အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အစွန်းရောက်ရာသီဥတုနှင့် သစ်စိမ်းမြေသြဇာအပင်များ

အစွန်းရောက်ရာသီဥတုနှင့် သစ်စိမ်းမြေသြဇာအပင်များ

Green Way
Green Way • 22/01/2018

ရေဆင်းစိုက်ပျိုးရေးသုတေသန စိုက်ခင်များကို လေ့လာခဲ့ကြရာတွင် ဂျာနယ်အယ်ဒီတာများ၊ စာပေ၊ ဂီတ၊ ဓာတ်ပုံပညာရှင်များ ပါရှိကြပါသည်။ ကြည့်လေရာ မြင်ကွင်းတိုင်းမှာ စိမ်းနေသဖြင့် အံ့သြသည်။ သို့သော် မည်သည့်အပင်များ စိုက်ထားကြမှန်း မသိကြ။ မြင်ဖူးနေကျ စပါးခင်းလည်းမဟုတ်။ ပဲခင်းလည်းမဟုတ်။ မြေပဲနှင့် နှမ်းခင်းလည်းမဟုတ်။ ပြည်ပမှရောက်ရှိလာသော သီးနှံအသစ်အဆန်းဟု ထင်နေကြသည်။ စားရသလား၊ အဝတ်အထည်ရက်လုပ်သည့် အပင်လား၊ ဆီထွက်သည့် အပင်လား အမျိုးမျိုးထင်ကြေးပေးနေ ကြသည်။ သက်ဆိုင်ရာကွင်းတာဝန်ခံက ရှင်းပြမှ “အော်၊ ပိုက်ဆံလျှော်ပင် ဆိုပါလား၊ အခုမှ မြင်ဖူးတယ်၊ မြေသြဇာလုပ်တာ တဲ့ ၊အပင်အတိုင်း မြေကြီးထဲမြှုပ်ရတဲ့ သစ်စိမ်းမြေသြဇာဆိုပါလား” ဟု မှတ်ချက်ပြုကြသည်။

သုတေသန စိုက်ကွင်းများအားလုံး တွင် သီးနှံတမယ်ရိတ်သိမ်းပြီးသည်နှင့် အဆိုပါမြေကွက်တွင် နောက်ထပ်သီးနှံ ထပ်မံမစိုက်ခင် သစ်စိမ်းမြေသြဇာ တစ်မျိုးမျိုးကို စိုက်ပျိုးပြီး မြေကြီးထဲ ထိုးမြှုပ်ထည့်၍ သစ်စိမ်းမြေသြဇာ ပြုလုပ်ကြသည့် အလေ့အထမှာ သုတေသန စိုက်ကွင်းများ၏ လုပ်ကိုင်နေ ကျလုပ်ငန်းဖြစ်သည်။ သစ်စိမ်းမြေသြဇာကောင်းကျိုးကို သိရှိသူများကသာ ဤသို့ပြုလုပ်ကြသည်။ “ဒီလုပ်ငန်းလေးဟာ ရှိသမျှတောင်သူလယ်သမားတွေအားလုံး လိုက်လုပ်နိုင်ရင် သိပ်ကောင်းမှာဘဲ” ဟု တစ်ဦး ကမှတ်ချက်ပြုသည်။

စိုက်ပျိုးမြေကောင်းလာပြီး သီးနှံအထွက် တိုးရေးတွင် သဘာဝမြေဆွေးများများ အသုံးပြုနိုင်မှုမှာ အရေးပါသည်။ ရာသီဥတု ပုံမှန်မဟုတ်ဘဲ ဖြစ်ပေါ်ကြုံတွေ့နေရသော ကာလတွင် မြေကောင်းအောင် ပြုပြင်ရေးမှာ အဓိက လုပ်ကိုင်ရန် ဖြစ်နေပါသည်။ နေပူလျှင်မြေပူသည်၊ နေပူလျှင်ရေပူသည်၊ ရေဆူသည်ဟု ပြောကြသည်။ ပစိဖိတ် သမုဒ္ဒရာ၏ ရေပူစီးကြောင်းသည် ရာသီဥတုကို လွှမ်းမိုးနေပြီ ဖြစ်သည်။ အယ်နီညိုတဖက်၊ လာနီညာတလှည့် ဖြစ်နေကြပြီ။

