လေဖိအားနည်းရပ်ဝန်း ယနေ့အပြင်းထန်ဆုံးဖြစ်မည်ဖြစ်ပြီး ကမ်းရိုးတန်းဒေသများ မိုးသက်လေပြင်းကျနိုင်
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ အိန္ဒိယအရှေ့မြောက်ကမ်းခြေနားက လေ ဖိအားနည်းရပ်ဝန်း(INVEST-95B)ဟာ ဒီနေ့အပြင်းထန်ဆုံးဖြစ်မှာဖြစ်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးသက်လေပြင်းတွေ ကျနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ပြောပါတယ်။

‘ ဒီအရှိန်ကြောင့် အလယ်ပိုင်းဒေသတော်တော်များများအပါအဝင် တစ်နိုင်ငံလုံး နေရာအနှံ့ အပြားမိုးရွာနိုင်ပြီး ရခိုင်/ဧရာဝတီကမ်းရိုးတန်းဒေသတွေနဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် မိုးသက်လေပြင်းကျပြီးလှိုင်းကြီးနိုင်ပါမယ်’ လို့ ဦးဝင်းနိုင်က သူ့ရဲ့ ဖေ့စ်ဘွတ် အကောင့်ကနေ သတိပေးထားတာဖြစ်ပါတယ်။
ဒီအခြေအနေက ၁၅ ရက်နေ့ မနက်ပိုင်းလောက်ထိ ဆက်သွားနိုင်ပြီး အဲ့နောက်ပိုင်းကျရင်တော့ လေဖိအားနည်းရပ်ဝန်းက ကုန်းတွင်းကိုဝင်ရောက် အားပျော့သွားနိုင်ကာ တချို့ဒေသတွေမှာ မိုးနည်းသွားတော့မှာဖြစ်တယ်လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။
“နည်းသွားတာက ဘယ်မှာနည်းသွားမလဲဆိုတော့ အလယ်ပိုင်းဒေသတွေရယ်၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသတချို့ရယ်၊ နောက် ကချင်ပြည်နယ်ထဲက တချို့ဒေသတွေမှာလည်း မိုးနည်းသွားလိမ့်မယ် ”
အဲ့ဒီဒေသတွေကလွဲလို့ ကျန်တဲ့ဒေသတွေမှာတော့ မိုးက ပုံမှန်ရွာသွန်းမြဲအတိုင်းဆက်ရှိနေ မှာဖြစ်ပြီး တချို့ဒေသတွေမှာ နေရာကွက်မိုးကြီးတာတွေလည်း ဆက်ရှိနေဦးမယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
တချို့အလယ်ပိုင်းဒေသတွေမှာတော့ ၁၅ ရက် ၁၆ ရက်နောက်ပိုင်း မိုးပြတ်သွားနိုင်ပြီး နေ့အပူချိန်တွေလည်း 36° C အထိ တက်လာနိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
Photo Crd_Win Naing FB
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ဆက်စပ်မေးခွန်းများ
ဆိတ် အတွက်စိုက်ပျိုးရေးမြက်ကြွေးမယ်ဆိုရင် ဘယ်မြက်အဆင်ပြေမလဲဗျ ဘယ်မြက်ကသင့်တော်နိုင်လဲဗျ
kyawlin soe • ဖြေကြားချက် 1 ခု
ကျွန်တော် ဆိတ်တွေ ဝမ်းပျော့တွေ တအားသွားနေလို့ပါ ဘယ်လိုဖြေရှင်းရမလဲ လမ်းညွှန်ပါအုန်း ဆရာတို့ရယ်။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
ဒီလို အခင်းကို မတ်ပဲ ရေလိုက် ကျဲချင်လို့ ပေါင်းသက်ဆေး ထိုးပီ ကျဲရင် အဆင်ပြေနိုင်လား မြတ် မခုတ်ပဲ ပေါင်းသက်ဆေးနာနာထိုးပီ ကျဲ ရင် အဆင်ပြေနိုင်မလားဗျ
ကိုကောင်းကြီး • ဖြေကြားချက် 1 ခု
တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။
Zin Ko Latt • ဖြေကြားချက် 3 ခု
ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ဖြေကြားပေးကြပါဦးခင်ဗျာ။
Nan Lin Soe • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026