EUက တားမြစ်ပျားပိုးသတ်ဆေးများကို ဗြိတိန်ရဲ့မြစ်များအတွင်း အန္တရာယ်ရှိသောအဆင့်ဖြင့် တွေ့ရှိရ
ဥရောပသမဂ္ဂ အီးယူ (EU) ဆိုတာ နိုင်ငံရေး၊ စီးပွားရေးကိစ္စတွေမှာ ပိုကောင်း၊ ပိုလွယ်ကူပြီး အချင်းချင်းကူနိုင်ဖို့အတွက် ဥရောပထဲမှာ ရှိတဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။
ထိုဥရောပသမဂ္ဂ အီးယူ (EU) က တားမြစ်ထားတဲ့ ပျားသတ်ဆေးများကို ဗြိတိန်အစိုးရက အသုံးပြုခွင့်ပေးထားတဲ့အတွက် မြစ်တွေထဲမှာ အန္တရာယ်ရှိတဲ့အဆင့်အနေအထားနဲ့ တွေ့ရှိထားပါတယ်။
အဆိပ်ရှိတဲ့ နီအိုနီကိုတီနွိုက် (neonicotinoid) နဲ့ သိုင်ယာမီသိုဇမ် (thiamethoxam) တို့ကို သကြားမုန်လာခြံစိုက်ခင်းများမှာ လေးနှစ်ဆက်တိုက် အသုံးပြုခွင့်ပေးတယ်လို့ အစိုးရကနေ အတည်ပြုပေးမှာကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့များနဲ့ တောင်သူတွေက နားစွင့်နေကြပါတယ်။ အခုလိုမျိုး တာဝန်ရှိသူတွေဟာ "သိပ္ပံပညာကို လျစ်လျူရှုပြီး” အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို သုံးစွဲခွင့်ပြုခြင်းအပေါ် "လက်ခံနိုင်စရာမရှိပါဘူး" လို့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး စည်းရုံးလှုံ့ဆော်သူများက ပြောပါတယ်။
စက်တင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်တဲ့ အစိုးရရဲ့ ပိုးသတ်ဆေးဆိုင်ရာ ကျွမ်းကျင်သူများကော်မတီ နောက်ဆုံးအစည်းအဝေးမှာ အဆိုပါကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါ ပိုးသတ်ဆေးတွေကို ဥရောပသမဂ္ဂ အီးယူမှာ လွန်ခဲ့တဲ့နှစ်များစွာကတည်းက ပိတ်ပင်ထားတာပါ။ ဒါပေမဲ့ အရေးပေါ်အခြေအနေမှာတော့ အသုံးပြုခွင့်ပြုထားခဲ့တာပဲ ဖြစ်ပါတယ်။ ယခုအခါမှာ ဗြိတိန်နိုင်ငံဟာ အီးယူကနေ နှုတ်ထွက်လိုက်တာကြောင့် ပိုးသတ်ဆေးဆိုင်ရာ ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းများကို ချမှတ်နိုင်ပြီဖြစ်ပါတယ်။ အီးယူ (EU) ကနေ တားမြစ်ထားတဲ့ ပိုးသတ်ဆေး ၃၆ မျိုးကို ဗြိတိန်နိုင်ငံမှာ အသုံးပြုဖို့ တားမြစ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေမရှိကြောင်း မကြာသေးမီက ပြုလုပ်တဲ့ သုတေသနတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။
အဆိပ်သင့်စေနိုင်သလို မြစ်ကြောင်းတစ်လျှောက်မှာပါ စုပုံလာနိုင်ပြီး အချို့ပမာဏအဆင့်မှာဆိုရင် ရေနေသတ္တဝါတွေကိုပါ အဆိပ်သင့်စေလာနိုင်တာ ဖြစ်ပါတယ်။

Rivers Trust နဲ့ Wildlife and Countryside Link (WCL) တို့ ရှာဖွေတွေရှိခဲ့တဲ့ သုတေသနအသစ်အရ နီအိုနီကိုတီနွိုက် (neonicotinoid) ၁ မျိုး (သို့မဟုတ်) ၅ မျိုးထက်ပိုပြီးတွေ့ရှိရကာ ၎င်းတို့ထဲကမှ ၄ မျိုးကတော့ အီးယူမှာ တားမြစ်ထားတာ ဖြစ်ပါတယ်။ အဆိုပါ ပိုးသတ်ဆေးတွေကို သဘာဝပတ်ဝန်းကျင် အေဂျင်စီ (၂၈၃ နေရာ အနက် ၂၉ ခု) ကနေ စမ်းသပ်စစ်ဆေးခဲ့ပြီး ဗြိတိန်နိုင်ငံရဲ့ မြစ် ၁၀ ခုမှာ ၁ ခုထက်မက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ စမ်းသပ်စစ်ဆေးခဲ့တဲ့ နေရာ ၂၉ ခုရဲ့ ၅၅ ရာခိုင်နှုန်းမှာ ၁ ခု သို့မဟုတ် ၎င်းထက်ပိုသော နီအိုနီကိုတီနွိုက် (neonicotinoid) တွေကို တွေ့ရှိရပြီး ၎င်းပမာဏဟာ ရေနေတောရိုင်းတိရစ္ဆာန်များအတွက် ဘေးကင်းတယ်လို့ မှတ်ယူထားတဲ့ အီးယူရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးစံနှုန်း (EQS) သတ်မှတ်ချက်ထက်ကို ကျော်လွန်နေတာ ဖြစ်ပါတယ်။ စမ်းသပ်လေ့လာခဲ့တဲ့ နေရာတွေရဲ့ ၂၁ ရာခိုင်နှုန်းမှာ ပိုးသတ်ဆေး ၁ မျိုး (သို့မဟုတ်) ၁ မျိုးထက်ပိုပြီးတွေ့ရှိရကာ ၎င်းဟာ လုံခြုံစိတ်ချရတဲ့အဆင့်ထက်ကို ၄ ဆကျော်နေတာလည်း ဖြစ်ပါတယ်။
Ivel၊ Waveney၊ Nene၊ Ouse နဲ့ Tame ကဲ့သို့ မြစ်များအပါအဝင် ပိုးသတ်ဆေးကြောင့် ထိခိုက်မှုအများဆုံးမြစ်တွေကို အင်္ဂလန် အရှေ့ဘက်၊ အင်္ဂလန်အရှေ့တောင်ဘက်နဲ့ အနောက်အလယ်ပိုင်းတို့မှာ တွေ့ရှိရတာ ဖြစ်ပါတယ်။
Wildlife Trusts မှ မြေယာအသုံးချမှု မူဝါဒဆိုင်ရာမန်နေဂျာ Barnaby Coupe က "၂၀၁၈ ခုနှစ်ကတည်းက ဓာတုပစ္စည်းတွေကို တားမြစ်ထားပေမဲ့ ကျွန်တော်တို့ရဲ့ မြစ်တွေနဲ့ ရေလမ်းကြောင်းတွေမှာ နီအိုနီကိုတီနွိုက် (neonicotinoid) ပိုးသတ်ဆေး ပြဿနာတွေနဲ့ လုံးပမ်းနေရတယ်ဆိုတာကို ဒီသုတေသနကနေ ပြသနေပါတယ်" လို့ သူက ပြောပါတယ်။
"နီအိုနီကိုတီနွိုက် (neonicotinoid) ရဲ့ ဆိုးရွားတဲ့အကျိုးသက်ရောက်မှု အထောက်အထားတွေက တစ်နှစ်ထက်တစ်နှစ် ကြီးထွားလာနေချိန်မှာ အစိုးရအနေနဲ့ ဒီဓာတုပစ္စည်းတွေကို ပတ်ဝန်းကျင်ညစ်ညမ်းအောင် ခွင့်ပြုထားတာကို လုံးဝလက်မခံနိုင်ပါဘူး။ ဒီလိုခွင့်ပြုတာဟာ သိပ္ပံပညာနဲ့ အဆိပ်ရှိ နီအိုနီကိုတီနွိုက် (neonicotinoid) တို့ကို ကျေးလက်ဒေသတွေမှာ ထပ်ခါတလဲလဲ အသုံးပြုခွင့်ပေးရာမှာ ကျွမ်းကျင်ပညာရှင်များရဲ့ အကြံဉာဏ်တွေကို လျစ်လျူရှုရာရောက်ပြီး ၎င်းရဲ့ရလဒ်ကတော့ တောရိုင်းတိရစ္ဆာန်တွေ အများကြီးကို လျော့နည်းသွားစေတာ ဖြစ်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
မြေဆီလွှာဆိုင်ရာ အဖွဲ့အစည်းမှစိုက်ပျိုးရေးအကြီးအကဲ Gareth Morgan က "ပျားတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ပိုးသတ်ဆေးများအပေါ် တားမြစ်ပိတ်ပင်မှုကို ဆိုင်းငံ့ထားတာကြောင့် လယ်သမားတွေကိုကူညီဖို့ တစ်နှစ်ပြီးတစ်နှစ် ပျက်ကွက်လာပါတယ်" လို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံရဲ့ တောရိုင်းတိရစ္ဆာန်အရေအတွက် အများအပြား ကျဆင်းလာနေတာကြောင့် အစိုးရအနေနဲ့ ဤကိစ္စရပ်နဲ့ပတ်သတ်လို့ ခေါင်းရှောင်ပြီး လျစ်လျူရှူနေတာကို ရပ်တန့်ဖို့ အရေးကြီးပါတယ်။ အော်ဂဲနစ်နဲ့ စိုက်ပျိုးရေးနဲ့ ဂေဟစနစ်ကို အလေးပေးလုပ်ကိုင်နေကြတဲ့ တောင်သူလယ်သမားတွေဟာ အစားအစာတွေကို ပိုးသတ်ဆေးမပါဘဲ ထုတ်လုပ်နိုင်ကြောင်း သက်သေပြနေကြပြီ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ တောင်သူလယ်သမားအားလုံးကို ၎င်းတို့ရဲ့ လယ်ယာလုပ်ငန်းခွင် တစ်ခုလုံးမှာ သဘာဝနဲ့ လိုက်လျောညီထွေရှိတဲ့ အလေ့အကျင့်ကောင်းများကို ပြောင်းလဲလုပ်ကိုင်နိုင်ဖို့ ကူညီဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ အခြားသော အဆိပ်ရှိပစ္စည်းတွေနဲ့ ဖြေရှင်းတာမျိုးကိုလည်း အလွယ်တကူ လက်လှမ်းမမီအောင် ရပ်တန့်ရမှာဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်၊ စားနပ်ရိက္ခာနဲ့ ကျေးလက်ရေးရာဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက "ကျွန်တော်တို့ရဲ့ ကျယ်ပြန့်လှတဲ့စီမံကိန်းဟာ ရင်းနှီးမြှုပ်နှံမှု၊ စည်းမျဥ်းခိုင်မာမှုနဲ့ တင်းကျပ်တဲ့ စည်းမျဥ်းပြဋ္ဌာန်းခြင်းတို့ကနေတဆင့် ရေထုညစ်ညမ်းမှု အရင်းအမြစ်အားလုံးကို ကိုင်တွယ်ဖြေရှင်းနေတာဖြစ်ပြီး ပိုးသတ်ဆေးအသုံးပြုမှုဟာ လူတွေကိုမထိခိုက်စေဖို့ (သို့မဟုတ်) ကျွန်တော်တို့ရဲ့ မြစ်တွေကို ဆိုးရွားတဲ့အန္တရာယ်တွေ မဖြစ်စေဖို့ အာမခံပေးပါတယ်" လို့ ဆိုပါတယ်။
"ကျွန်တော်တို့ မကြာခင်ပြုလုပ်တော့မယ့် ပိုးသတ်ဆေးဆိုင်ရာ စီမံချက်မှာဆိုရင် ကဏ္ဍအားလုံးမှာ ဘက်စုံပိုးမွှားစီမံခန့်ခွဲမှု (Integrated Pest Management - IPM) ကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပိုးသတ်ဆေးရဲ့ အန္တရာယ်နဲ့ သက်ရောက်မှုများကို လျှော့ချဖို့ကို ချမှတ်သွားမှာ ဖြစ်ပါတယ်။ တောင်သူလယ်သမားတွေကို ပိုးသတ်ဆေးသုံးစွဲမှုကို လျှော့ချပြီး ကျွန်တော်တို့ရဲ့ ရေရှည်တည်တံ့သော စိုက်ပျိုးမွေးမြူရေးဆိုင်ရာ မက်လုံးပေးကမ်းလှမ်းမှုကိုလည်း ချဲ့ထွင်ကာ တောင်သူများအား slurry စီမံခန့်ခွဲမှု (သဘာဝမြေသြဇာ အသုံးပြုနည်းတစ်မျိုး) တိုးတက်စေရန်အတွက် ရန်ပုံငွေ နှစ်ဆကျော် ရရှိထားပြီး ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်လျက် ရှိပါတယ်" လို့တော့ ဆိုထားပါတယ်။
ဇင်ထူးနိုင်
Ref:
https://www.theguardian.com/environment/2023/sep/22/bee-killing-pesticides-unsafe-levels-english-rivers-neonicotinoids
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသတင်း
ဆက်စပ်ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆက်စပ်မေးခွန်းများ
မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီးကြွေနေလို့ပါ
ရှိုင်းထက်အောင် • ဖြေကြားချက် 2 ခု
မြေ၁ဧကနဲ့ဒဿမ၈၀ဆိုရင် ထုံးအိတ်ခန့်မှန်းခြေဘယ်လောက်ထည့်ရလည်းရှင့်
Hnin Nu Wai • ဖြေကြားချက် 1 ခု
ပဲတီစိမ်း ဝါးခမနဲ့မတ်ပဲTBL9ဘယ်တာရေငတ်ဒဏ်ပိုခံပါသလဲခဗျဆရာတိုရာသီဉတုနဲ့ချိန်လုပ်ကမှာမို့ဖြေကြားပေးပါခဗျ🙏🙏🙏
ကိုအောင်မြင့်မြတ် • ဖြေကြားချက် 1 ခု
ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်
Khaing Zin Thet • ဖြေကြားချက် 1 ခု
နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from ဇင်ထူးနိုင်
အားလုံး
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....