ရေရှည်တည်တံ့ခိုင်မြဲသော လုပ်ရပ်တွင် သဘာဝမြေသြဇာသည် မြေကောင်းသည်။ “မြေကောင်းအောင် လုပ်နိုင်တာက သဘာဝမြေသြဇာ၊ သီးနှံအထွက်ကောင်း အောင်လုပ်နိုင်တာက ဓာတ်မြေသြဇာ” ဆိုသည်ကိုလည်း တောင်သူလယ်သမားများ ကျယ်ကျယ်ပြန့်ပြန့်သိသင့်သည်။

မြန်မာနိုင်ငံတွင် ၁၉၂၀ ပြည့်နှစ်မှစ၍ ဓာတ်မြေသြဇာစတင်၍ နမူနာစမ်းသပ် အသုံးပြုခဲ့သည်။ ၁၉၅၀ပြည့်နှစ်တွင် ဓာတ်မြေသြဇာများ ပြည်ပမှတင်သွင်း အသုံးပြုခဲ့သည်။ ၁၉၅၇ခုနှစ်တွင် သိသိသာသာ အသုံးပြုလာသည်။ ၁၉၇၀ ပြည့်နှစ်တွင် ဓာတ်မြေသြဇာ အကြောင်းတောင်သူလယ်သမားသိလာကြပြီ။ သုံးလာကြပြီ။ ၂၀၀၀ ပြည့်နှစ်ခန့်တွင် ဓာတ်မြေသြဇာ အသုံးပြုမှု နည်းမှန် စနစ်မှန် မပြုလုပ်ကြ၍ မြေကြီးများ ပျက်စီးလာပြီ။ ဤကြားကာလတွင် သဘာဝမြေသြဇာ တွဲဖက်အသုံးပြုမှု နည်းလာပြီ။ အများဆုံး အသုံးပြုကြသည့် နွားချေးကလည်း ရှားလာပြီ။ နွားကလည်း နည်းလာပြီ။ နွားချေးစျေးကလည်း ကြီးလာပြီ။ သစ်စိမ်းမြေသြဇာကို အသုံးပြုမှုကလည်း နည်းပေးလမ်းပြ နည်းပါးသဖြင့် မသိသူကများသည်။ သိသူကလည်း လုပ်ကိုင်ရမှု၊ အသုံးပြုရမှုတွင် ဓာတ်မြေသြဇာဝယ်ပြီး ထည့်လိုက်ရသလောက်မမြန်၊ မလွယ်ကူ။ ထို့ကြောင့်အသုံးက ဝေးဝေး၊ နှေးနှေးလာသည်။ ကြာလျှင်မြေကြီးသည် ရာသီဥတုပူ၍ တစ်မျိုး၊ သဘာဝမြေသြဇာ နည်း၍ တစ်မျိုးဖြင့် ပျက်စီးစပြုလာပြီ။

ညံပင်သည် သစ်စိမ်းမြေသြဇာ ပြုလုပ်နိုင်သည်။ ညံပေါ၊ ညံဘောက် ၊ညံဖို၊ ညံသိမ်၊ မြစ်ဖုညံ စသည်ဖြင့် ညံမျိုးများစွာ ရှိသည်။ ရှိသမျှညံပင်မှန်သမျှ မြေသြဇာသုံးနိုင်သည်။ ညံပင်၏ပင်စည်နှင့် အမြစ်တွင် မြစ်ဖုများပါရှိတတ်သည်။ အပင်ပေါက်ပြီး တစ်လခွဲ၊ နှစ်လကြာလျှင် ပန်းပွင့်ချိန်ကာလ မြေကြီးထဲ ထယ်ထိုးမြှုပ်ထည့် ရသည်။ ညံမျိုးစေ့ငါးပြည်သုံးလျှင် တစ်ဧကစိုက်ပျိုးနိုင်သည်။ အရွက်အရိုးအပါအပင် ရှစ်တန် မြေထဲသို့ ထည့်လိုက်လျှင် နိုက်ထရိုဂျင် ပေါင် ၉၀ ခန့်ရနိုင်သည်။ ညံမျိုးစေ့ ငါးပြည်ကို စိုက်ပျိုးပြီး မျိုးစေ့ပြန်လည်ရယူလိုပါက မျိုးစေ့ပြည် ၃၀ ရသည်။ မျိုးခံပြည် ၃၀ သည် စပါးစိုက်ခင်းခြောက်ဧကကို သစ်စိမ်းမြေသြဇာ ကျွေးနိုင်သည်။

