သင်္ကြန်ထမင်းနှင့် သင်္ကြန်ငါးခြောက်ကြော်

08/04/2020 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနှစ်သစ်ကူး အခါသမယ သင်္ကြန်ချိန်ခါ၌ သင်္ကြန်ထမင်းနှင့် သင်္ကြန်စာ (ငါးခြောက်ကြော်)များကို စတုဒိသာအဖြစ် ကျွေးမွေးဧည့်ခံကြသော အလေ့အထရှိကြပါသည်။

အောက်ပြည်၊ အောက်ရွာ မွန်ပြည်နယ်ဘက်တွင် သင်္ကြန်ထမင်းကို သင်္ကြန်ချိန်ခါ၌သာမက တပေါင်းပွဲတော်၊ ကထိန်ခင်း၊ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် ဝါဆိုပွဲများတွင်လည်း သင်္ကြန်ထမင်းနှင့် ကျွေးမွေးကုသိုလ်ယူကြလေ့ရှိပါသည်။

ယခုလို နွေရာသီ ပူပြင်းသောရာသီဥတုဒဏ်ကို ခံနိုင်ရန် ရင်အေးစေမည့် မွန်ရိုးရာ သင်္ကြန်ထမင်း ပြုလုပ်နည်းမှာ -

၁။ မွန်ရိုးရာ သင်္ကြန်ထမင်း ပြုလုပ်ပုံ

သင်္ကြန်ထမင်းအတွက် ဆန်ကို နူးအိလာအောင်ပြုတ်ပြီး ထမင်းကို ဇကာဖြင့် လှုပ်ပြီး စေးနေသောထမင်းများကုန်အောင် ရေအေးနှင့် ထပ်ခါထပ်ခါလောင်းပြီး ရေစစ်ထားရပါသည်။ ရေစစ်ပြီဆိုပါက ရေခဲသေတ္တာထဲ အအေးငွေ့ပေးထားရပါသည်။

 ၂။ သင်္ကြန်ထမင်းနှင့် တွဲဖက်စားရသော ဖယောင်းသင်းရေပြုလုပ်ပုံ

သင်္ကြန်ထမင်းရဲ့ အဓိက အနံ့အရသာမှာ 'ဖယောင်းသင်းရေ' ဖြစ်ပါသည်။

ပြုလုပ်ပုံမှာ -

ဖယောင်းတိုင်မှ ဖယောင်းဖတ်လေးများကို ဓါးပါးလေးနှင့် ခြစ်ယူပြီး ပန်းကန်ပြားပေါ်တွင် ထည့်ထားသော မီးသွေးခဲပေါ် အုံရပါသည်။ ဖယောင်းငွေ့များ လှိုင်လှိုင်တက်လာပါက ခြောက်သွေ့သော အို့းတစ်လုံးကိုယူပြီး စောနက မီးခဲထည့်ထားသော ပန်းကန်ပြားပေါ်သို့ မှောက်အုပ်ပြီး ဖယောင်းငွေ့များ စုယူရပါသည်။ လုံလောက်သော ဖယောင်းငွေ့ရပြီဆိုပါက အို့းကို လှန်ပြီး ရေဆွတ်ထားသော အဝတ်ပါးလေးနှင့် အိုးမျက်နှာဝကို လုံအောင်ချက်ချင်း အုပ်ရပါသည်။ ထို့နောက် အဝတ်ပါးပေါ်မှ အိုးထဲသို့ သောက်ရေကို လောင်းချပြီး အိုးအဖုံးကို အုပ်ထားရပါသည်။ ထိုအခါ ဖယောင်းနံ့သင်းသော ရေကို ရရှိပြီ ဖြစ်ပါသည်။

အိုးထဲမှာ ဖယောင်းရေကို ပုလင်းနဲ့ ထည့်ထားပြီး လိုသလို ရောပြီး ထပ်ပွားပြီး သုံးလို့ရပါသည်။

