ဖရဲသီးစားသုံးခြင်း၏ ကောင်းကျိုးများ

27/04/2020 12:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဖရဲသီးတွင် ရေဓါတ် ၉၂% ပါဝင်သဖြင့် အရည်ရွှမ်းပြီး ချိုမြသော အရသာရှိသောကြောင့် စားသုံးပါက ရင်ကို အေးမြစေပြီး ရေငတ်ပြေစေကာ ခန္ဓာကိုယ်အတွင်းရှိ အပူရှိန်ကိုလည်း လျှော့ချပေးနိုင်ပါသည်။ ထို့ပြင် ခန္ဓာကိုယ်တွင်းရှိ ဆုံးရှုံးသွားသော ရေဓါတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး လူကိုလည်း လန်းဆန်း အမောပြေစေပါသည်။

ဖရဲသီးတွင် အဆီနှင့် ကိုလက်စထရော လုံးဝမပါရှိဘဲ ရေဓါတ် ၉၂% ပါဝင်သည်က ထူးခြားလှပါသည်။ အမျှင်ဓါတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ နှင့် ဗီတာမင်စီဓါတ်များ ပေါကြွယ်လှသည်။ ကယ်လိုရီ အလွန်နည်းပါးသဖြင့် အာဟာရဖြစ်စေပါသည်။ ယခုလို နွေရာသီကာလတွင် ပိုပြီး စားသုံးသင့်ပေသည်။

ဖရဲသီးကို ရှေးယခင်က နွေရာသီကာလတွင်သာ စားရသော်လည်း ယခုတွင် အချိန်တိုင်း စားလို့ရနေပြီဖြစ်သည်။ ဖရဲသီး စားသုံးဖို့ ဖရဲသီးချိုချို ဖရဲကောင်းကောင်းရဖို့ ရွေးချယ်ဝယ်ယူမည် ဆိုပါက -

() ဖရဲသီး အောက်ခြေနားကို ကြည့်ရပါသည်။ ဖရဲသီးအညှာနှင့် မြေပြင် ထိစပ်နေတဲ့ နေရာလေးက ဖြူနေလျှင် ဖရဲသီးကောင်းဖြစ်ပါသည်။ ဝါနေလျှင် ပိုကောင်းတဲ့ ရှယ်ဖရဲသီးကောင်း ဖြစ်သွားပါပြီ။

()ဖရဲသီးအလုံးက ခပ်ရှည်ရှည်ဆိုလျှင် အရည်ရွှမ်းပါသည်။ ပုဝိုင်းဝိုင်းလေးဆို အရသာချိုသည်။ ဖရဲအညှာလေးက ခြောက်သွေ့မနေဘဲ စိမ်းနေလျှင် ဖရဲသီးမမှည့်သေးပါ။ နုနေပါသေးသည်။

() ဖရဲသီးပေါ်က အရေးအကြောင်းညီတာချင်းတူရင်တောင် အရောင်ပိုစိမ်းလေ အရသာပိုချိုလေ ဖြစ်ပါသည်။

() အညှာကောက်တဲ့ ဖရဲသီးက အညှာဖြောင့်တဲ့ဖရဲသီးထက် ပိုချိုတတ်ပါသည်။

() ဖရဲသီးအောက်ဖင်ပိုင်းက အဝိုင်းစက်လေးမှာသေးလေ အခွံပါးလေဖြစ်ပြီး အဝိုင်းစက်ကြီးလေ အခွံထူလေဖြစ်ပါသည်။

ဖရဲသီးစားပေးခြင်းဖြင့်

() နှလုံးကျန်းမာရေး အထူးကောင်းမွန်ခြင်း

() ကျောက်ကပ် ကျန်းမာခြင်း

() အမြင်အာရုံ တိုးတက်ကောင်းမွန်ခြင်း

() သွေးတိုးရောဂါကို သက်သာစေခြင်း

() အသားအရေ ဝင်းပစေခြင်း

() အရိုးကျန်းမာသန်စွမ်းခြင်း

() ကြွက်သားနာကျင်မှုကို ခုခံပေးခြင်း

() ပန်းနာရောဂါတိုက်ဖျက်ပေးခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိစေပါသည်။

ဖရဲသီးတွင် Vitamin – C များစွာပါဝင်သဖြင့် အအေးမိတုပ်ကွေးရောဂါတို့ကို အလွယ်တကူ မဖြစ်ပေါ်စေဘဲ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါသည်။ အနာများကိုလည်း လျှင်မြန်စွာကျက်စေနိင်သည်။ သွားနှင့်ခံတွင်းကိုလည်း ကောင်းကျိုးပြုပါသည်။

