ပဲစျေးနှုန်းများတည်ငြိမ်နေ

08/06/2019 18:18 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုရက်ပိုင်းအတွင်း မြန်မာ့ပဲစျေးနှုန်းများမှာ တည်ငြိမ်နေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။

မြန်မာ့ပဲတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစဉ်းငုံစျေးနှုန်းများမှာ အခုရက်ပိုင်းအတွင်း ပြောင်းလဲမှုမရှိပဲ တည်ငြိမ် နေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦး က ပြောပါတယ်။

“ မတ်ပဲစျေးနှုန်းရော ပဲစဉ်းငုံစျေးနှုန်းရော တည်ငြိမ်နေတယ်။ အရင်လကပဲစျေး နှုန်းတွေက ဝယ်လိုအားကြောင့် စျေးနှုန်းတက် လာခဲ့ပေမယ့် ဒီရက်ပိုင်းအတွင်းမှာ ပဲစျေးနှုန်းတွေက အပြောင်းအလဲမရှိပါဘူး။ အခုလဆန်းပိုင်းမှာပဲ စျေးနှုန်းတွေက အပြောင်း အလဲမရှိပဲ တည်ငြိမ်နေတယ်”

မတ်ပဲ ၈၅၀၀၀၀ ကျပ်မှ ၈၅၅၀၀၀ ကျပ်ရှိနေပြီး ပဲစဉ်းငုံအဟောင်းတစ်တန်ကို ၉၄၀၀၀၀ ကျပ် နဲ့ ပဲစဉ်းငုံအသစ် တစ်တန်ကို ၁၀၀,၃၀၀၀ ကျပ် ရှိနေကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့ပဲကို အိန္ဒိယနိုင်ငံကို အဓိကထားတင်ပို့နေပြီး ပါကစ္စတန် စတဲ့နိုင်ငံများကိုလည်း တင်ပို့နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်