မိုခါမုန်တိုင်း ဘယ်အဆင့်ရောက်ပြီလဲ၊ မုန်တိုင်းတွေကို ဘယ်လိုမျိုး အဆင့်၊ အရောင်တွေ သတ်မှတ်တာလဲ...
‘ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”အဖြစ်သို့ ရောက်ရှိခဲ့ပြီ’ လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ မေ ၁၁ ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
‘ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”၏ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်’ လို့လည်း မိုးဇလက ပြောထားပါတယ်။
ဒီမုန်တိုင်းဟာ အားအလွန်ကောင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပြီး ကနဦးလမ်းကြောင်းခန့်မှန်းချက် တွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ (Kyaukpyu)တို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၉၀)မှ (၁၀၀)ခန့်အထိ တိုက်ခတ်နိုင်တယ်လို့လည်း မိုးဇလက သတင်းထုတ်ပြန်ထားတာပါ။
ဆိုတော့ မုန်တိုင်းတွေဖြစ်လာပြီဆိုရင် ဘယ်လိုမျိုး အဆင့်၊ အရောင်တွေ သတ်မှတ်တာလဲ? သတိထားသင့်တဲ့အခြေအနေတွေက ဘယ်လိုအချိန်တွေမှာဖြစ်မလဲဆိုတာတွေနဲ့ပတ်သက်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်များကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဆရာဦးဝင်းနိုင် ရေးသားထားတဲ့ဆောင်းပါးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
*မုန်တိုင်းတွေကို ဘယ်လိုအဆင့်သတ်မှတ်တာလဲ..

အခု post မှာတော့ ကျနော်တို့နားထဲမှာ နည်းနည်းရှုပ်ထွေးနေဆဲဖြစ်တဲ့ အရောင်သတ်မှတ်ချက်တွေ အကြောင်း ရှင်းပြပေးချင်ပါတယ်။
သိပ်ရှည်သွားမှာစိုးလို့ စာအရှည်ကြီးတွေနဲ့ မရှင်းပြတော့ဘဲ ခေါင်းစဉ်ငယ်လေးတွေအောက်မှာပဲ ရှင်းပြ ပေးပါမယ်။ ဒါတောင်မှ တော်တော်ရှည်နိုင်ပါတယ်။ တစ်နေရာတည်းက ဗဟုသုတရစေရန်နဲ့ သိမ်းဆည်းရ လွယ်ကူစေရန်အတွက် post တစ်ခုတည်းမှာဘဲ အပြီးတင်ပေးထားပါတယ်။
(၁) မုန်တိုင်းတစ်လုံးရဲ့ ပြင်းအား
လေတိုက်နှုန်း မုန်တိုင်းလေတိုက်နှုန်းပေါ်မှာ မူတည်ပြီး မုန်တိုင်းလေတိုက်နှုန်း ဘယ်လောက်တော့ ရှိနေပြီဆိုတာ မြေပုံနဲ့ စာတွေပေါ်မှာဖော်ပြနိုင်ဖို့ သတ်မှတ်ထားတဲ့ အရောင်တွေ ဖြစ်ပြီးတော့ SAFFIR-SIMPSON WIND SCALE Color Code တွေလို့လည်း မှတ်သားနိုင်ပါတယ်။ ဒီ Color Code မှာ မုန်တိုင်းတစ်လုံးရဲ့ လေတိုက်နှုန်းပြင်းလာတာကို အောက်ပါအတိုင်း နာမည်နဲ့အရောင်တွေ သတ်မှတ်ထားပါတယ်။
#INVEST xx
- အရောင်သတ်မှတ်ချက် မရှိလို့ အပြာနုရောင်ဖျော့ဖျော့နဲ့ဘဲ ပြလေ့ရှိပါတယ်။
- လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မည့် အစပျိုးအခြေအနေ(စောင့်ကြည့်ရမည့်အခြေအနေ)
- In Meteorology, an INVEST (short for investigative area, also called area of interest) is a designated area of disturbed weather that is being monitored for potential tropical cyclone formation.
