Messenger Rooms (စကားပြောခန်း) ကနေ ဖေ့စ်ဘုတ်မှာ ဘယ်လို တိုက်ရိုက်လွှင့်မလဲဆိုတာ လေ့လာကြည့်ရအောင်  

19/10/2020 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

     ဒီတစ်ပတ်ရဲ့ “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာလေ့လာစို့” အစီစဥ်လေးမှာတော့ အွန်လိုင်းကနေ အစည်းအဝေးလုပ်ရင်း တိုက်ရိုက်ထုတ်လွှင့်တဲ့ နည်းလေးကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ စကားပြောခန်း ဖန်တီးတဲ့သူကတော့ ကွန်ပျူတာ ရှိဖို့လိုပါမယ်။ ကွန်ပျူတာသုံးပြီး Messenger Rooms (စကားပြောခန်း) ကနေ တိုက်ရိုက်ထုတ်လွှင့်ဖို့ အောက်ပါ အဆင့်တွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ လေ့လာကြည့်ရအောင်လား ခင်ဗျ။ 

     
      အဆင့် (၁) - စကားပြောခန်း ဖန်တီးမယ့်သူဟာ Google (ဂူးဂဲလ်) ကနေ မိမိရဲ့ဖေ့စ်ဘုတ်အကောင့်ထဲ အရင်ဝင်ရပါမယ်။ 

     အဆင့် (၂) - မိမိရဲ့ Messenger (မက်ဆင်ဂျာ) မှာရှိတဲ့ Messenger Room (စကားပြောခန်း) ဖန်တီးမယ့် နေရာကို သွားရပါမယ်။ 

အဆင့် (၃) - ဒါဆိုရင် မိမိရဲ့ Messenger Room (စကားပြောခန်း)  ထဲ ရောက်သွားပါမယ်။ 

     အဆင့် (၄) - Messenger Room ပွင့်လာဖို့အတွက် မိမိကွန်ပျူတာရဲ့ အသံနဲ့ ဗီဒီယို လုပ်ဆောင်ချက်တွေကို ဖွင့်ထားဖို့ လိုအပ်ပါမယ်။ 



     အဆင့် (၅) - ထို့နောက် Messenger Room ရဲ့ Link (လင့်ခ်) ပေါ်လာမှာ ဖြစ်ပြီး လင့်ခ်အား Copy (ကူးယူ) ပါ။  

     အဆင့် (၆) - လင့်ခ် ကူးယူပြီးနောက် စကားပြောခန်းတွင် ပါဝင်မည့် သူများဆီသို့ ၎င်းလင့်ကို Messenger (မက်ဆင်ဂျာ) မှ တစ်ဆင့် ပို့ပေးပါ။ 

     အဆင့် (၇) - သင်ရဲ့ Messenger Rooms (စကားပြောခန်း) မှ ညာဘက် အပေါ်ထောင့်မှာ ရှိတဲ့ Live (တိုက်ရိုက်လွှင့်တဲ့နေရာ) ကို နှိပ်ပါ။ 

     အဆင့် (၈) - ဖြစ်နိုင်မယ်ဆိုရင် သင့်ရဲ့ Live video (တိုက်ရိုက်လွှင့်မယ့် ဗီဒီယို) ကို ခေါင်းစဉ်တစ်ခုပေးပါ။

      အဆင့် (၉) - သင်၏ တိုက်ရိုက်လွှင့်မည့်ဗွီဒီယိုကို ထုတ်လွှင့်လိုသည့်နေရာအား ရွေးချယ်ရန်  Share To ကို နှိပ်ပေးပါ။ ထို့နောက် သင်၏ကိုယ်ပိုင်အကောင့်၊ ဖေ့ဘုတ်စာမျက်နှာ၊ ဖေ့ဘုတ်အုပ်စုတစ်ခု စသည်ဖြင့် ရွေးချယ်နိုင်ပါတယ်။ 

 

