အန်တီအောက်စီဒင့် ဆိုတာဘာလဲ

16/12/2019 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အန်တီအောက်စီဒင့်ပါတယ်။ အန်တီအောက်စီဒင့်ပါတယ်။ ဆိုတာမျိုး ပတ်ဝန်းကျင်မှာ တော်တော်ကြားဖူးကြမှာပါ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလို့တောင် သိပ်မပြောကြတော့ပဲ အန်တီအောက်စီဒင့်လို့ ဆိုကြတာပါ။ အဲ့လိုဆိုတော့ ခု ဒီထဲမှာ အန်တီအောက်စီဒင့် ဆိုတာ ဘာလဲ၊ လူတွေကို ဘယ်လိုကူညီသလဲ ဆိုတာကို အောက်မှာ လေ့လာကြည့်ကြရအောင်ဗျာ။

အန်တီအောက်စီဒင့် (Antioxidants) ဆိုတာဘာလဲ?

လူတွေဆီမှာ ဆဲလ်တွေကနေ စွန့်ထုတ်လိုက်တဲ့ စွန့်ပစ်ပစ္စည်းတွေရှိပါတယ်။ သူတို့ကို Free Radical လို့ခေါ်ပါတယ်။ အဲ့ပစ္စည်းတွေ အရမ်းများလာရင်တော့ လူတွေကလည်း မနိုင်တော့ပဲနဲ့ ခန္ဓာကိုယ်ကို ပြန်ပြီးတော့ တိုက်ခိုက်နိုင်ပါတယ်။ အဲ့လို ဆိုရင် ဆဲလ်တွေက ကောင်းကောင်းအလုပ်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အဲ့လိုဖြစ်ပြီဆိုရင် ခန္ဓာကိုယ်အတွင်းပိုင်းက ကြွက်သားတွေ ရောင်ရမ်းတာမျိုး၊ အပြင်ပိုင်းဆိုရင်တော့ နေရောင်ထိတာမျိုး၊ စီးကရက်ငွေ့တွေ ခံရတာမျိုးဆိုရင် အဲ့ Free Radical ထုတ်လုပ်တာတွေက ပိုပြီးတော့ များလာနိုင်ပါတယ်။

များလာရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတော့ နှလုံးနဲ့ ဆိုင်တဲ့ ရောဂါတွေ၊ ကင်ဆာ၊ အဆစ်အမြစ်တွေယောင်တဲ့ရောဂါမျိုး၊ အသက်ရှုလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါမျိုးတွေ၊ မျိုးမအောင်တာမျိုးတွေ၊ ပါကင်ဆန် ရောဂါမျိုး၊ စတဲ့ ရောဂါမျိုးတွေဟာ ဆဲလ်တွေက ဓာတ်တိုးတဲ့ ဖြစ်စဉ်တွေ ကမောက်ကမ ဖြစ်တဲ့အချိန်မျိုးတွေမှာ ဝင်ရောက်လာနိုင်ပါတယ်၊

အဲ့လို ဓာတ်တိုးတာကို ပြန်ပြီးတော့ ဆန့်ကျင်နိုင်တဲ့ ဓာတ်ရှိတဲ့ ပစ္စည်းတွေကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းလို့ခေါ်ပါတယ်။ အဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းဆိုတာက ခုနကပြောခဲ့တဲ့ Free Radicals တွေကို ထိန်းပေးနိုင်တဲ့ပစ္စည်းကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းလို့ခေါ်တာဖြစ်ပါတယ်။

အန်တီအောက်စီဒင့် ဆိုတာ ပစ္စည်းတစ်မျိုးတည်းမဟုတ်ပါဘူး။ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ပစ္စည်းတွေကိုခေါ်တာဖြစ်ပါတယ်။ အဲ့အထဲမှာ

(က) ဗီတာမင် အေ

() ဗီတာမင် စီ

() ဗီတာမင် အီး

() ဘီတာ ကယ်ရိုတင်း

() လိုက်ကိုပင်း

() လူတင်း

() ဆလီနီယမ်

() မဂ္ဂနိစ့်

() ဇီယန်သင်း စတဲ့ပစ္စည်းတွေပါပါတယ်။

ဘာတွေစားရမလဲ

ဝမ်းသာစရာကောင်းတာက အဲ့ပစ္စည်းတွေအကုန်လုံးက အပင်နဲ့ အပင်ထွက်ပစ္စည်းတွေမှာ စုံလင်အောင်တွေ့နိုင်ပါတယ်တဲ့။ အဲ့တော့ အပင်တွေကို ချစ်ပါ။ ဟင်းသီးဟင်းရွက် အသီးအနှံတွေကိုစားပါ။

