စိုက်ပျိုးမြေတွေမပျက်စီးဖို့နဲ့ မြေဆီလွှာကောင်းမွန်စေမယ့် နည်းလမ်းများ

15/02/2022 19:06 PM တွင် Nan Su San Nan Su San မှ ရေးသား

အပင်တွေ သီးနိုင်၊ ပွင့်နိုင်၊ အထွက်နှုန်းများများ ရနိုင်ဖို့ဆိုတာ မျိုးကောင်းမျိုးသန့် ရွေးချယ် စိုက်ပျိုးဖို့ လိုအပ်သလို  အပင်ရှင်သန်ကြီးထွားရန် သင့်လျော်သော မြေ၊ ရေ၊ အာဟာရနှင့် ပတ်ဝန်းကျင် ရှိဖို့လည်း အရေးကြီးပါတယ်။   အဲဒါကြောင့် အပင်ရဲ့ ဗီဇအစွမ်းရှိသလောက် အထွက်နှုန်းရရန်  ရေခံမြေခံကောင်းဖို့နဲ့ ကောင်းမွန်စွာပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ 

ပန်းပင်ပဲစိုက်စိုက်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ဆေးဖက်ဝင်ပင်၊ ကောက်ပဲသီးနှံပင်တွေ စိုက်စိုက်၊ အလှစိုက်မြက်ခင်းလေးပဲစိုက်စိုက် အာဟာရဓါတ်ကြွယ်ဝသော စိုက်ပျိုးမြေဟာ  ကနဦး လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ မြေကြီးဆိုတာ အပင်အတွက် အာဟာရများ ထုတ်လုပ်ပေးရာ သက်ရှိ စက်ယန္တရားကြီးတခုပေါ့။  

အဲဒါကြောင့် စိုက်ပျိုးမြေ မြေဆီလွှာကောင်းမွန်စေဖို့  အထူးသဖြင့် ရေရှည်ကောင်းမွန်သော စိုက်ပျိုးမြေဖြစ်စေဖို့ နည်းလမ်းတချို့ကို မျှဝေလိုက်ပါတယ်။

၁။ သစ်ဆွေးဓါတ် organic matter ထည့်ပေးပါ။

မြေစေး၊ သဲဆန်တဲ့မြေ၊ အာဟာရဓါတ်နည်းသောမြေ၊ ကျစ်မြေ၊ ရေစီးမကောင်းသောမြေ ဘယ်လိုမြေ အမျိုးအစားပဲဖြစ်ဖြစ် သစ်ဆွေးဓါတ် organic matter ထည့်ပေးခြင်းဟာ မြေဆီအာဟာရ တိုးတက် ကောင်းမွန်စေသော နည်းလမ်းကောင်းတခုပဲဖြစ်ပါတယ်။ သစ်ရွက်ဆွေးမြေဩဇာထည့်ပေးခြင်းဟာ မြေတွင်းအောင်းအကျိုးပြု အဏုဇီဝပိုးမွှားတွေကို တိုးစေပြီး မြေဆီလွှာကို ကောင်းမွန်စေပါတယ်၊၊ သစ်ရွက်ဆွေးမြေဩဇာအပြင် နွားချေး၊ ကြက်ချေး၊ ရိုးပျက်၊ သစ်ရွက်ခြောက်များဟာလဲ မြေအာဟာရကို တိုးတက်ကောင်းမွန်စေရုံသာမက မြေ၏ရေထိန်ထားနိုင်မှုကိုလဲ ကောင်းမွန်စေပါတယ်။

၂။မြေငွေ့ထိန်းအုပ်ပေးခြင်း Mulching

Mulching လုပ်ပေးခြင်းဟာ မြေအစိုဓါတ်၊ အာဟာရဓါတ်ကို ထိန်းပေးရုံသာမက မြေဆီလွှာ တိုက်စားခြင်းကို ကာကွယ်ပေးပါတယ်။ ဒီလိုနည်းလမ်းကျင့်သုံးခြင်းဖြင့် ရေလောင်းခြင်း၊ ပေါင်းသင်ခြင်း၊ မြေဩ ဇာကျွေးခြင်းတွေကို လျော့နည်းစေပါတယ်။ နုတ်နုတ်စင်းထားတဲ့ မြက်ပင်လေးတွေ၊ ၃-၄ လက်မခန့် ဖြတ်တောက်ထားသော ပဲပင်များ ကို Mulchingပြုလုပ်ရာမှာ အသုံးပြုနိုင်သလို ဆွေးမြေ့နေသော သစ် ရွက်တွေ၊ သစ်သားအပိုင်းအစသေးသေးလေးတွေလဲ သုံးလို့ရပါတယ်။ မိမိရဲ့ စိုက်ခင်း(သို့) စိုက်ပျိုးသီးနှံ များနှင့် သင့်လျော်ရာ ရွေးချယ်အသုံးပြုသင့်ပါတယ်။