မိမိတို့ မြင်တွေ့လေ့လာခဲ့သော သစ်စိမ်းမြေသြဇာ ပြုလုပ်နီုင်သည့် ပိုက်ဆံလျှော်ပင်သည် အပင်အမြင့် လူခါးစောင်းခန့်ရှိနေပြီ။ အပွင့်ဝါဝါလေးများ ပွင့်နေပြီ။ မကြာခင် ထယ်ထိုး၍ မြေမြှုပ်ပြီး မြေသြဇာယူကြတော့မည်။ စိုက်ချိန်က မြေကိုထယ်တစ်စပ်ထိုးပြီး ပိုက်ဆံလျှော်မျိုးလေးပြည်ဖြင့် တစ်ဧက စိုက်ခဲ့ကြသည်။ မျိုးခံသောစိုက်ကွက်တွင် တန်းကြားနှစ်ပေခွဲဖြင့် အတန်းလိုက်စိုက်ကြသည်။ သစ်စိမ်းမြေသြဇာ ရယူသော အပင်များသည် ထယ်ထိုးမြေမြှုပ်ချိန်မှာ အရေးကြီးသည်။ သက်တမ်းကြာလေ သစ်စိမ်းအထွက်ပိုကောင်းလေ ဖြစ်သော်လည်း ပင်စည်၊အကိုင်း၊အခက်များ အရိုးရင့်သွားချိန် စောင့်ရသည်။ ပန်းပွင့်ချိန်နှင့် သီးတောင့်စချိန်စောင့်ရသည်။ အသီးတောင့်ဖြစ်ချိန်၌ သီးလုံးဖောက်ပိုး ပိုးကျနိုင်သည်။ အပင် လည်းရင့်သွားသဖြင့် ဆွေးမြေ့ချိန်ကြာသည်။ ပိုက်ဆံလျှော်ပင်ကို စိုက်ပျိုးပြီး ရက်၄၀နှင့် ၄၅ရက်သားတွင် ထယ်ထိုးမြေမြှုပ်ကြသည်။ ထယ်ထိုးမြေမြှုပ်ပြီး ၁၀ရက်မှ ၁၄ရက်ကြာလျှင် ဆွေးမြေ့ပြီး မြေသြဇာဖြစ်သွားသည်။  ပြီးမှစိုက်ချင်သောသီးနှံကို ထပ်မံစိုက်သဖြင့် မြေသြဇာရသည်။

သစ်စိမ်းမြေသြဇာ ရရှိနိုင်သော အပင်များမှာ ပိုက်ဆံလျှော်ပင်၊ ညံပင်၊ ဘောစကိုင်းပင်၊ထိကရုံးပင်၊ ကုက္ကိုရွက်၊ မဲရိုင်းပင်၊ ပဲမျိုးစုံ အပင်များ၊ အရွက်ဖားဖား အပင်များဖြစ်သည်။ ပိုက်ဆံလျှော်ပင် တစ်ဟက်တာသည် ရက်၃၀ တွင် ထယ်ထိုးမြေမြှုပ်လျှင် မြေဆွေး၈၆ ကီလိုဂရမ် (၅၂ ပိဿာ) ရရှိပြီး ၄၅ ရက်သား၌ မြေမြှုပ် လျှင် ၂၂၅ ကီလိုဂရမ် (၁၃၇ ပိဿာ) ရရှိသည်ဟုလည်း မှတ်သားဖူးသည်။ သိသူဖော်စား၊ မသိသူကျော်သွားဟုပြောကြသည်။ သိရှိကြသော သုတေသီများက သစ်စိမ်းများကို မြေသြဇာ ပြုလုပ်ကြသည်။ သစ်စိမ်းရရှိနိုင်သော အပင်များကို စိုက်ခင်းတွင် ကြိုတင်စိုက်ပြီး မြေသြဇာပြုလုပ်ကြသည်။ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ မသိသူကလည်း မသိကြသေးပေ။ သိသူနှင့်မသိသူများကြားတွင် နည်းပညာပေးမှု၊ လက်တွေ့သရုပ်ပြသမှုများကို များများပြုလုပ်ပေးသင့်ပါပြီ။

