Messenger Rooms (စကားပြောခန်း) ကနေ ဖေ့စ်ဘုတ်မှာ ဘယ်လို တိုက်ရိုက်လွှင့်မလဲဆိုတာ လေ့လာကြည့်ရအောင်
ဒီတစ်ပတ်ရဲ့ “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာလေ့လာစို့” အစီစဥ်လေးမှာတော့ အွန်လိုင်းကနေ အစည်းအဝေးလုပ်ရင်း တိုက်ရိုက်ထုတ်လွှင့်တဲ့ နည်းလေးကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ စကားပြောခန်း ဖန်တီးတဲ့သူကတော့ ကွန်ပျူတာ ရှိဖို့လိုပါမယ်။ ကွန်ပျူတာသုံးပြီး Messenger Rooms (စကားပြောခန်း) ကနေ တိုက်ရိုက်ထုတ်လွှင့်ဖို့ အောက်ပါ အဆင့်တွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ လေ့လာကြည့်ရအောင်လား ခင်ဗျ။
အဆင့် (၁) - စကားပြောခန်း ဖန်တီးမယ့်သူဟာ Google (ဂူးဂဲလ်) ကနေ မိမိရဲ့ဖေ့စ်ဘုတ်အကောင့်ထဲ အရင်ဝင်ရပါမယ်။
အဆင့် (၂) - မိမိရဲ့ Messenger (မက်ဆင်ဂျာ) မှာရှိတဲ့ Messenger Room (စကားပြောခန်း) ဖန်တီးမယ့် နေရာကို သွားရပါမယ်။
အဆင့် (၃) - ဒါဆိုရင် မိမိရဲ့ Messenger Room (စကားပြောခန်း) ထဲ ရောက်သွားပါမယ်။
အဆင့် (၄) - Messenger Room ပွင့်လာဖို့အတွက် မိမိကွန်ပျူတာရဲ့ အသံနဲ့ ဗီဒီယို လုပ်ဆောင်ချက်တွေကို ဖွင့်ထားဖို့ လိုအပ်ပါမယ်။
အဆင့် (၅) - ထို့နောက် Messenger Room ရဲ့ Link (လင့်ခ်) ပေါ်လာမှာ ဖြစ်ပြီး လင့်ခ်အား Copy (ကူးယူ) ပါ။
အဆင့် (၆) - လင့်ခ် ကူးယူပြီးနောက် စကားပြောခန်းတွင် ပါဝင်မည့် သူများဆီသို့ ၎င်းလင့်ကို Messenger (မက်ဆင်ဂျာ) မှ တစ်ဆင့် ပို့ပေးပါ။
အဆင့် (၇) - သင်ရဲ့ Messenger Rooms (စကားပြောခန်း) မှ ညာဘက် အပေါ်ထောင့်မှာ ရှိတဲ့ Live (တိုက်ရိုက်လွှင့်တဲ့နေရာ) ကို နှိပ်ပါ။
အဆင့် (၈) - ဖြစ်နိုင်မယ်ဆိုရင် သင့်ရဲ့ Live video (တိုက်ရိုက်လွှင့်မယ့် ဗီဒီယို) ကို ခေါင်းစဉ်တစ်ခုပေးပါ။
အဆင့် (၉) - သင်၏ တိုက်ရိုက်လွှင့်မည့်ဗွီဒီယိုကို ထုတ်လွှင့်လိုသည့်နေရာအား ရွေးချယ်ရန် Share To ကို နှိပ်ပေးပါ။ ထို့နောက် သင်၏ကိုယ်ပိုင်အကောင့်၊ ဖေ့ဘုတ်စာမျက်နှာ၊ ဖေ့ဘုတ်အုပ်စုတစ်ခု စသည်ဖြင့် ရွေးချယ်နိုင်ပါတယ်။
အဆင့် (၁၀) - စကားပြောခန်းအား ကြည့်ရှုမည့်သူများကိုလည်း ရွေးချယ်နိုင်ပါတယ်။
( ဥပမာ - Public (အများပြည်သူ)၊ ဖေ့စ်ဘုတ်မှသူငယ်ချင်းများ၊ မိမိမြင်စေချင်သော သူငယ်ချင်းများ) စသည်ဖြင့်လည်း ရွေးချယ်နိုင်ပါတယ်။
အဆင့် (၁၁) - ပါဝင်မည့်သူများမှ အတည်ပြု/ မပြုကို စောင့်ပေးပါ။ မိမိဖိတ်ကြားထားသူမှ ဝင်ရောက်ရန် အတည်မပြုပါက တိုက်ရိုက်လွှင့်ခြင်းကို စတင်နိုင်မည် မဟုတ်ပါ။ ပါဝင်မည့်သူများမှ အတည်ပြုလက်ခံလျှင် အမှန်ခြစ်ပုံစံလေး ပေါ်လာမည် ဖြစ်ပြီး Start (စတင်မည်) ကိုနှိပ်ကာ တိုက်ရိုက် (Live) ထုတ်လွှင့်နိုင်ပြီ ဖြစ်ပါတယ်။