၃။မြေဖုံးသီးနှံများ စိုက်ပျိုးပါ

မြေဖုံးပင်များစိုက်ပျိုးပေးခြင်းဟာ မြေဆီလွှာအာဟာရကို ကောင်းစေတယ်၊ အစိုဓါတ်ထိန်းပေးတယ်၊ အကျိုးပြု မြေအောင်းအဏုဇီဝပိုးများ၊ တီကောင်များ အရေအတွက်ကို တိုးစေပြီး မြေကြီး ဖွဲ့စည်း တည်ဆောက်ပုံကို ကောင်းမွန်လာစေပါတယ်။ မြေကြီးရဲ့ ရေစုပ်ယူနိုင်မှုကို ပိုမိုကောင်းမွန်စေပါတယ်၊၊ ဒါ့အပြင်မြေဖုံးပင်များစိုက်ပျိုးပေးခြင်းဟာ မြေကျစ်ခြင်းကို လျော့ကျစေပါတယ်။ 

မြေဖုံးသီးနှံတွေအဖြစ်တော့ ပြောင်း, လူး, ဆတ်,မုယောစပါး စတဲ့ နှံစားပင်တွေဖြစ်စေ/ ပဲယင်း, ပဲလွန်း တို့လို ပဲမျိုးစုံကိုလဲ စိုက်ပျိုးလို့ရပါတယ်။ ဒီလို မြေဖုံးသီးနှံစိုက်ရတဲ့ ရည်ရွယ်ချက်က အဓိကသီးနှံပင်တွေ မစိုက်ထားတဲ့အချိန် မြေကြီးကို နေ/ရေ/လေ တို့ တိုက်ရိုက်မကျဖို့ အဖုံးအကာအဖြစ် စိုက်ပျိုးခြင်း ဖြစ်ပါ တယ်။ မြေကြီးပေါ်မှ အပင်တွေ ဖုံးအုပ်နေခြင်းအားဖြင့် မြေဆီလွှာတိုက်စားမှုကို လျော့နည်းစေခြင်း/ မြေတွင်း ရေသိုလှောင်ထားနိုင်မှု ပိုမိုကောင်းမွန်လာခြင်း/မြေဆီဩဇာ ပိုမိုကောင်မွန်လာခြင်း/ မြေတွင်း အဏုဇီဝသက်ရှိများ တိုးပွားလာခြင်း စတဲ့ အကျိုးကျေးဇူးများစွာကို ဖြစ်ပေါ်စေပါတယ်။

၄။ အပင်မျိုးစိတ် အမျိုးမျိုးစိုက်ပျိုးပါ

အပင်မျိုးစုံ စိုက်ပျိုးပေးတာဟာ မြေဆီလွှာအတွက် အကျိုးများစွာ ဖြစ်စေပါတယ်။ ရေသောက်မြစ်ပါတဲ့ အပင်တွေဟာ (မုံလာဥနီ၊ မုံလာဥဖြူ၊ ကန်စွန်းဥ၊ မျောက်ဥ၊ ဝဥ၊ ပီလောပီနံ၊ ရွက်စားမုံလာပင်၊ တရုတ် နံနံ) မြေကျပ်ခြင်းကို သက်သာစေပါတယ်။  မြစ်မွှားများတဲ့ အပင်တွေ  အမြစ်နက်နက်ထိမဆင်းတဲ့ အပေါ်ယံလွှာအမြစ်ဖွဲ့စည်းပုံ ရှိတဲ့ အပင်တွေ (စပါး၊ဂျုံ၊ပြောင်းလူး၊ဆပ်၊နှံစားပြောင်း) ကတော့ မြေဆီ လွှာတိုက်စားမှုကို ကာကွယ်ပါတယ်။ ပဲမျိုးဝင်ပင်တွေဟာ မြေဆီလွှာအတွက် နိုက်ထရိုဂျင်ဓါတ် ဖြည့်ပေးပါတယ်..။

၅၊၊ ပိုးသတ်ဆေးများ၊ ဓါတုမြေဩဇာများ သုံးစွဲမှုလျော့ချပါ။

ပိုးသတ်ဆေး၊ ဓာတုမြေဩဇာတွေ သုံးစွဲမှုရဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့ ပိုးသတ်ဆေး ဓါတ်ကြွင်းတွေဟာ မြေဆီလွှာအကျိုးပြုသော မြေတွင်းအောင်းအကောင်တွေ အဏုဇီဝပိုးမွှားတွေကို အန္တရာယ်ဖြစ်စေခြင်း၊ ဓါတုမြေဩဇာများ သုံးစွဲမှုလွန်ကဲမှုကြောင့် မြေဆီလွှာပျက်စီးခြင်းများ ဖြစ်ပေါ်စေတာမို့ ပိုးသတ်ဆေး၊ ဓါတုမြေဩဇာများ သုံးစွဲမှုကို လျှော့ချပေးသင့်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်