အစာကုန်ကျမှုသက်သာစေသည့် မြက်စားငါးကြင်း မွေးမြူရေး
ရွှေဝါငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ ငွေရောင်ငါးကြင်း၊ မြက်စားငါးကြင်းစတဲ့ ငါးကြင်းမျိုးစိတ်များတွင် မြက်စားငါးကြင်းကို မွေးမြူကြသည်မှာ အချိန်မကြာလှသေးပေ။ မြက်စားငါးကြင်းကို မွေးမြူကြသော ငါးကြင်းမွေးမြူရေးသမားများအတွက် နောင်အခါတွင် အကျိုးဖြစ်ထွန်းရန် အလားအလာများစွာရှိပါသည်။ ဤငါးကြင်းမျိုးမှာ မြက်ကိုစားသဖြင့် အစာကုန်သက်သာခြင်းကြောင့် ဖြစ်ပါသည်။
မြက်စားငါးကြင်းကို မွေးမြူရာတွင် ရွှေဝါငါးကြင်း မွေးမြူသကဲ့သို့ ဆင်တူယိုးမှား ဖြစ်ပါသည်။ မွေးမြူနည်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
မြေနေရာရွေးချယ်ခြင်း
မြက်စားငါးကြင်းမွေးမြူရန် မြေနေရာရွေးလျှင် လမ်းပန်းဆက်သွယ်ရေးကောင်း၍ စျေးကွက်ရှိသောနေရာကို ရွေးချယ်ရပါမည်။ မြေနေရာသည် သဲဆန်သောမြေကို မရွေးရပါ။ မြေစေးကို ရွေးချယ်ရပါမည်။ မြေစေးဖြစ်သောကြောင့် ကန်အတွင်းရှိရေသည် ကြာရှည်ခံပါမည်။ ငါးအတွက်လည်း ပိုမို ကောင်းမွန်ပါသည်။
ရေအမျိုးအစား
အဖန်ဓာတ်များသောရေ ဖြစ်ပါက မွေးမြူရန် မသင့်လျော်ပါ။ အချဥ်ဓာတ်များသောရေ ဖြစ်ပါမူ ပြုပြင်ပြီးသုံး၍ ရပါသည်။ ကန်ရေ၏ ချဥ်ဖန်နှုန်းမှာ (၇.၀ မှ ၈.၅) အထိရှိနေလျှင် အကောင်းဆုံး ဖြစ်ပါသည်။
မွေးမြူကန် အရွယ်အစား
မြက်စားငါးကြင်းမွေးမြူရန်ကန်ကို အလျား ၂၀၀ ပေ၊ အနံ ၁၀၀ ပေရှိ ဧကဝက်ခန့် အကျယ်ဖြစ်အောင်တူးပါ။ တစ်နှစ်ပတ်လုံး ရေအနက် ၄ပေ ရှိနေစေရန် ၆ပေခန့် နက်အောင် ကန်ကိုတူးထားရပါမည်။ ကန်ဘောင်ဖို့လျှင်လည်း ကန်နှုတ်ခမ်းမှနေ၍ ၅ပေ နောက်ဆုတ်ပြီး ဖို့ထားပေးပါ။ ကန်ဘောင် ထိပ်မှနေ၍ အောက်တည့်တည့် ၁တောင် (သို့မဟုတ်) ၁၈ လက်မအကွာတွင် ရေလျှံပေါက်တစ်ခုတပ်ထားပြီး ကန်ဘောင်မပြိုရန် ကန်ဘောင်တွင် မြက်များအပြည့်ကပ်၍ စိုက်ထားပေးပါ။
သြဇာဓါတ်ထည့်သွင်းခြင်း
ကန်ကို ရေမထည့်မီ ထုံးမှုန့် ၁၅၀ ပိဿာကို ဖြန့်ပြီး ဖြူးပေးပါ။ ထုံးမှုန့်ထည့်ပြီးလျှင် ရေထည့်ပါ။ရေထည့်ပြီး တစ်ပါတ်ကြာလျှင် နွားချေး၊ ဝက်ချေး၊ ကြက်ချေး၊ ဘဲချေး စသော မည်သည့် တိရစ္ဆာန်ချေးများကို ဖြစ်စေ ၄ဂါလံဝင်ပုံး ဖြင့် ပုံး ၁၅၀ ထည့်ပေးပါ။
ထို့နောက် ပကန်၊ ဘဲစာ၊ ခွေးမြီးဖုတ် စသော ရေမှော်ပင်များကို တင်းတောင်းဖြင့် ၅တောင်း ထည့်ပေးပါ။ တစ်ပတ်ကြာလျှင် ကန်တစ်ခုလုံး ရေမှော်ပင်များဖြင့် ပြည့်လာပါလိမ့်မည်။ ရေမှော်ပင်များ ပြည့်လာလျှင် မြက်စားငါးကြင်းသားပေါက်များကို ကန်အတွင်းသို့ ထည့်နိုင်ပါသည်။
သားပေါက်ထည့်သွင်းနှုန်း
မြက်စားငါးကြင်းသားပေါက်များကို အခြားငါးမျိုးများဖြစ်သော ငါးကြင်း၊ ငါးသိုင်းငါးများနှင့် ရောမွေးလျှင် ရနိုင်ပါသည်။ မြက်စားငါးကြင်းချည်းသက်သက် မွေးမြူလျှင် ဧကဝက်ခန့်ကျယ်သော ကန်တစ်ကန်တွင် ငါးသားပေါက် ၁၆၅၀ ကောင် ထည့်မွေးနိုင်ပါသည်။
