိုင်ဖို့အတွက် သင့်တော်တဲ့အဖော်ပင်တွေ တွဲဖက်စိုက်ပျိုးထားခြင်းဖြင့် သီးနှံပင်တွေ အပူဒဏ်ခံရတာကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် ပင်စိမ်းနဲ့ ခရမ်းချဉ်ကို တွဲဖက်စိုက်ပျိုးထားခြင်းဖြင့် ပင်စိမ်းရွက်တွေကို တောက်ပတဲ့ နေရောင်ခြည်ကနေ အကာအကွယ်ပေးနိုင်ပြီး အရွက်လောင်တာမျိုး မဖြစ်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ပင်စိမ်းပင်ဟာ ခရမ်းချဉ်ပင်မှာကျရောက်တတ်တဲ့ အဖျက်ပိုးမွှားနဲ့ ရောဂါပြဿနာ အချို့ကို လျော့ပါးစေမှာ ဖြစ်ပါတယ်။
၈။ ပေါင်းပင်များကို ထိန်းချုပ်ကာကွယ်ပါ
ကြီးမားတဲ့ အရွက်တွေပါရှိတဲ့ အပင်တွေဟာ နေရောင်တိုက်ရိုက်မကျအောင် အရိပ်ပေးနိုင်ရုံမက ၎င်းထက် ပိုပြီးလုပ်ဆောင်နိုင်သေးတာ ဖြစ်ပါတယ်။ အရွက်စိမ်းစိမ်းနဲ့ ကြီးမားတဲ့အရွက်ပါရှိတဲ့ အပင်တွေဟာ မြေဆီ လွှာကို ဖုံးအုပ်ပေးထားနိုင်တဲ့အပြင် ပေါင်းပင်ကြီးထွားမှုကို သဘာဝအတိုင်း တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် ပေါင်းသတ်ဆေးလိုအပ်မှုကိုလည်း အထိုက်အလျောက် လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြေဆီလွှာကို ဖုံးအုပ်ထားခြင်းဖြင့် ရေငွေ့ပျံနှုန်းကို နှေးကွေးစေပြီး အနီးပတ်ဝန်းကျင်မှာရှိတဲ့ အပင်တွေ အတွက် အစိုဓာတ်ကိုလည်း ထိန်းပေးထားနိုင်မှာ ဖြစ်ပါတယ်။
၉။ ကြီးထွားမှုမြန်တဲ့ အပင်တွေနဲ့ တွဲဖက်စိုက်ပျိုးပါ
ခရမ်းချဉ်၊ ဗူး၊ ဖရုံနဲ့ သခွားကဲ့သို့သော အပင်တွေဟာ ကြီးထွားမှုနှေးကွေးပြီး ရိတ်သိမ်းခူးဆွတ်ဖို့အတွက် လအနည်းငယ်ကြာ အချိန်ပေးရမှာဖြစ်ပါတယ်။ စိုက်ပျိုးမြေရဲ့ အကျယ်အဝန်းကို အကျိုးရှိရှိအသုံးချပြီး သီးနှံပင်အချင်းချင်း အကျိုးပြုနိုင်ဖို့အတွက် ကြီးထွားမှုလျင်မြန်တဲ့ ဟင်းသီးဟင်းရွက်တွေကို အဖော်ပင် အနေနဲ့ စိုက်ပျိုးသင့်ပါတယ်။ မုန်လာဥနီ၊ မုန်လာဥဖြူနဲ့ ဆလတ်တို့ကဲ့သို့သော အပင်တွေစိုက်ပျိုးထားမယ်ဆိုရင် ခရမ်းချဉ်သီးတွေ မရင့်မှည့်ခင်မှာပဲ ၁ ကြိမ် (သို့မဟုတ်) ၂ ကြိမ်ခန့် ရိတ်သိမ်းနိုင်မှာပဲ ဖြစ်ပါတယ်။
တွဲဖက်စိုက်ပျိုးရာမှာ ရှောင်ရှားသင့်တာ..
