တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက် (၃ - ၇.၃ ၂၀၂၅)
ဆန်စပါး
ဆန် စပါးစျေးကွက်ကတော့ စျေးကျနေဆဲဖြစ်ပါတယ်။ ပြည်ပတင်ပို့နေတဲ့ ဧည့်မထ၊ ငစိန်ဆန်ကြမ်းအုပ်စုဝင်ဆန်တွေနဲ့ ပြည်တွင်းစားသုံးတဲ့ဆန်အမျိုးအစားတွေ စျေးကျလာတာဖြစ်ပါတယ်။ ဆန် ၂၄ ပြည်တစ်အိတ်ကို ၅၀၀၀ ကနေ ၁၀၀၀၀ အကြားစျေးကျလာတာဖြစ်ပါတယ်။
ကျန်တဲ့ မကွေးတိုင်းကထွက်တဲ့ ဧရာပဒေသာ၊ ဧရာမင်းနဲ့ စစ်ကိုင်းထွက်ရွှေဘိုပေါ်ဆန်းဆန် အမျိုးအစားတွေကတော့စျေးကျတာမရှိပါဘူး။
စပါးစျေးကလည်း ယခုနှစ်မိုးစပါးအသစ်က တင်း ၁၀၀ ကို သိန်း ၂၀ ကျပ်အောက်အထိစျေးကျနေပါတယ်။ နွေစပါးစျေးကွက်ကလည်း တင်း ၁၀၀ ကို ၁၃ သိန်းခွဲကနေ ၁၅ သိန်းခွဲလောက်အထိသာ ရှိနေတယ်လို့သိရပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ယခုတစ်ပတ်မှာ တစ်တန်ကိုကျပ် သိန်း ၃၀ ကျော်အထိ ဈေးတန်းတက်လာပါတယ်။
အိန္ဒိယကို အခွန်ကင်းလွတ်ခွင့်နဲ့ မတ်ပဲ တင်သွင်းခွင့်က မတ်လကုန်ရင် သက်တမ်းကုန်မှာဖြစ်လို့ ကုန်သည်တွေကအခြေအနေကိုစောင့်ကြည့်ပြီး မတ်ပဲဝယ်ယူနေကြ ပါတယ်။
မတ်ပဲအသစ်တွေလည်း စျေးကွက်ထဲဝင်ရောက်မှုများနေလို့ စျေးကွက်အေးနေတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃၀၀၅၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃၀၁၀၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၄၇၀၀၀ ကျပ်၊ ကြာသပတေးနေ့မှာ ၃၀၅၇၀၀၀ ကျပ်၊ သောကြာနေ့မှာ ၃၀၄၈၀၀၀ ကျပ်ရှိပါတယ်။ တစ်တန်ကို ၄၀၀၀၀ ကျော်လောက်ထပ်အတက်ပြလာပါတယ်။
မန္တလေးဈေးကွက်မှာ မတ်ပဲ ပိဿာ ၆၀ကို ၂၇၀၀၀၀ မှ ၂၇၈၀၀၀ ကျပ်ရှိပါတယ်။
ပဲစဉ်းငုံ
ပဲစဉ်းငုံကလည်း အခုအပတ်မှာ ဈေးတန်းပြန်တက်လာတာတွေ့ရပါတယ်။ တစ်တန်ကို အမြင့်ဆုံး ၃၀၅၅၀၀၀ ကျပ်အထိရှိခဲ့တာဖြစ်ပါတယ်။
ပဲစဉ်းငုံကို အိန္ဒိယက အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပြုထားတဲ့အတွက် စျေးတန်းက ဒီထက်အများကြီးကျဆင်းနိုင်မယ့်အခြေအနေတော့မရှိနိုင်ဘူးလို့ ခန့်မှန်းထားကြပါတယ်။
ပြည်တွင်းမှာတော့ လှောင်လက်သမားတွေအဝယ်ရှိလို့ အရောင်းအဝယ်သွက်နေပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ပဲစဉ်းငုံနီ တစ်တန်ကို ၃၀၂၅၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃၀၅၀၀၀၀ ကျပ် ၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၅၅၀၀၀ ကျပ်၊ ကြာသပတေးနေ့က ၃၀၅၅၀၀၀ ကျပ်၊ သောကြာနေ့မှာ ၃၀၃၃၀၀၀ ကျပ်ရှိတာကြောင့် တစ်ပတ်အတွင်း ၅၀၀၀၀ ကျပ်လောက် အတက်အကျရှိခဲ့ပါတယ်။
အရင်အပတ်သောကြာဈေးနဲ့ အခုအပတ်သောကြာနေ့ဈေးကွက်ယှဉ်ရင် ၄၀၀၀၀ လောက် တက်လာပါတယ်။
မန္တလေးဈေးကွက်မှာ ပဲစဉ်းငုံနီက ပိဿာ ၆၀ ကို၂၈၅၀၀၀ မှ၂၈၆၀၀၀ ကျပ်ရှိပြီး ၃၀၀၀ ကျပ်တက်လာပါတယ်။

ခရမ်းချဥ်
ခရမ်းချဥ်သီးကတော့စျေးဆက်တိုက် ကျလာပြီး လက်ကားစျေးကွက်မှာတင် တစ်ပိဿာကို ၁၀၀၀ ကျပ်သာရှိပါတယ်။
ရှမ်းပြည်နယ်အပြင် အခြားဒေသတွေမှာပါ ခရမ်းချဥ်သီးတွေ အထွက်များပြီးစျေးကွက်ထဲဝင်ရောက်မှုများနေတာကြောင့် စျေးကျဆင်းနေတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်အောင်ပန်းကုန်စိမ်းစျေးကွက်မှာ ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၁၀၀၀ ကျပ်၊ ခရမ်းချဥ်သီး ရှယ်သီးကတစ်ပိဿာကို ၈၀၀ ကျပ်နဲ့ ခရမ်းချဥ်သီးအသေး တစ်ပိဿာကို ၆၀၀ ကျပ်သာရှိပါတယ်။
ဂျင်း
ဂျင်းတက်ကတော့ ပြည်ပတင်ပို့မှုမရှိတဲ့အတွက်ကြောင့် စျေးမတက်ဘဲ အကျစျေးမှာ ငြိမ်နေပါတယ်။
လက်ရှိမှာ ဂျင်းတက်က ပြည်တွင်း စားသုံးမှုသာရှိပါတယ်။ ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ ဂျင်းတက်စျေးက မြေနီဂျင်း အကြီး တစ်ပိဿာကိုမှ ၃၀၀၀ ကျပ်၊ ဂျင်းမြေနီအခက်အလတ် တစ်ပိဿာကို ၂၅၀၀ ကျပ် စျေးရှိပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ
U Yan • ဖြေကြားချက် 3 ခု
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026