အချိုရှောင်ရသော ဆီးချိုဝေဒနာရှင်များအတွက်လည်း ဖရဲသီးမှာ အာသာပြေအချိုဓါတ်စာ ဖြစ်သည်။ ဖရဲသီးထဲရှိအချိုဓါတ်သည် ခန္ဓာကိုယ်ထဲရှိ အင်ဆူလင်(insulin)ကို ထိန်းညှိပေးပြီး သွေးထဲရှိ သကြားပမာဏကို ကျစေသဖြင့် ဆီးချိုရောဂါရရှိသူများလည်း စားပေးသင့်ပါသည်။

ဖရဲသီးတွင် ရေဓါတ်ကြွယ်ဝစွာပါဝင်သဖြင့် ဖရဲသီးစားသုံးပါက မကြာခဏ ဆီးသွားစေသဖြင့် ကျောက်ကပ်ကို သန့်စင်စေပြီး ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးပါသည်။ Uric acid ပမာဏကို လျှော့ချပေးနိုင်စွမ်းရှိပါသည်။

ဖရဲသီးတွင် Vitamin – Aကြွယ်ဝစွာ ပါဝင်သဖြင့် ကြက်မျက်သင့်ရောဂါ၊ မျက်စိအတွင်းတိမ်ဖြစ်ခြင်း စသည့် မျက်စေ့ရောဂါအမျိုးမျိုးအပြင် ဖရဲသီးတွင် ပါဝင်သော Potassium , Magnesium ဓါတ်တွေကြောင့် သွေးတိုးရောဂါကိုလည်း သက်သာစေကြောင်း သိရပါသည်။

ဖရဲသီးအရည်တွင် ပါဝင်သော အော်ဂဲနစ်ဒြပ်ပေါင်းသည် ကိုလက်စထရော (Cholestrol)ကို ကျစေကာ နှလုံးကို ကျန်းမာစေပြီး ခန္ဓာကိုယ်၏ ခံနိုင်ရည် စွမ်းအားကို တိုးတက်ကောင်းမွန်စေပါသည်။

ဖရဲသီးတွင် ပါဝင်သော ဓါတ်ပေါင်းစုတို့သည် အာရုံကြောကိုလည် အားကောင်းစေသဖြင့် နှစ်ခြိုက်စွာ အိပ်မပျော်သူများ၊ မကြာခဏ သတိမေ့တတ်သူများအတွက် ဖရဲသီးသည် အကောင်းဆုံးမှတ်ဥာဏ်အားကို ဖြစ်စေသည်။

အားကစားလုပ်ပြီးချိန်တွင် ခံစားရသည့် ကြွက်သားတောင့်တင်းနာကျင်မှုကို သက်သာစေရန် ဖရဲသီးဖျော်ရည်တစ်ခွက် သောက်ခြင်းဖြင့် သက်သာစေနိုင်ပါသည်။

အနီရောင်ဖရဲသီးထဲတွင် Lycopene ဟု ခေါ်သော ဓါတ်တိုးဆန့်ကျင်ပစ္ဏည်းတစ်မျိုး မြင့်မားစွာပါရှိပြီး ထိုဓါတ်မှာ အဆုတ်ကင်ဆာ ၊ အူကင်ဆာ၊ ရင်သားကင်ဆာ စသည့်နာတာရှည့် အမြစ်တွယ်ရောဂါတို့ကို တားဆီးကာကွယ်ပေးနိုင်ပါသည်။

ဖရဲသီးအစေ့ (ကွာစေ့)တွင် ပရိုတင်း၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီဘယမ်၊ ပိုတက်စီယမ်၊ သံဓါတ်၊ ဖော့စဖိတ် နှင့် သွပ်ဓါတ် စသည့် အာဟာရဓါတ်များ ပါဝင်ပါသည်။

ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာပြုသော ဖရဲသီးမှာ တစ်လုံး, လုံး အသုံးဝင်ပါသည်။ ဖရဲသီးအသားကိုသာ လူတို့စားသုံးကြသည်သာမက ဖရဲစေ့ကိုလည်း ကွာစေ့ပြုလုပ်၍ စားကြပါသည်။ ထို့ပြင် ဖရဲခွံမှာမှာလည်း နွားများကြိုက်နှစ်သက်လှပြီး တိရိစ္ဆာန်အစာအတွက် အသုံးဝင်လှပါသည်။ ကျန်းမာရေးအတွက် လူတိုင်းစားသုံးသင့်သော အသီးအနှံဖြစ်ပေသည်။

ပင်လယ်ပြာ (ငါးဦးစီးဌာန)

ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်