#လေဖိအားနည်းရပ်ဝန်း Depression
- အပြာနုရောင်ပဲ သုံးကြပါတယ်။
- NEW SAFFIR-SIMPSON WIND SCALE မှာတော့ Tropical Depression - TD လို့ သုံးပါတယ်။
- လေတိုက်နှုန်း စံသတ်မှတ်ချက် - "၃ မိနစ် ဆက်တိုက် တိုက်ခတ်သောလေပြင်း သုညမိုင်နှုန်းမှ တစ်နာရီ ၃၈ မိုင်နှုန်းအထိ ရှိလာခြင်း" (0 to 33 knots)
#အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း Deep Depression
- ခရမ်းနုရောင်ကို သုံးပါတယ်။
- NEW SAFFIR-SIMPSON WIND SCALE မှာတော့ အပူပိုင်းမုန်တိုင်း(Tropical Storm - TS) (မြန်မာနိုင်ငံမိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန - မိုး/ဇလ ကတော့ မုန်တိုင်းငယ်လို့လည်း အမည်ပေးပါတယ်)
- လေတိုက်နှုန်း စံသတ်မှတ်ချက် - "၃ မိနစ် ဆက်တိုက် တိုက်ခတ်သောလေပြင်း တစ်နာရီ ၃၉ မိုင်နှုန်းမှ တစ်နာရီ ၇၃ မိုင်နှုန်း အထိ ရှိလာခြင်း" (34 knots to 64 knots)
#ဆိုင်ကလုန်းမုန်တိုင်း Cyclone
- အစိမ်းနုရောင်ကို သုံးပါတယ်။
- NEW SAFFIR-SIMPSON WIND SCALE မှာ CATEGORY-1 (CAT-1) အဆင့် သတ်မှတ်သော မုန်တိုင်းဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများမှ အလှည့်ကျပေးထားသော အမည်ပေးသည့် လေတိုက်နှုန်းပြင်းအား ဖြစ်ပါတယ်။
- လေတိုက်နှုန်း စံသတ်မှတ်ချက် - "၃ မိနစ် ဆက်တိုက် တိုက်ခတ်သောလေပြင်း တစ်နာရီ ၇၄ မိုင်နှုန်းမှ တစ်နာရီ ၉၅ မိုင်နှုန်း အထိ ရှိလာခြင်း" (64 knots to 83 knots)
#အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Severe Cyclone
- အစိမ်းရင့်ရောင်ကို သုံးပါတယ်။
- NEW SAFFIR-SIMPSON WIND SCALE မှာ CATEGORY-2 (CAT-2)
- လေတိုက်နှုန်း စံသတ်မှတ်ချက် - "၃ မိနစ် ဆက်တိုက် တိုက်ခတ်သောလေပြင်း တစ်နာရီ ၉၆ မိုင်နှုန်းမှ တစ်နာရီ ၁၁၀ မိုင်နှုန်းအထိ ရှိလာခြင်း" (84 knots to 95 knots)
#အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Very Severe Cyclone
- အဝါရောင်ဖြစ်ပါတယ်။
- NEW SAFFIR-SIMPSON WIND SCALE မှာ CATEGORY-3 (CAT-3)
- လေတိုက်နှုန်း စံသတ်မှတ်ချက် - "၃ မိနစ် ဆက်တိုက် တိုက်ခတ်သောလေပြင်း တစ်နာရီ ၁၁၁ မိုင်နှုန်းမှ တစ်နာရီ ၁၂၉ မိုင်နှုန်း အထိ ရှိလာခြင်း" (96 knots to 112 knots)
#အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း(စူပါဆိုင်ကလုန်းမုန်တိုင်း)- Super Cyclone
- လိမ္မော်ရောင်နဲ့ ဖော်ပြပါတယ်။
- NEW SAFFIR-SIMPSON WIND SCALE မှာ CATEGORY-4 (CAT-4)
- လေတိုက်နှုန်း စံသတ်မှတ်ချက် - "၃ မိနစ် ဆက်တိုက် တိုက်ခတ်သောလေပြင်း တစ်နာရီ ၁၃၀ မိုင်နှုန်းမှ တစ်နာရီ ၁၅၆ မိုင်နှုန်းအထိ ရှိလာခြင်း" (113 knots to 136 knots)
#စူပါဆိုင်ကလုန်းမုန်တိုင်း အဆင့်လွန် - Super Cyclone
- အနီရောင်ဖြစ်သွားပါပြီ။
- NEW SAFIR-SIMPSON WIND SCALE မှာ CATEGORY-5 (CAT-5)
