စိုက်ပျိုးစရိတ်ချေးငွေ နှစ်စဉ် ရာနှုန်းပြည့်ပြန်ဆပ်ခြင်းမရှိဟု စီမံဘဏ္ဍာဒုဝန်ကြီးဆို

13/11/2019 10:45 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တောင်သူလယ်သမားများအနေဖြင့် နိုင်ငံ‌တော်သို့ စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ရာတွင်  အကြောင်းအမျိုးမျိုးကြောင့် နှစ်စဉ် ရာနှုန်းပြည့်ပြန်ဆပ်နိုင်ခြင်းမရှိကြောင်း  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြော သည်။ 

နိုဝင်ဘာလ ၈ ရက်က ရန်ကုန်မြို့ရှိ Chatrium Hotel တွင် DaNa Facility နှင့် မြန်မာနိုင်ငံ ဘောဂဗေဒအသင်းတို့ ပူးပေါင်းကျင်းပသည့် ငွေရေးကြေးရေးကဏ္ဍဖြင့် စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်မြှင့်တင်ခြင်း (မူဝါဒ၊ လက်တွေ့ဆောင်ရွက်မှုနှင့် အများပါဝင်နိုင်မှု) အလုပ် ရုံဆွေးနွေးပွဲ၌ ဒုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည် ။ 

"ဒါက နှစ်စဉ်၊ နှစ်စဉ် သွားနေတာဆိုတော့ အမြဲတမ်းရှိပါတယ်။ ဒီနှစ်အတွက်ကတော့ ဘယ်လောက်ကျန်တယ်ဆိုတာ စာရင်းဇယား အချက်အလက်‌တွေကတော့ ရှိတာပေါ့။ နှစ်တိုင်း၊ နှစ်တိုင်းကတော့ ရာနှုန်းပြည့်အကုန်လုံး ပြန်ဆပ်သွားပြီဆိုတာတော့မရှိဘူး။ နည်းနည်းပါးပါး ကျန်တာရှိမယ်။ အများစုက ပြန်ဆပ်ပြီးသွားပြီ။ ပြီးရင် နည်းနည်းပါးပါး ကျန်တာရှိမယ်။ ရှေ့နှစ်ထပ်ခါအတွက် ဆက်သွားတယ်။ အဲ့လိုပဲ သွားနေကြတာပေါ့။" ဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။ 

လက်ရှိတွင် အစိုးရအနေဖြင့် တောင်သူများအား စိုက်ပျိုးရေးစရိတ်ချေးငွေ ထုတ်ချေးခြင်းကို တိုးမြှင့်လုပ်ဆောင်နေသလို ချေးငွေပမာဏကိုလည်း နှစ်စဉ်တိုးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။ 

"သီးနှံဈေးမကောင်းတဲ့အခါမှာ သူလည်း ပြန်ဆပ်ရခက်သွားတယ်။ ဘဏ်တွေလည်း သူကို ပြန်ချေးဖို့က ဘဏ်ဆိုတာကလည်း ဒီချေးငွေ ပြန်ရတဲ့အခါမှ နောက်လူကို ပြန်ချေးရမယ်။ အဲ့လိုမျိုးနဲ့ လည်ပတ်နေတာပေါ့။ ဈေးမကောင်းလို့ ပြန်မဆပ်ဘူးဆိုရင် အားလုံးခ က်ကုန်မှာပေါ့။ ဒါကြောင့် ပြန်ဆပ်နိုင်တဲ့သူကလည်း ပြန်ဆပ်ရမယ်။ ဆပ်တဲ့သူတွေရဲ့ ငွေတွေကို ကျန်တဲ့သူတွေကိုလည်း ဘဏ်တွေက ထပ်ချေးပေးရမယ်။ မဆပ်နိုင်တဲ့သူတွေကလည်း ဆပ်နိုင်အောင် ကြိုးစားရမယ်။ နိုင်ငံတော်ကလည်း သီးနှံဈေးကို ထိန်းနိုင်အောင် အခြားသော အစီအစဉ်တွေနဲ့ ပံ့ပိုးပေးရပါမယ်။" ဟု ဦးမောင်မောင်ဝင်းက ပြောသည်။ 

ယင်းအပြင် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)မှ Two-Step Loan ချေးငွေရယူ၍ တောင်သူများအတွက်လိုအပ်သော သွင်းအားစု စက်ပစ္စည်းများအပြင် သယ်ယူပို့ဆောင်ရေးယာဉ်များ ဝယ်ယူနိုင်ရန်အထိ အတိုးနှုန်းသက်သက်သာသာဖြင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ ကြောင်း သိရသည်။ 

ယခုနောက်ပိုင်းကာလတွင် ဆန်စပါးအပြင် အခြားသီးနှံများအတွက်ကိုလည်း စိုက်ပျိုးစရိတ်များ တိုးမြှင့်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမြင့်(ABM)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်