စိုက်ပျိုးရေးမှာ ထုံးထည့်ခြင်းက ဘာတွေကောင်းလာမလဲ
ထုံးထည့်ခြင်းက အကျိုးကျေးဇူးအများကြီးရှိပါတယ်။ ချဉ်တဲ့မြေကြီးတွေကို သမအခြေနေ (ကောင်းတဲ့အခြေအနေ) ရောက်အောင် ပို့ပေးနိုင်ပြီး မြေချဉ်ငန်ဓာတ် (pH) ကို ထိန်းပေးတာကြောင့် အထွက်နှုန်းတိုးလာစေပါတယ်။ pH မြင့်ခြင်း နိမ့်ခြင်းတွေကို အာဟာရဓာတ်တွေ အပင်က ရယူမှုဟန့်တာခြင်း အလွန်အကျွံပေးပို့ခြင်းကို ဖြစ်စေတာကြောင့် အာဟာရဓာတ်ချို့တဲ့တာ၊ အဆိပ်သင့်တာတွေကို ဖြစ်စေပါတယ်။ pH ကိုညှိပေးဖို့ လိုအပ်ပါတယ်။
- ထုံးထည့်ပေးခြင်းက ဖော့စဖိတ်နဲ့ မိုလက်ဒီနမ်ချို့တဲ့ခြင်းကနေ သက်သာစေပါတယ်။ မိုလက်ဒီနမ်ဆိုတာ နိုက်ထရိုဂျင် (ပုလဲ) ဓာတ်ကို အပင်က အာဟာရအဖြစ် ပြောင်းလဲပေးတဲ့အနေရာမှာ အဓိကျကပါတယ်။
- မြေကြီးထဲမှာရှိတဲ့ တီကောင်တွေ၊ နိုက်ထရိုဂျင်ဖမ်းပေးတဲ့ ဘက်တီးရီးယားတွေရဲ့ လုပ်ငန်းစဉ်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။
- သစ်ဆွေးဓာတ် (အပင်အကြွန်းအကျန်) တွေ ဆွေးမြေ့ရာကနေ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ဆာလဖာ နဲ့ အနည်းလိုအဟာရဓာတ်တွေ ထွက်လာအောင်လည်း စွမ်းဆောင်ပေးပါတယ်။
- အလူမီနီယမ်နဲ့ မဂ္ဂနိ အဆိပ်သင့်ခြင်းကနေ ကာကွယ်ပေးပြီး အပင်တွေကို ဒီအာဟာရဓာတ်ချို့တဲ့ခြင်းမဖြစ်အောင်လည်း လုပ်ပေးနိုင်ပါတယ်။
- ထုံးမှာ ကယ်လဆီယမ်ဓာတ်ပါပါတယ်။ ကယ်လဆီယမ်ဆိုတာ အပင်တွေကို မာကျောသန်မာစေပါတယ်။ ချို့တဲ့ရင် အပင်ပုတာ၊ အသီးကွဲတာမျိုးတွေ ဖြစ်ပါတယ်။
ချဉ်တဲ့မြေကြီးတွေမှာ မြေသြဇာတွေထည့်ရင် ထည့်သလောက်အပင်ကမရပါဘူး။ ထုံးထည့်လိုက်တဲ့အချိန်မှာ မြေကြီးရဲ့ pH က မျှခြေကို ရောက်သွားတဲ့အတွက် အာဟာရတွေကို အပင်က အလွယ်တကူရယူနိုင်ပါတယ်။ မြေသြဇာကျွေးတိုင်း မထိရောက်တာ ဒီအချက်လည်းပါတာမို့ သိထားဖို့လိုပါတယ်။
ထုံးကို ဘယ်အချိန်တွေမှာ ထည့်သင့်လဲ။
ထုံးက တဖြေးဖြေးချင်းပြိုကွဲတဲ့ဓာတ်ရှိတာကြောင့် အခုထည့် အခုအာနိသင်ပြတာတော့ မဟုတ်ပါဘူး။ မြေကြီးထဲကို ထည့်မယ်ဆိုရင် အပင်မစိုက်ခင် ၁ လလောက် ကြိုထည့်ထားပေးဖို့လိုပါတယ်။ မြေချဉ်ငန်ဓာတ်ပေါ်မူတည်ပြီး လိုအပ်ချက်ကလည်း ကွာတာကြောင့် မြေချဉ်ငန်ဓာတ် (pH) လေးလည်း နှစ်စဉ်တိုင်းပေးနိုင်ရင် ပိုကောင်းပါတယ်။
မြေချဉ်လားမြေငန်လားအလွယ်တိုင်းတာနည်းး ကိုလည်း ထပ်လေ့လာလို့ရအောင် တင်ပေးထားပါတယ်။
မင်မင်း
လွန်ခဲ့သော ၁ ပတ် ကထုံးနိုက်ထရိုဂျင်နဲ့ရောပီးညသိပ်ကျဲပက်ရင်ကောကောင်းလားဗျ
KoNay
လွန်ခဲ့သော ၁ နှစ် ကကျွန်တော်ကတော့နှောက်ချီးနဲ့ထည့်သုံးဘာတယ်မှန်လာဗျ
Saw Ye Yint Thu
လွန်ခဲ့သော ၂ နှစ် ကထုံးကိုတီစူပါနဲ့ပိုတက်နဲ့တွဲပြီးဖြုန်းလို့ရပါသလား
yan paing oo
လွန်ခဲ့သော ၃ နှစ် ကထုံးထည့် မြေကြီးနဲ့သမအောင် ထည်ထိုးပြီးရင် ရေလောင်းဖို့လိုသေးလားဗျာ
theinwin
လွန်ခဲ့သော ၄ နှစ် ကထုံး ကန့် ကိုချက်ပြီးရင် အရည်ဖြန်းပေမယ်ဆိုရင် ရလက်က ဘယ်လောက်ထိရောက်ပါလေး
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 1 ခု
ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံအဖြစ်ထည့်သုံးလို့ရလားဗျ..
kyaw min latt • ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
မဂ်လာပါEM ၁လီတာဗူးကို ၁ဧက အတွက်အကုန်သုံးရမှာလာ ဆေးပုံးတစ်ပုံးကိုဘယ်လောက်ဖျန်းရမလဲဖြေကြားပေးပါ။
bominthu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Thein Soe Min
အားလုံး
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026