     အဆင့် (၁၀) - စကားပြောခန်းအား ကြည့်ရှုမည့်သူများကိုလည်း ရွေးချယ်နိုင်ပါတယ်။ 

     ( ဥပမာ - Public (အများပြည်သူ)၊ ဖေ့စ်ဘုတ်မှသူငယ်ချင်းများ၊ မိမိမြင်စေချင်သော သူငယ်ချင်းများ) စသည်ဖြင့်လည်း ရွေးချယ်နိုင်ပါတယ်။ 

     အဆင့် (၁၁) - ပါဝင်မည့်သူများမှ အတည်ပြု/ မပြုကို စောင့်ပေးပါ။ မိမိဖိတ်ကြားထားသူမှ ဝင်ရောက်ရန် အတည်မပြုပါက တိုက်ရိုက်လွှင့်ခြင်းကို စတင်နိုင်မည် မဟုတ်ပါ။ ပါဝင်မည့်သူများမှ အတည်ပြုလက်ခံလျှင် အမှန်ခြစ်ပုံစံလေး ပေါ်လာမည် ဖြစ်ပြီး Start (စတင်မည်) ကိုနှိပ်ကာ တိုက်ရိုက် (Live) ထုတ်လွှင့်နိုင်ပြီ ဖြစ်ပါတယ်။ 

     အဆင့် (၁၂) - တိုက်ရိုက် ထုတ်လွှင့်မှုကို အဆုံးသတ်လိုပါက ညာဘက် အပေါ်ထောင့်တွင် ရှိသော Live ကိုနှိပ်ပါ။ ထို့နောက် End (အဆုံးသတ်မည်) ကိုနှိပ်ပါ။ 

     ဆက်လက်ပြီး Messenger Room (စကားပြောခန်း) မှာ ပါဝင်ရန် ဖိတ်ခေါ်ခံရသောအခါ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ လေ့လာကြည့်ရအောင်  

     အဆင့် (၁) - Messenger Room (စကားပြောခန်း) ဖန်တီးသူမှ စကားပြောခန်း၏ လင့်ခ်ကို   Messenger (မက်ဆင်ဂျာ) မှ တစ်ဆင့် သင့်ဆီကို ပေးပို့ပါလိမ့်မည်။ ထိုလင့်ထဲသို့ ဝင်ရောက်ပါ။ 


     အဆင့် (၂) - လင့်ထဲသို့ ဝင်ရောက်လိုက်သောအခါ စကားပြောခန်းဖန်တီးသူအား တွေ့ရမည် ဖြစ်ပြီး အောက်ခြေရှိ Join as (ချိတ်ဆက်မည်) ဆိုသော နေရာကို နှိပ်ပါ။ 


     အဆင့် (၃) - ထို့နောက် စကားပြောခန်းဖန်တီးသူမှ စကားပြောခန်းအား တိုက်ရိုက် (Live) လွှင့်ခြင်း၌ သင့်ကိုဖိတ်ခေါ်မည်ဖြစ်ပြီး သင့်အနေဖြင့် လက်ခံပါက Join ကို နှိပ်ပြီး ပါဝင်နိုင်ပါတယ်။ 



     အဆင့် (၄) - ဖုန်းအောက်ခြေရှိ မျက်နှာပြင်အား အပေါ်သို့တွန်းလိုက်ပါက သင်၏ မိုက်ကရိုဖုန်းနှင့် ဗီဒီယို လုပ်ဆောင်ချက်များကို အပိတ်/ အဖွင့် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ သင့်အနေဖြင့် စကားပြောခန်းမှ ထွက်လိုပါက အနီရောင်အဝိုင်းထဲတွင် ဖုန်းပါဝင်သော ပုံစံလေးကို နှိပ်ပြီး ထွက်နိုင်ပါတယ်။  

     ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ အင်တာနက် ပက်ကေ့ချ် ဝယ်နည်း ဆောင်းပါးလေး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေ တစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ.... 

အင်တာနက် ပက်ကေ့ချ်(Package)ဘယ်လို ဝယ်မလဲ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 



 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်