ဒီရေတောနောက်ဆုံးခံတပ်ကို ကာကွယ်ရမည့်အချိန်

23/03/2019 10:21 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီရေတောများ၏ နောက်ဆုံး ခံတပ်ဟု တင်စား ခေါ်ဝေါ်သည့် တနင်္သာရီတိုင်းအတွင်းရှိ ဒီရေတောများ ပျောက်ကွယ်ရန် ခြိမ်းခြောက်မှု အသစ်နှင့် ကြုံတွေ့နေသည်။
 

ယင်းသည် ဂေဟစနစ်ကို အ ထောက်အပံ့ပေးသည့် ဒီရေတော များအား ခုတ်ထွင်ရှင်းလင်းကာ ပုစွန် မွေးမြူရေးကန်များအဖြစ် ပြောင်းလဲရန် လုပ်ဆောင်နေခြင်း ကြောင့်ပင် ဖြစ်သည်။

‘‘အခုချိန်က ဒီရေတောတွေ လျော့နည်းနေတဲ့ အချိန်၊ ခုတ် လွန်တောပြတ်တွေနဲ့၊ ဒီရေတော တွေ ပြန်တည်ထောင်ဖို့ လုပ်နေ ကြတာ။ အဲဒီအခြေအနေမှာ ဒီရေတောတွေ ဖျက်ဆီးပြီးမှ ပုစွန်ကန် တွေ လုပ်တာက အင်မတန်မှကို ဆိုးရွားတဲ့လုပ်ရပ်ပဲ’’ဟု ဒီရေတော ထိန်းသိမ်းရေးလုပ်ဆောင် နေသည့် World View Interna- tional Foundation မှ ဒီရေတော ပညာရှင် ဦးဝင်းမောင်က ပြော သည်။

ဆောင်းပါးအပြည့်အစုံဖတ်ရန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်