- လေတိုက်နှုန်း စံသတ်မှတ်ချက် - "၃ မိနစ် ဆက်တိုက် တိုက်ခတ်သောလေပြင်း တစ်နာရီ ၁၅၇ မိုင်နှုန်း နှင့် အထက်အထိ ရှိလာခြင်း" (137 knots and above)
(၂) မုန်တိုင်းတစ်လုံး ဖြစ်လာရင် သတိပေးချက်တွေ ထုတ်ပြန်တဲ့အခါမှာသုံးတဲ့ အရောင်သတ်မှတ်ချက်များ (WARNING COLOR CODES)

- (က) အဝါရောင်အဆင့် သတိပေးချက် - ဘင်္ဂလားပင်လယ်အော်/ကပ္ပလီပင်လယ်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံဘက်သို့ ရွေ့လျားမှု မရှိသေးသည့် အချိန်
- (ခ) လိမ္မော်ရောင်အဆင့် သတိပေးချက် - ဘင်္ဂလားပင်လယ်အော်/ကပ္ပလီပင်လယ်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံဘက်သို့ ရွေ့လျားမှု ရှိလာသည့် အချိန်(Standby)
- (ဂ) အနီရောင်အဆင့် သတိပေးချက် - ဘင်္ဂလားပင်လယ်အော်/ကပ္ပလီပင်လယ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း/ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ရွေ့လျားပြီး ၄၈ နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းချက်ရှိသည့်အချိန်(Standby)
- (ဃ) အညိုရောင်အဆင့် သတိပေးချက် - ဘင်္ဂလားပင်လယ်အော်/ကပ္ပလီပင်လယ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း/ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်လျှက်ရှိပြီး အလွန်အန္တရာယ်များနေသည့်အချိန်(Standby)
- (င) အစိမ်းရောင်အဆင့် သတိပေးချက် - လေဖိအားနည်းရပ်ဝန်း/ဆိုင်ကလုန်း ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် လုံခြုံစိတ်ချရပြီဖြစ်သည့်အချိန်(ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ - SEARCH AND RESCUE - စတင်ဆောင်ရွက်ရမည့်အချိန်)
Photos Crd_ U Win Naing, မိုး/ဇလ
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
အမာဂျစ်ဆင်
လွန်ခဲ့သော ၃ နှစ် ကအဖြေပြောပေပါဗျာဆရာ
အမာဂျစ်ဆင်
လွန်ခဲ့သော ၃ နှစ် ကမိုခါ ဆိုင်ကလုံးမုန်တိုင်းအခြေအနေသိချင်လိုအခုပြောပြပါ
အမာဂျစ်ဆင်
လွန်ခဲ့သော ၃ နှစ် ကမုန်းတိုင်းကမြန်မာနိုင်ငံဝင်းဖို့ရှိလား
ဆက်စပ်ဆောင်းပါးများ
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
ဆက်စပ်မေးခွန်းများ
စမုံနက်နှမ်းမျိုးက ဆောင်းမှာစိုက်လို့ရလား
Khing Hein • ဖြေကြားချက် 1 ခု
ရက်၉၀စပါးပျိုးထောင်စိုက်လို့ရပါသလားဘယ်လိုစိုက်ရသလဲသိခြင်ပါတယ်
ဦးရွှေပြည်စိုး • ဖြေကြားချက် 1 ခု
ဆောင်မှာစိုက်မှာမိုး ဘယ်နှမ်းမျိုတွေစိုက်ရင်ကောင်မလည်ခင်များ ပြောပေပါအုံးခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
မြေပဲ မိုးဦးကျစိုက်ရင် မြေပဲတေက ပဲ၀မ်းကျဖြစ်နေလို့ အဆေ့တေက စမ်းပဲမဟုတ်ပဲနဲ့ နီကျောင်ကျောင်တေ ၊ဆောင်းပဲကျ ပုံမှန်ပဲ ဘာပြုလို့လဲ
နံပတ်2 • ဖြေကြားချက် 3 ခု
အပင်တေသေတယ်ပိုးကောင်နဲ့ခြတေဘယ်လိုလုပ်ရမလည်း အပင်အားကောင်းဆေးမသိ
ကိုရဲကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....