ဖုန်းဘေ လွှဲနည်းနှင့် ဖုန်းဘေ ချေးနည်း

07/09/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ရောက်ရှိလာပြန်ပါပီ ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဖုန်း အသစ်တစ်လုံး ဝယ်မယ်ဆိုရင် စဉ်းစားသင့်တဲ့ အချက်လေးတွေ ဖော်ပြခဲ့တာ မှတ်မိမယ် ထင်ပါတယ် ခင်ဗျ။  ဒီတစ်ခါမှာတော့ တောင်သူဦးလေး ဒေါ်လေးတို့ ဖုန်းသုံးရင်း တစ်ခါတစ်ရံ ဖုန်းဘေ ကိစ္စနဲ့ အခက်အခဲ ကြုံတဲ့ အခါမှာ အသုံးချနိုင်ဖို့ အတွက် ဖုန်းဘေလွှဲနည်းနဲ့ ဖုန်းဘေ ချေးနည်းလေးတွေကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ် ခင်ဗျ။ 

ဖုန်းဘေလွှဲနည်း 

MPT  -     *223*လွှဲမည့်ပမာဏ*လွှဲမည့် ဖုန်းနံပါတ်# Call 

Telenor  -  *979*4# Call

Mytel      -  *966*93# Call 

Ooredoo -  *155**လွှဲမည့်ပမာဏ*လွှဲမည့် ဖုန်းနံပါတ်# Call

ဖုန်းဘေ ချေးနည်း

MPT        -     *800# Call

Telenor    -     *500# Call 

Mytel       -     *588# Call 

Ooredoo  -     *125# Call 

တောင်သူ ဦးလေး ဒေါ်လေးတို့ ဖုန်းအသုံးပြုရတာ အဆင်ပြေကြပါစေ ခင်ဗျ။ နောက်တစ်ပတ် ပြန်လည်ဆုံတွေ့ပါမယ် ခင်ဗျ။ 

ယခင်တစ်ပတ်ကဖော်ပြခဲ့တဲ့ ဖုန်း အသစ်တစ်လုံး ဝယ်မယ်ဆို စဉ်းစားသင့်တဲ့ အချက်တွေပါဝင်တဲ့  ဆောင်းပါလေး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

ဖုန်းတစ်လုံး ဝယ်မယ်ဆိုရင် ဘာတွေသိထားရမလဲ

Facebook Page

 ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်