မုတ်သုံလေစီးကြောင်းများ ဝင်နေပြီဖြစ်ပြီး နောက်သုံးရက်အတွင်း အလယ်ပိုင်းဒေသမှလွဲ၍ တစ်နိုင်ငံလုံး မိုးဆက်ရွာနိုင်

13/05/2022 16:38 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လက်ရှိမှာ မြန်မာနိုင်ငံတွင်းကို မုတ်သုံလေစီးကြောင်းများ ဝင်နေပြီဖြစ်ပြီး နောက်သုံးရက်အတွင်း အလယ်ပိုင်းဒေသနဲ့ ရှမ်းပြည်နယ်ဒေသတချို့ကလွဲလို့ တစ်နိုင်ငံလုံး မိုးဆက်ရွာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ပြောပါတယ်။

“ မေလ ၁၃ ရက်မှာ အနောက်တောင် မုတ်သုံလေဟာ ထိုင်းနိုင်ငံကိုဝင်ရောက်လာပြီး မေလ ၁၅ ရက်မှ ၁၈ ရက်အတွင်း ကပ္ပလီပင်လယ်မှာ အနောက်တောင်မုတ်သုံလေ ပိုမိုအားကောင်းလာမယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသဌာန(TMD)ရဲ့ ဒီနေ့ထုတ်ပြန်ကြေညာချက်မှာ တွေ့ရပါတယ်။ Windy ရဲ့ ECMWF Model ခန့်မှန်းချက်မှာလဲ အနောက်တောင်မုတ်သုံလေစီးကြောင်းအခြေအနေကို တွေ့နေရပါပြီ” လို့ ဦးဝင်းနိုင်က သူ့ရဲ့ဖေ့ဘုတ်အကောင့်ကနေ သတိပေးမှု ပြုလုပ်ထားတာဖြစ်ပါတယ်။

“ အမြင့်ပေ ၂၄၀၀၀ ထိ အနောက်တောင်လေတိုက်နေတယ်။ အနောက်ဘက်က လေတွေတိုက်နေတယ်ပေါ့။ ဆိုတော့ မုတ်သုံလေစီးကြောင်းက ဝင်နေပြီဆိုတာတော့ ပြောလို့ရတယ်။ ထိုင်းကလည်း အတည်ပြုတယ်။ နောက် မြင်ရတဲ့ လေစီးကြောင်းတွေ၊ လေတိုက်ဦးတည်ရာတွေကလည်း ကိုယ့်ဘက်ကို အနောက်တောင်ဘက်ကနေ တိုက်နေတယ်” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့ အာစန်နီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသအချို့မှာ မိုးရွာသွန်းမှုတွေ ဆက်တိုက်ရှိခဲ့ပြီး အဲ့ဒီမုန်တိုင်းနဲ့အတူ အနောက်တောင် မုတ်သုံလေတွေလည်း ပါလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် မိုးကဆက်သွားနိုင်ပြီး မိုးဦးစောသွားနိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

“ မိုးဦးစောမယ့်အနေအထားပဲ။ နောက်နှစ်ရက်သုံးရက်ဆိုရင်ကို မိုးများများ ကျလာနိုင်တော့မယ့်အနေအထားပဲ။ နောက်သုံးရက်မိုးခန့်မှန်းကတော့ အလယ်ပိုင်းဒေသအချို့နဲ့ မန္တလေးတိုင်းနဲ့ဆက်နေတဲ့ရှမ်းပြည်နယ်အနောက်ပိုင်း အဲ့ဒီနေရာတွေလောက်ပဲ မိုးနည်းမယ်။ ဒါတောင် နေရာကွက် မိုးကြီးတာ ရှိနိုင်သေးတယ်။ နောက်ငါးရက်ဆိုရင်တော့ မိုးနည်းနိုင်တာ အလယ်ပိုင်းဒေသလောက်ပဲ ရှိတော့မယ်” လို့ သူက ပြောပါတယ်။

မေလ ၁၈ ရက်ကနေ ၂၄ ရက်အတွင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းကနေ မုန်တိုင်းတစ်ခုဖြစ်လာနိုင်တဲ့အခြေအနေဟာလည်း ဆက်ရှိနေဆဲဖြစ်ပြီး မုန်တိုင်းဝင်ရောက်နိုင်ခြေရှိတဲ့ဒေသအချို့အနေနဲ့ သတိထားနားစွင့်နေသင့်တယ်လို့လည်း ဦးဝင်းနိုင်က သတိပေးပါတယ်။

“ တကယ်တမ်းက ဖြစ်လာနိုင်မယ့်အခြေအနေက အမှန်တကယ်ဆိုရင်တော့ ကြောက်စရာကောင်းတယ်။ အခုအချိန်ကတော့ စောလည်းစောသေးတယ်။ နောက်သုံးရက်လောက်ကျမှ တကယ့်အခြေအနေကို အတည်ပြုလို့ရမှာ။ အခုလောလောဆယ်ကတော့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်လုံးပေါ့။ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း နောက်ပြီးတော့ တနင်္သာရီကမ်းရိုးတန်းထိ ဒီနေရာတွေကတော့ သတိထားပြီး စောင့်ကြည့်နားစွင့်နေရမယ့်အခြေအနေပဲ” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

မုန်တိုင်းဖြစ်နိုင်ခြေရာခိုင်နှုန်းကတော့ နောက်သုံးရက်လောက်အထိ စောင့်ကြည့်ရမယ့်အနေအထားမှာပဲ ရှိနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။

Photo Crd_Win Naing FB

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်