ငါးသားပေါက်များထည့်သောအခါ အရွယ် ၄လက်မအောက် ဖြစ်လျှင်ပိုကောင်းပါသည်။ မြက်စားငါးကြင်းမွေးမြူသော ကန်ထဲတွင် မြက်နှင့်ရေမှော်ပင်များ ပေါက်နေလျှင် အကောင်းဆုံးဖြစ်ပါသည်။
အစာကျွေးနှုန်း
မြက်နှင့်ရေမှော်ပင်များသည် မြက်စားငါးကြင်း၏ အဓိကအစာများ ဖြစ်ကြပါသည်။ ရေမှော်ပင်များကိုစားပြီး မြက်စားငါးကြင်းများကြီးထွားစေလိုပါက ကန်အတွင်းသို့တစ်လတစ်ခါ ရေမှော် ၅တင်း မှန်မှန် ထည့်ပေးရပါမည်။
ဖွဲနု၊ နှမ်းဖတ် ကျွေးလျှင်လည်း ရပါသည်။ တစ်ကောင် လျှင် တစ်ကျပ်သားရှိသော ငါးကောင်ရေ ၁၆၅၀ ကောင် အတွက် တစ်နေ့လျှင် ဖွဲနု နှင့်နှမ်းဖတ် ရောထားသော အစာ ၆၅ ကျပ်သားခန့်ကို ကျွေးပါ။
အချိုးအစားမှာ ဖွဲနု ၅၀ ကျပ်သားနှင့် နှမ်းဖတ် ၁၅ ကျပ်သားကို ရေနှင့်ရောနယ်ပြီး အလုံလုပ်ကျွေးပါ။ ဤအချိုးအတိုင်း ငါးအကောင်ကြီးလာသည်နှင့်အမျှ အစာကို တိုး၍ကျွေးပါ။
ကြီးထွားနှုန်း
မြက်စားငါးကြင်းများသည် မြက်၊ ရေမှော်၊ ဖွဲနု၊ နှမ်းဖတ် တစ်မျိုးမျိုးကို စားရပါက ၁နှစ်အတွင်း မြက်စားငါးကြင်း တစ်ကောင်လျှင် ၆၀ ကျပ်သားအထိ ကြီးထွားလာနိုင်ပါသည်။
ဧကဝက်ရှိသော ကန်တစ်ကန်တွင် မြက်စားငါးကြင်းများ ထည့်၍မွေးမြူပါက တစ်နှစ်အတွင်း မြက်စားငါးကြင်း အချိန် ၉၀၀ ပိဿာကျော် ရရှိနိုင်ပါသည်။

Ref; ငါးလုပ်ငန်းဦးစီးဌာန။
ဆောင်ပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
myokoko
လွန်ခဲ့သော ၁ နှစ် ကသားပေါက်ဘယ်မှာဝယ်ရမလဲဗျ
sar law eh gay
လွန်ခဲ့သော ၃ နှစ် ကကကတစ်နဲ့ရောမွေးရလာ
တိုးနောင်
လွန်ခဲ့သော ၄ နှစ် ကအမရေ က က တစ် ငါးရံ ငါးခူ လေးလဲ တင်ပေးပါအုနး
ကိုထွန်းလင်းအောင်
လွန်ခဲ့သော ၄ နှစ် ကအချဥ်တည်ကွျေးပါ
စိုးနိုင်ထွန်း
လွန်ခဲ့သော ၄ နှစ် ကနေပီယာမြက်ကိုကျွေးမယ်ဆိုရင်ရော အဆင်ပြေမလား ပြီးတော့ နေပီယာမြက်ကို ဒီအတိုင်း ကျွေးရင် ငါး ကြီးထွားနှုန်း အဆင်ပြေမလားဗျ
ဆက်စပ်မေးခွန်းများ
စိုက်ပျိုးရေးတွက်သုံးရေကန်ပါ ငါးထည့်မွေးချင်လို့ဘာငါးမွေးရင်အဆင်ပြေလဲဗျ
ဉီးထွန်း၀င်း • ဖြေကြားချက် 1 ခု
ရွှံ့ဂဏန်းဘယ်လိုမွေးလည်း။အကြယ်အဝန်းဘယ်လောက်ဆိုရလည်း။
အောင်ပိုင်ထွေး • ဖြေကြားချက် 1 ခု
ငါး
Zaw Win Htut • ဖြေကြားချက် 0 ခု
ငါးမွေးမြူဖို့ဘာတွေသိထားသင့်လဲ အခုမှစလုပ်မှာမို့လို့ပါ
Shine Trading And Manufacturing • ဖြေကြားချက် 3 ခု
ငါးခူမွေးချင်တယ် တာပေါ်လင်ကန်နဲ့ပါ မွေးမြူရေးနည်းပညာနဲ့ စနစ်တကျမွေးမြူပြီး ရေအနေအထားတွေဘယ်လိုပြင်ဆင်ရမလဲ သိချင်ပါတယ်။
Aung Lay • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026