ဤသည်မှာ စမ်းသပ်စရာမဟုတ်ပါ။ လိုက်လုပ်လျှင် သိသိသာသာ အကျိုးရှိသော လုပ်ငန်းတစ်ခုဖြစ်သည်ကို မိမိတို့ မြင်တွေ့လေ့လာခဲ့ရပါကြောင်း ရေးသားလိုက်ရပါသည်။

ကိုးကား-စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရများအသင်းမှ ထုတ်ဝေသော စာအုပ်မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။

Hnin Yu Wai

Hnin Yu Wai

လွန်ခဲ့သော ၈ လ က

မြေတွေကို ဘယ်လိုပြုပြင်သင့်လဲ

Kyaw Kyaw Oo

Kyaw Kyaw Oo

လွန်ခဲ့သော ၃ နှစ် က

နီးစပ်ရာမြို့နယ်ရုံများတွင် မေးဝယ်ပါ။

aunglha

aunglha

လွန်ခဲ့သော ၄ နှစ် က

ပိုက်ဆံ လျှော်မျိုးဘယ်မှာရနိုင်မလဲဗျ ရှာနေတာကြာပြီ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ခရမ်းချဥ်ပင်မှာဖြစ်တဲ့ နှောင်းပင်နာကျရောဂါ ၊ ခါးရိရောဂါ ၊ဒေါင်းနီးရွက်ခြောက် ၊ပင်စည်နက်ရောဂါ အတွက် ( Metalaxyl )မက်တယ်လက်စီ ကိုအခြားမည်သည့်ဆေးနဲ့မှ မရောစပ်ဘဲ တစ်မျိုးထဲ အသုံးပြုမယ်ဆိုရင် ဖြစ်လာမယ့်ရောဂါတွေကို ကာကွယ်ကုသနိုင်စွမ်းရှိမရှိသိချင်ပါတယ်ဗျာ။ နားလည်သိကျွမ်းတဲ့ ဆရာကြီးများ ကျေးဇူးပြုပြီး ကျနော့ကိုပြောပြပေးကြပါဗျာ ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းမြေဆီကျွေးနည်းလေးသိချင်လို့ပါဗျ ရက်၊လ၊လေးပြောပေးပါလားဗျ

htike thu • ဖြေကြားချက် 1 ခု

မတ်ပဲ ရေလိုက်ကြဲမလို့ ပေါင်းသက်ဆေး ထိုးပီ ကြဲလိုက်လို့ အဆင်ပြေမလား ခုတ်ဖုံးလုပ်ဖို့ကျ မြတ်ရမ်းခတွေနဲ့ အဖိုးအခတွေပိုများသွားမလာလို့ အကြံပြုပါ

ကိုကောင်းကြီး • ဖြေကြားချက် 1 ခု

ဆရာ ဘက်တီးရီးယားလားဆရာ ကြည့်ပေးပါအူး မှိုးဆေးတော့ ၄ ကြိမ်ရှိနေပီဗျ ဘက်တီးရီးယားဆေးတော့မဝင်ရသေးဘူးဆရာ ဒီနောက်ပိူင်း အမိုင်နို ကယ်စီပလပ် မင်းသား ရှယ်ပီကေ တစ်လှည့်စီဖျန်းနေတာ အပွင့်လေးတွေတော့ထပ်လိုက်လာတယ်ဗျ

U Yan • ဖြေကြားချက် 10 ခု

ဂန္ဓမာအောက်ရွက်ကျအရမပ်နဲနဲပုအဖူးကပ်ချင်နေပြီအောက်ခြေအရွက်ထွက်နိုင်ျသးလားအရပ်ရှည်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။