ခရမ်းသီး စိုက်ပျိုးနည်း

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ခရမ်းပင်သည် ပူနွေးသော ရာသီဥတုကို နှစ်သက်သည်။ တောင်ပေါ်ဒေသ အေးသောနေရာ မှအပ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် စိုက်ပျိုးနိုင်ပါသည်။ ခရမ်းပင်စိုက်ပျိုးရန် အကောင်းဆုံး အချိန်မှာ အောက်တိုဘာ၊ နိုဝင်ဘာ ဖြစ်ပါသည်။

မြေအမျိုးအစားနှင့် ရာသီဥတု

ခရမ်းပင်အတွက် ဖြစ်နိုင်သမျှ နေရာင်ရသောနေရာကို ရွေးပါ။ သဲဆန်သော မြေမှ နုံးမြေစေး အထိ မြေအမျိုးအစားများများတွင် ဖြစ်ထွန်းနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ဇီဝပစ္စည်း ကြွယ်ဝသည့် ရေနှုတ်ကောင်းသော မြေများကို ပို၍နှစ်သက်ပါသည်။ အချဉ်ဓါတ်ရှိသော မြေအခြေအနေကို အသင့်အတင့် ခံနိုင်ရည် ရှိပါသည်။ မြေအချဉ်ငံဓါတ် ၅.၅ မှ ၇.ဝ အကြားတွင် ဖြစ်ထွန်းပြီး၊ ကယ်လ်စီယမ်ဓါတ် လိုအပ်မှု ရှိပါကလည်း ထုံးထည့်ပေးသင့်ပါသည်။

တစ်ဧကမျိုးစေ့နှုန်း

တစ်ဧကအတွက် မျိုးစေ့ (၃ဝဝ) ဂရမ် လိုအပ်ပါသည်။

မြေဩဇာထည့်ခြင်း

ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းအတွက် အကောင်းဆုံးမြေဩဇာသည် နွားချေး၊ မြေဆွေး နှင့် စီးပွားဖြစ်ထုတ်လုပ်ရောင်းချသော ဇီဝမြေဩဇာများကဲ့သို့ သဘာဝဇီဝမြေဩဇာများ ဖြစ်ပါသည်။ တစ်ဧကအတွက် နွားချေး (၁ဝ)တန်မှ (၁၅)တန်အထိ လိုအပ်ပါသည်။ ဓါတု သို့မဟုတ် ဇီဝ မြေဩဇာများ အားလုံးကို မြေခံအဖြစ် ထည့်သွင်းပေးသင့်ပါသည်။

မြေပြုပြင်ခြင်း

ခရမ်းပင်ကို ပြောင်းရွှေ့စိုက်ပျိုးရပါမည်။ (၃ဝ)ပေ * (၁ဝ)ပေ အရွယ်ပျိုးခင်းနေရာကို ကောင်းစွာ ဆွေးမြေ့ပြီးသော ဇီဝပစ္စည်းများ အသုံးပြု၍ ပြင်ဆင်ပေးသင့်ပါသည်။ ပျိုးခင်းတွင် တန်းကြားကို (၄)လက်မ ထားပေးသင့်ပါသည်။ သေးနုပ်သော အပင်များနှင့် သန်စွမ်းမှုမရှိသော ပျိုးပင်များ ဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန် အပင်ခွဲပေးခြင်းကို ပြုလုပ်ပေးသင့်ပါသည်။

စိုက်ပျိုးခြင်း

ပျိုးပင်များ မူမှန်ရွက် (၅)ရွက် ရရှိသည့်အရွယ်တွင် ညနေပိုင်း၌ စိုက်ခင်းသို့ ပြောင်းရွှေ့ စိုက်ပျိုးသင့် ပါသည်။ ပြောင်းရွှေ့စိုက်ပျိုးခြင်း မပြုလုပ်မီ အပင်ကို ကြံ့ခိုင်ခြင်း ပြုလုပ်ပေးရပါသည်။ ထောက်ခံထားသော အကွာအဝေးမှာ တန်းကြား (၃)ပေမှ (၄)ပေနှင့် ပင်ကြား (၂)ပေမှ (၃)ပေ ဖြစ် ပါသည်။ အပူချိန်မြင့်မားလွန်းလျှင် သို့မဟုတ် အလင်းပြင်းအား များလွန်းလျှင် အစိုဓါတ် ထိန်းပေး ရန်နှင့် ပေါင်းပင်များ ပေါက်ရောက်မှုကို ဟန့်တားပေးရန် ယာယီအရိပ်စင်နှင့် ကောက်ရိုးများဖြင့် မြေပြင်ကို ဖုံးအုပ်ပေးခြင်းတို့ကို မဖြစ်မနေ ပြုလုပ်ပေးရပါသည်။

ပြုစုမှု အလေ့အထ

အသီးများ မြေကြီးနှင့် လွတ်နေစေရန် အပင်မြင့်ပျိုးများကို စိုက်ပျိုးပါ။

ရေသွင်းခြင်း

 သီတင်းတစ်ပတ်လျှင် ရေ (၁)လက်မခန့် ခရမ်းပင်ကို ရေပေးပါ။ အပင်များ စိုက်ပျိုးပြီးပါက အစိုဓါတ်ထိန်းပေးရန်နှင့် ပေါင်းပင်များ ပေါက်ရောက်မှုကို ဟန့်တားပေးရန် မြေဖုံးပစ္စည်းများ ဖုံးအုပ် ပေးခြင်းတစ်ကြိမ် ပြုလုပ်ပါ။

ဖျက်ပိုး

အပင်ညှိုးခြင်း၊ သီးထိုးပိုးနှင့် ခရမ်းလှေးကျိုင်းတို့သည် ခရမ်းတွင် အဓိကကျရောက်သော ရောဂါနှင့် အင်းဆက်များ ဖြစ်ပါသည်။ အင်းဆက်ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းရန် ဒီစစ် ပိုးသတ်ဆေးကို အသုံးပြုပါ။

ရိတ်သိမ်းခြင်းနှင့်အထွက်နှုန်း

 အသုံးပြုရန် လုံလောက်သော အရွယ်ထိ ကြီးလာလျှင် စတင်ခူးဆွတ်ပါ။ အသီးများ ချောမွတ်မှု မရှုံးဆုံးမီ ခူးဆွတ်ခြင်းကို ပြုလုပ်ပါ။ အသီးများ ညိုလာလျှင်၊ ရင့်လာလျှင် သင်သည် အချိန်ကြာရှည်စွာ စောင့်ရပါမည်။ ယေဘုယျအားဖြင့် မျိုးကူးစပ်သန္ဓေတည်ပြီး ရက်(၃ဝ)တွင် ခရမ်းသီးကို ခူးဆွတ်နိုင်ပါသည်။ အသီးခူးခြင်းကို ပုံမှန်ပြုလုပ်ခြင်းဖြင့် အထွက်ကောင်း စေနိုင် ပါသည်။ အထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာ (၅ဝဝဝ) မှ (၇ဝဝဝ) ဝန်းကျင် ရှိပါသည်။ (တစ်ဧက လျှင် (၈ဝဝဝ) မှ (၁၁ဝဝဝ) ကီလိုဂရမ်)။

အင်္ဂလိပ်အမည် - Egg plant or Brinijal

မြန်မာအမည် - ခရမ်းသီး

REF: myanmar.humanitarianinfo.org


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်