ဆန်ဈေးများ သိသိသာသာတက်၊ မြင့်တက်အောင် ရည်ရွယ်ချက်ဖြင့်လုပ်နေသူများရှိဟု MRF ဆို

25/04/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြည်တွင်းစားသုံးဆန်စျေးနှုန်းများ မြင့်တက်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသူများ ရှိနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) က ဧပြီ ၂၄ ရက်(မနေ့က) မှာ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

‘ ပြည်တွင်းစားသုံးဆန်စျေးနှုန်းများ မြင့်တက်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသူများ ရှိနေသောကြောင့် ဆန်စျေးနှုန်းတည်ငြိမ်စေရန်နှင့် ပစ္စည်းမှန်၊ စျေးနှုန်းမှန် ၊ အရောင်းအဝယ်မှန် ဖြစ်စေရေး ထိန်း ကျောင်းဆောင်ရွက်သွားရန် အသင်းချုပ်အနေဖြင့် ဆန်စပါးကုန်သည်များအသင်း၊ ကုန်စည်ဒိုင်များ၊ ဆန်စက်ပိုင်များ၊ ဆန်ကုန်သည်များ၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်’ လို့ MRF က ထည့်သွင်းပြောကြားထားတာပါ။

‘ကုန်သည်ပွဲစား စက်ပိုင်များ အနေဖြင့်လည်း ရေတိုအကျိုးအမြတ်နှင့် ရေရှည်အကျိုးစီးပွားကို မျှတစွာ ချင့်ချိန်ရောင်းဝယ်ဆောင်ရွက်ကြရန် နှိုးဆော်အသိပေးအပ်ပါသည်’ လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အတက်ပိုင်းမှာ တောက်လျှောက်ရှိနေတဲ့ ဆန်ဈေးတွေဟာ သင်္ကြန်အပြီးမှာလည်း ထပ်တက်လာတာ ဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်းမှာတော့ ရန်ကုန်၊ ဝါးတန်းဈေးကွက်မှာ မနေ့ကထိ ဆန်ဈေးတွေထပ်မတက်ပေမဲ့ ဒီနေ့မှာတော့ သိသိသာသာကြီးကို ဈေးမြင့်တက်သွားပါပြီ။ အထူးသဖြင့် ဆန်ချောဈေးတွေပါ။ (လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက် သတင်းအချက်အလက်အဖွဲ့(AMIA) ရဲ့ ဈေးကွက်ဈေးနှုန်း ပေးပို့ချက်အရ သိရတာပါ)

သင်္ကြန်မတိုင်ခင်ဈေးနှုန်းတွေနဲ့ယှဉ်ရင် ဘယ်လောက်အထိ တက်သွားတယ်ဆိုတာကိုတော့ ပူးတွဲပါ ဇယားကွက်မှာ ကြည့်ရှုနိုင်ပါတယ်။ 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ကတော့ ‘ ပစ္စည်းမှန်၊ စျေးနှုန်းမှန်ဖြင့် ဆန်ဝယ်ယူလိုသော အဖွဲ့အစည်း/အိမ်ထောင်စုများအနေဖြင့် ကုန်စည်ဒိုင်များတွင် ဆက်သွယ်ဝယ်ယူနိုင်ပါသည်။ အခက်အခဲရှိပါက အသင်းချုပ်ရုံး၊ ကုန်စည်ဒိုင်ရုံးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်’ လို့ သူတို့ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။ 

ဒါ့အပြင် ‘ ဆန်စျေးမြင့်တက်စေရန်နှင့် စားသုံးသူပြည်သူများအတွက် စိုးရိမ်ထိတ်လန့်စေရန် လှုံ့ဆော် ဆောင်ရွက်သူများ၊ Online ပေါ်တွင် စိုးရိမ်စိတ် တိုးပွားစေရန် မမှန်သော စျေးနှုန်းများ၊ မမှန်သော သတင်းအချက်အလက် တင်နေသူများအား ဆန်စပါးလောက၏ ရေရှည်အကျိုးအတွက် ဝိုင်းဝန်းစိစစ်ဖော်ထုတ်ပြီး သတိပေးရန် နှင့် စည်းရုံးပညာပေးရန်၊ မထူးခြားပါက သက်ဆိုင်ရာသို့ တင်ပြရန် စီစဉ်ဆောင်ရွက်မည် ဖြစ်ပါသဖြင့် သက်ဆိုင်သူများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးပါရန် အသိပေးထုတ်ပြန်အပ်ပါသည်’ လို့လည်း MRF က သတင်းထုတ်ပြန်ချက်ထဲမှာ ထည့်သွင်း သတိပေးထားပါတယ်။

အဲ့ဒီလို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ရဲ့ သတင်းထုတ်ပြန်ချက်အောက်မှာတော့ လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက  ဆန်စျေးကျစေချင်ရင် မြန်မာငွေတန်ဖိုးမြင့်တက်အောင်လုပ်တာ၊ အလွန်မြင့်တက် နေတဲ့ စက်သုံးဆီဈေးတွေ၊ ဓာတ်မြေဩဇာဈေးတွေ ပြန်ကျအောင်လုပ်တာမျိုးတွေနဲ့သာ ထိန်းသင့်တယ်ဆိုပြီး မှတ်ချက်ပြုထားတာတွေ့ရပါတယ်။

#(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

#(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်