အဆင့် (၁၂) - တိုက်ရိုက် ထုတ်လွှင့်မှုကို အဆုံးသတ်လိုပါက ညာဘက် အပေါ်ထောင့်တွင် ရှိသော Live ကိုနှိပ်ပါ။ ထို့နောက် End (အဆုံးသတ်မည်) ကိုနှိပ်ပါ။
ဆက်လက်ပြီး Messenger Room (စကားပြောခန်း) မှာ ပါဝင်ရန် ဖိတ်ခေါ်ခံရသောအခါ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ လေ့လာကြည့်ရအောင်
အဆင့် (၁) - Messenger Room (စကားပြောခန်း) ဖန်တီးသူမှ စကားပြောခန်း၏ လင့်ခ်ကို Messenger (မက်ဆင်ဂျာ) မှ တစ်ဆင့် သင့်ဆီကို ပေးပို့ပါလိမ့်မည်။ ထိုလင့်ထဲသို့ ဝင်ရောက်ပါ။
အဆင့် (၂) - လင့်ထဲသို့ ဝင်ရောက်လိုက်သောအခါ စကားပြောခန်းဖန်တီးသူအား တွေ့ရမည် ဖြစ်ပြီး အောက်ခြေရှိ Join as (ချိတ်ဆက်မည်) ဆိုသော နေရာကို နှိပ်ပါ။
အဆင့် (၃) - ထို့နောက် စကားပြောခန်းဖန်တီးသူမှ စကားပြောခန်းအား တိုက်ရိုက် (Live) လွှင့်ခြင်း၌ သင့်ကိုဖိတ်ခေါ်မည်ဖြစ်ပြီး သင့်အနေဖြင့် လက်ခံပါက Join ကို နှိပ်ပြီး ပါဝင်နိုင်ပါတယ်။
အဆင့် (၄) - ဖုန်းအောက်ခြေရှိ မျက်နှာပြင်အား အပေါ်သို့တွန်းလိုက်ပါက သင်၏ မိုက်ကရိုဖုန်းနှင့် ဗီဒီယို လုပ်ဆောင်ချက်များကို အပိတ်/ အဖွင့် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ သင့်အနေဖြင့် စကားပြောခန်းမှ ထွက်လိုပါက အနီရောင်အဝိုင်းထဲတွင် ဖုန်းပါဝင်သော ပုံစံလေးကို နှိပ်ပြီး ထွက်နိုင်ပါတယ်။
ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ အင်တာနက် ပက်ကေ့ချ် ဝယ်နည်း ဆောင်းပါးလေး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေ တစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ....
အင်တာနက် ပက်ကေ့ချ်(Package)ဘယ်လို ဝယ်မလဲ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
အခုဆောင်းရာသီအတွက် ခရမ်းချည်စိုက်ချင်လို့ပါ။ ဘယ်လမှာ စစိုက်ပီး ဘယ်လိုမျိုးမျိုးစိုက်သင့်လဲရှင့် မြေပြင်ကို ဘာတွေလုပ်သင့်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 0 ခု
မတ်ပဲအမြစ်ပွားအပင်သန်အောင်ဘာဆေးသုံးရမလဲ
Sawsamson • ဖြေကြားချက် 0 ခု
မင်းဧရာ ဆရာ/ရေအစိုဓါတ်အနေအထားဘယ်လောက်ပေးဖို့လိုလဲဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
တစ်ပင်းလုံးညိုးခြောက်သေဆုံးရပါသလဲ တစ်ပင်ပြီးတစ်ကူးစပ်သကဲ့သို့ သေဆုံးလျက်ရှိပါတယ် ဘယ်လိုဆေးမျိုးသုံးရမလဲ
Cybergreen • ဖြေကြားချက် 2 ခု
ပဲးခူအနောက်ခြမ်း မာ မိုးစပါ ရိတ်ခြွေစက် ခ ဘဟ်လောက်ရှိလည်းဗျိုု့ ရိပ်ပြီသား လူတေရှိရင်အော်ခဲ့ ပါအုန်း ဘယ်နယ်မာ ဘယ်စျေးနဲ့ ရိတ်ပါတယ် ဆိုတာလေး လည်း ပြေားခဲ့ ပါအုန်းနော် မင်းလှပိုင် စစ်ကွင်းမာတော့ ၁ဧက ၂သိန်း စျေးနဲ့ ယူနေကြတယ် ဗျို့ စပါးကလည်း မြတ်တေမနိုင် စပါးကမထွက်
ကိုကို • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026