အပင်အများစုကို တွဲဖက်စိုက်ပျိုးခြင်းဟာ အကျိုးရှိပေမဲ့လည်း အချို့သောအပင်တွေကတော့ ဆိုးကျိုး သက်ရောက်မှုရှိနိုင်ပါတယ်။ အနက်ရောင်သစ်ကြားသီးနဲ့ စမုန်နက်ကဲ့သို့သော အပင်မျိုးစိတ်တွေဟာဆိုရင် ၎င်းတို့ရဲ့အနီးနားမှာရှိတဲ့ အပင်တွေရဲ့ကြီးထွားမှုကို ဟန့်တားနိုင်တဲ့ ဒြပ်ပေါင်းတွေကို ထုတ်လုပ်ပေးတာ ကြောင့် ၎င်းတို့ကို ဟင်းသီးဟင်းရွက်ပင်တွေရဲ့ အနီးမှာ ဘယ်သောအခါမှ မစိုက်ပျိုးသင့်ပါဘူး။
ဒါ့အပြင် ရောဂါနဲ့ အဖျက်ပိုးမွှားတွေ မပြန့်ပွားစေဖို့အတွက် အချို့သောအပင်မျိုးစိတ်များကို အတူတကွ စိုက်ပျိုးတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ ဥပမာအားဖြင့်၊ ငရုတ်ကောင်း၊ ခရမ်းချဉ်၊ အားလူး၊ ခရမ်းသီး ကဲ့သို့သော Nightshade အပင်တွေဟာဆိုရင် တူညီတဲ့ အဖျက်ပိုးမွှားတွေကို ခုခံနိုင်စွမ်းမရှိတာကြောင့် ၎င်းသီးနှံတွေကိုစိုက်ပျိုးမယ်ဆိုရင် နေရာအတော်သင့်ခြားပြီးမှ စိုက်ပျိုးသင့်ပါတယ်။
ဇင်ထူးနိုင်
Ref: https://www.bhg.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Kyaw Kyaw Oo
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါဆရာ
ဇင်ထူးနိုင်
လွန်ခဲ့သော ၃ နှစ် က- ပိုးအများအပြားကျတာ ကာကွယ်ဖို့ ဖြစ်နိုင်ရင် အချိန်စောစောစိုက်ပါ - မြေပြင်ချိန်မှာ ထယ်နက်နက်ထိုးခြင်းဖြင့် မြေထဲရှိနေတဲ့ အဖျက်ပိုးရဲ့သားလောင်းတွေ နေရောင်နဲ့ထိတွေ့ပြီး သေနိုင်ပါတယ် - နှံစားပြောင်း (သို့မဟုတ်) ပြောင်းပင်တွေနဲ့ သီးညှပ်စိုက်ပျိုးခြင်းဖြင့် အဖျက်ပိုးဦးရေ နည်းသွားနိုင်ပါတယ် - ထောင်ခြောက်ပင်အနေနဲ့ ထပ်တရာပန်း၊ မုန်လာဥ၊ တောင်ကြာကလေးပင် - ပေါင်းမြက်ရှင်းပါ - တူညီတဲ့ မြေမှာ နှစ်ရာသီထက်ပိုမစိုက်ဘဲပဲမဟုတ်တဲ့ အခြားသီးနှံ ပြောင်းစိုက်ပါ - သဘာဝဆေးအနေနဲ့ဆိုရင် တမာဆီ တမာပိုးသတ်ဆေးတွေ အသုံးပြုပါ
Kyaw Kyaw Oo
လွန်ခဲ့သော ၃ နှစ် ကပဲ သီးနှံတွေမှာ သီးလုံးဖောက်ပိုးအတွက် ထောက်ချောက်သီးနှံအနေနှင့် ဘာပင်တွေစိုက်ပျိုးသင့်လဲဆရာ...
ဆက်စပ်မေးခွန်းများ
Myo Min Htut • ဖြေကြားချက် 1 ခု
စိုက်ပျိုးရေးပညာရှင်များခဗျ ဂန္ဓမာပန်းစိုက်ရင်အမိုးလုပ်ပေးရလားဗျ၊ဖြေကြားပေးပါအုန်းဗျ
Paul shan aung. • ဖြေကြားချက် 4 ခု
ပဲအတွက် လိုအပ်မည့်ဆေးကောင်းများလမ်းညွှန်ပေးပါအုံးဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 3 ခု
15ရက်သားပါမှိုဆေးနှင့်ဂျာပေါင်းသတ်ဆေးဘာအရင်ဖြန်းသင့်လဲး
ဝင်းဇော် • ဖြေကြားချက် 1 ခု
ခရမ်းချဥ်ပင်မှာဖြစ်တဲ့ နှောင်းပင်နာကျရောဂါ ၊ ခါးရိရောဂါ ၊ဒေါင်းနီးရွက်ခြောက် ၊ပင်စည်နက်ရောဂါ အတွက် ( Metalaxyl )မက်တယ်လက်စီ ကိုအခြားမည်သည့်ဆေးနဲ့မှ မရောစပ်ဘဲ တစ်မျိုးထဲ အသုံးပြုမယ်ဆိုရင် ဖြစ်လာမယ့်ရောဂါတွေကို ကာကွယ်ကုသနိုင်စွမ်းရှိမရှိသိချင်ပါတယ်ဗျာ။ နားလည်သိကျွမ်းတဲ့ ဆရာကြီးများ ကျေးဇူးပြုပြီး ကျနော့ကိုပြောပြပေးကြပါဗျာ ။
Kyaw Soe Naing • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၆)
06/10/2026
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
More from ဇင်ထူးနိုင်
အားလုံး
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026