ဖုန်းထဲမှာ ပါဝင်တဲ့ Setting (ဆက်တင်) ကိုလေ့လာခြင်း

08/06/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆို လိုက်ပါတယ် ခင်ဗျ။

ယခင်တစ်ပတ်ကတော့ အင်တာနက်အသုံးပြုရာမှာ အဓိကကျတဲ့ မီဂါဘိုက် အကြောင်းကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။

ယခုတစ်ပတ်မှာတော့ မိုဘိုင်းဖုန်းတစ်လုံးမှာ အခြေခံ အကျဆုံးအပိုင်းဖြစ်တဲ့ ဆက်တင် (Setting) မှာပါဝင်တဲ့ အပိုင်းလေးတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျ။

ဗားရှင်း အမျိုးမျိုးရှိနေပေမယ့် ကွာခြားမှုရှိလျှင်လည်း အနည်းငယ်သာ ဖြစ်ပါလိမ့်မယ် ခင်ဗျ။ ဖုန်း တိုင်းမှာ ဖုန်းတစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့ စနစ်အဖြစ် ဆက်တင် ဆိုတဲ့ အပိုင်းကို ထည့်သွင်းထားပါတယ်။ ဆက်တင်ဆိုတာကတော့ ဖုန်းဝယ်ကတည်းကပါလာတဲ့ ဆက်သွားပုံစံအဝိုင်းလေးဖြစ်ပါတယ်။  ဆက်တင် မှာပါဝင်တဲ့ အပိုင်းလေးတွေကို လေ့လာကြည့်ရအောင်ပါ ခင်ဗျ။ 

Wireless and networks (လိုင်းများ ချိတ်ရန်) 

Sound (အသံပိုင်းဆိုင်ရာ) 

Display (မြင်ကွင်းပိုင်းဆိုင်ရာ) 

Location and Security (တည်နေရာနှင့် လုံခြုံရေး) 

Applications (အသုံးချ ပရိုဂရမ်များဆိုင်ရာ) 

Privacy (ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုင်ရာ) 

Language and Keyboard (ဘာသာစကားနှင့် စာရိုက်ကွက်) 

Voice input and output (အသံဆိုင်ရာ အဝင်အထွက်) 

Accessibility (အခွင့်အရေးဆိုင်ရာ အသုံးအဝင်အတွက်) 

Date and Time (အချိန်နဲ့ နေ့ရက်) 

About Phone (အချက်အလက် မှတ်တမ်း) 

ဖုန်း အသုံးပြုနေတယ်ဆိုရင်တော့ ဆက်တင် (Setting)  ထဲမှာ ပါဝင်တဲ့ အခြေခံ အချက်အလက်တွေကို တောင်သူ ဦးလေး ဒေါ်လေးတို့ အနေနဲ့ သိဖို့ လိုမှာ ဖြစ်ပါတယ် ခင်ဗျ။ အခုဆိုရင် ဗဟုသုတအနေနဲ့ ဆက်တင်ထဲမှာ ဘာတွေပါလဲ ဆိုတာ အနည်းငယ်တော့ သိသွားမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။ တနင်္လာနေ့တိုင်း ယခုအစီစဥ်လေးကို ဖော်ပြမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံး ခင်ဗျ။

ယခင်တစ်ပတ်က မီဂါဘိုက် အကြောင်းဖော်ပြထားတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

မီဂါဘိုက်(MB) နှင့် မီဂါဘစ်(Mb) အကြောင်း သိကောင်းစရာ

ကိုးကား- 

Android ပေါ်မှလက်တွေ့သုံးနည်းပညာ

သန်းထိုက် (ရွှေရိပ်) 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်