ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှုမြင့်တက်...တရုတ်နိုင်ငံထံ အများဆုံးဖြစ်

07/02/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ ၂၀၂၂ ဧပြီလကစလို့ ၁၀ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး အများဆုံးတင်ပို့ခဲ့တာကတော့ တရုတ်နိုင်ငံထံဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ စုစုပေါင်း ၂၆၈၈၃၅ မက်ထရစ်တန်ထိ ရှိခဲ့တာဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာလထက် ၄၀၃၉၀ တန် ပိုလာခဲ့တာပါ။ ၂၀၂၂ နိုဝင်ဘာကော၊ ဒီဇင်ဘာကောမှာ ဆန်တင်ပို့မှု အများဆုံးက ဘင်္ဂလားဒေ့ရှ်ဖြစ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့လအတွင်းမှာတော့ ဆန်တင်ပို့မှု အများဆုံးက တရုတ်နိုင်ငံ ဖြစ်သွားပါတယ်။

ဆန်နဲ့ဆန်ကွဲတင်ပို့တဲ့ကုမ္ပဏီအရေအတွက်ဟာလည်း ဒီဇင်ဘာလထက် ၇ ခုပိုများခဲ့ပြီး ၄၉ ခုထိ ရှိခဲ့ပါ တယ်။ ဇန်နဝါရီလအတွင်း ဆန်တင်ပို့မှု ၁၇၁၈၁၁ မက်ထရစ်တန်၊ ဆန်ကွဲတင်ပို့မှု ၉၇၀၂၄ မက်ထရစ် တန် ဖြစ်ပါတယ်။ တင်ပို့မှုမှာတော့ သင်္ဘောနဲ့တင်ပို့မှုက ၂၂၂၄၁၄ တန်ဖြစ်ပြီး ကျန်တဲ့ ၄၆၄၂၁ တန်ကို တော့ နယ်စပ်ကနေ တင်ပို့ခဲ့တာပါ။

ဒီလိုတင်ပို့မှုတွေကနေ ပြည်ပဝင်ငွေရရှိမှုအနေနဲ့တော့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၇ သန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာလည်း ပြီးခဲ့တဲ့ ၁၀ လအတွင်း အမြင့်ဆုံး ဖြစ်ပါတယ်။

ဆန်တင်ပို့ရတဲ့ နိုင်ငံတွေလည်း တိုးလာပြီး စုစုပေါင်း ၂၇ နိုင်ငံထိ တင်ပို့ခဲ့ကာ တရုတ်နိုင်ငံကိုတင်ပို့မှုက တော့ ၅၆၆၇၄ တန်နဲ့ အမြင့်ဆုံးဖြစ်ခဲ့တာပါ။  ဆန်ကွဲတင်ပို့ရာနိုင်ငံကလည်း ၁၄ နိုင်ငံထိဖြစ်လာပြီး အများဆုံးကလည်း ဆန်လိုပဲ တရုတ်နိုင်ငံပဲဖြစ်ကာ ၆၈၇၈၉ တန်ထိ တင်ပို့ခဲ့တာပါ။ နောက်ထပ် ဆန်ကွဲအများဆုံး တင်ပို့ခဲ့တဲ့ ၄ နိုင်ငံကတော့ ဥရောပနိုင်ငံတွေချည်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းမှာတင် ဆန်ဈေးတွေဟာ ဆက်တိုက်မြင့်တက်နေပြီး ယခုဖေဖော်ဝါရီ လလယ်ပိုင်းမှာလည်း သင်္ဘောတင်ပို့ဖို့ရှိနေတယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့် ဈေးကွက်သတင်း အချက်အလက်အဖွဲ့ (AMIA) ရဲ့ သတင်းတစ်ခုအရ သိရပါတယ်။

Photos Crd_MRF

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်