ဗီတာမင် အေ။ ။ နို့ထွက်ပစ္စည်းတွေ၊ ဥ အမျိုးမျိုး၊ နဲ့ အသည်း တွေကနေ ရနိုင်ပါတယ်။

ဗီတာမင် စီ။ ။ ဘယ်ရီသီး၊ လိမ္မော်သီး စတဲ့ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တော်တော်များများမှာ ပါဝင်ပါတယ်။ ချဉ်တဲ့အရသာဆို ပါတာသေချာသလောက်ရှိပါတယ်။

ဗီတာမင် အီး။ ။ အစေ့အဆန်တွေ၊ နေကြာနဲ့ အခြား ဟင်းသီးဟင်းရွက်ဆီတွေ၊ အစိမ်းရောင်နဲ့ အရွက်တွေ များများပါတဲ့ အသီးအရွက်တွေမှာပါဝင်ပါတယ်။

ဘီတာကယ်ရိုတင်း။ ။ အရောင်တောက်တောက် ရှိတဲ့ အသီးအရွက်တွေ ဥပမာ မုန်လာဥနီ၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ်၊နဲ့သရက်သီး လိုမျိုးတွေမှာ ပါဝင်ပါတယ်။

လိုက်ကိုပင်း။ ။ ပန်းရောင်နဲ့ အနီရောင်ရှိတဲ့အသီးအရွက်တွေမှာပါဝင်ပါတယ်။ ခရမ်းချဉ်နဲ့ ဖရဲသီးလိုမျိုး အသီးတွေပေါ့။

လူတင်း။ ။ ပြောင်း၊ သင်္ဘောနဲ့ လိမ္မော်သီးလို အစိမ်းရောင်နဲ့အရွက်တွေများများပါတဲ့ အသီးအရွက်တွေလို တွေမှာ အများကြီးပါပါတယ်။

ဆလီနီယမ်။ ။ ဆန်၊ ပြောင်း၊ ဂျုံ၊ နဲ့ ဥတွေ၊ စတဲ့ ပစ္စည်းတွေမှာ ပါဝင်ပါတယ်တဲ့။

တစ်ခြား အစားအစာတွေမှာလည်း အန်တီအောက်စီဒင့်တွေပါဝင်နေပါသေးတယ်။ ဘာတွေဖြစ်မလဲဆိုရင်

ခရမ်းသီး၊ ပဲအမျိုးမျိုး၊ ချောကလက်၊ ဇီးသီး၊ စပျစ်သီး၊ လက်ဖက် စတဲ့ စားသောက်စရာတွေမှာလည်း အများကြီး ရနိုင်ပါတယ်။ချက်စားရမလား အစိမ်းစားရမလား

ခရမ်းချဉ်ဆိုရင် ချက်စားလိုက်ရင် ပိုရနိုင်ပါတယ်။ အစိမ်းစားစား ချက်စားစား ()မျိုးလုံးကနေ ရနိုင်ပါတယ်။ အရေးကြီးတာကတော့စားဖို့ပါပဲ။ အများကြီးစားမှာဆိုတော့ အာဟာရတွေ အများကြီး ရမှာပါ။

အဆီတစ်ဝင်းဝင်းနဲ့ ဝက်သား ()ထပ်သားကြီးစားမှ အားတွေရှိပြီး ကျန်းမာတာမျိုးမဟုတ်ပါဘူးနော်။ စိုက်ပျိုးရေးထုတ်ကုန်လေးတွေရဲ့ အစွမ်းက အမဲသား ဝက်သားတွေထက်တောင် ကောင်းနေပါသေးတယ်။ တောင်သူဦးကြီးများ ကျန်းမာ အာဟာရပြည့်ဝပြီး အလုပ်တွေ အောင်မြင်ကြပါစေ။

ထွန်းဝင်းကျော်

https://www.medicalnewstoday.com/articles/301506.php

https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/multimedia/antioxidants/sls-20076428

 

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်