၃။ သင်္ကြန်ကြော် (သို့) သင်္ကြန်စာ ငါးခြောက်ထောင်းကြော် ပြုလုပ်ပုံ

သင်္ကြန်စာလုပ်ဖို့အတွက် ငါးခြောက်မှာ ငါးကွမ်းရှပ် (ခေါ်)ငညို့ငါးခြောက်က အကောင်းဆုံးဖြစ်ပါသည်။ ရွှေငါးရောင်၊ ကက္ကူရံ၊၊ ငါးဟောက်၊ ငါးပြားကြီး၊ ငါးစာပြတ် ငါးခြောက် များလည်း အသုံးများကြပါသည်။ ပထမဦးစွာ ငါးခြောက်ကို ပြုတ်၊ အရိုးထွင်းပြီး ပွလာအောင် ဆုံနဲ့ ထောင်းရပါသည်။ ပုစွန်ခြောက်ပါထောင်းပြီး ()မျိုးလုံး သမအောင် ရောလိုက်ရပါသည်။ အရသာပိုကောင်းအောင် ဖြစ်ပါသည်။

ထို့နောက် ဒယ်အိုးထဲ ဆီ၊ နနွင်း အနည်းငယ်ထည့်ပြီး ဆီပူလာလျှင် ကြက်သွန်နီ ()လုံး ပါးပါးလှီးထည့်ပြီး စိမ်းစားငါးပိ အနည်းငယ်ထည့်ကာ ဆီသတ်ရပါသည်။ ပြီးလျှင် သရက်သီးစိမ်းကို ခြစ်၊ ခြစ်ထားသော သရက်သီးစိမ်းကို ရေစင်အောင်ညှစ်ပြီးလျှင် ဒယ်အိုးထဲထည့်ကာ ဆီနဲ့ လှိမ့်ကြော်ပြီး ရေစပ်စပ်ထည့်ကာ ဆက်ပြီးမွှေရပါသည်။ ရေခန်းကာ ၃ ပုံ ၁ ပုံ ဖြစ်ပြီဆိုပါက စောနက ငါးခြောက်၊ ပုစွန်ခြောက်ထောင်း အရောကိုထည့်ပြီး ဆက်ကြော်ပါသည်။ ရေခန်းလုနီးပါဖြစ်လာပါက ကြက်သွန်နီ ၄စိပ်ခွဲ (သို့မဟုတ်) ကြက်သွန်နီ အလုံးသေးသေးလေးများစွာကို ထည့်ပြီး မီးလျှော့ပြီး ဆက်ကြော်ရပါသည်။ ကြော်နေစဥ်မှာ ဆား ဟင်းခတ်မှုန့်ကို လိုသလို ထည့်ရပါသည်။ ကိုယ်လိုချင်သော အနေအထားရပြီဆိုပါက မီးဖိုပေါ်ကချပြီး သမအောင်မွှေပေးရပါသည်။ ထိုအခါ အရသာရှိလှပြီး သိပ်မွှေးသော သရက်သီးစိမ်း သင်္ကြန်ငါးခြောက်ထောင်းကြော်ကို ရရှိပါမည်။ ထို့ပြင် ငါးခြောက်ထောင်းကြော်နှင့် တွဲဖက်စားဖို့ ငရုတ်သီး ခြောက်ကို အထောင့်လိုက် ကြွပ်အောင် ကြော်ပြီး အခြောက်ခံထားရပါသည်။

၄။ သင်္ကြန်ထမင်းပြင်ဆင်စားသောက်ပုံ

ရေခဲသေတ္တာထဲရှိ အအေးငွေ့ပေးထားသော ထမင်းပြုတ်ထဲသို့ ဖယောင်းသင်းရည်ကို ထမင်းမြုပ်အောင်ထည့်ပြီး သင်္ကြန်ငါးခြောက်ထောင်းကြော်၊ ငရုတ်သီးထောင့်ကြော်တို့ဖြင့် တွဲဖက်စားသုံးပါက အနံ့၊ အရသာနှင့် ပြည့်စုံပြီး အပူဒဏ်ခံနိုင်သည့် မွန်ရိုးရာ သင်္ကြန်ထမင်းကိ အရသာရှိဖွယ် စားကြရပါသည်။

ဖယောင်းသင်းရည် မလုပ်နိုင်ပါကလည်း ထမင်းပြုတ်ထဲသို့ ရေခဲရေထည့်ပြီး စားသုံးကြပါသည်။ နွေရာသီအခါသမယ နှင့် သင်္ကြန်ထမင်းအေးအေး မွှေးမွှေးလေးက အတွဲညီလှသော စားဖွယ်တစ်ခု ဖြစ်ပေသည်။

ပင်လယ်ပြာ (ငါးဦးစီးဌာန)

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်