TCCC Myanmar Limited က Sales Executive ရာထူးနေရာများ ခေါ်ယူခြင်း

21/03/2023 18:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

MC မြေဩဇာရဲ့ကုမ္ပဏီဖြစ်တဲ့ TCCC Myanmar Ltd က Sales Executive ရာထူးနေရာ တွေအတွက် ရှမ်းမြောက်အတွက် ၁ နေရာ၊ ရှမ်းတောင်အတွက် ၂ နေရာ ခေါ်ယူထားတာ ဖြစ်ပါတယ်။

လျှောက်ထားသူဟာ စိုက်ပျိုးရေးဘွဲ့ရ (သို့မဟုတ်) စိုက်ပျိုးရေးဒီပလိုမာရရှိထားပြီး အခုအလုပ်နဲ့ သက်ဆိုင်ရာနယ်ပယ်တစ်ခုခုမှာ အနည်းဆုံး ၃ နှစ် အတွေ့အကြုံရှိထားသူဖြစ်ရမှာဖြစ်ပါတယ်။ အမျိုးသားသီးသန့်ခေါ်ထားတာဖြစ်ပြီး အသက်ကတော့ ၂၈ နှစ်ကနေ ၃၅ နှစ်ကြားသတ်မှထားပါတယ်။

လျှောက်ထားသူအတွက် လိုအပ်မဲ့ အရည်အချင်းသတ်မှတ်ချက် အပြည့်အစုံနဲ့ လုပ်ကိုင်ရမဲ့ နေရာ အတိအကျတွေကိုတော့ အောက်ပါပုံတွေထဲကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ [email protected] သို့  ၄-၄-၂၀၂၃ ရက်နေ့ နောက်ဆုံးထား ပေးပို့လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်