ကမ်းဝေးငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် ရေလုပ်သားများ ဘေးအန္တရာယ် ကင်းရှင်းစေရေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးနေ
ရေလုပ်သားများ၊ လှေပိုင်ရှင်များ၊ ငါးတင်ငါးချ လုပ်သားများ၊ ပဲ့နင်းကြီး၊ ပဲ့နင်းငယ်များ အစရှိသည့် ကမ်းဝေးငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရည်ရွယ်ကာ သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
သင်္ဘောပေါ်မှာ လှေပေါ်မှာ နေထိုင်မကောင်းဖြစ်တဲ့အခါ တခြားလူတွေလို သူတို့မှာက ချက်ချင်း ဆေးရုံဆေးခန်းပြေးပြလို့မရဘူးလေ။ ဒါ့ကြောင့် First-Aid လို့ခေါ်တဲ့ ရှေးဦးသူနာပြုနည်းတွေကို သင်ပေးတယ်။ နောက်တစ်ခုက မသိနားမလည်လို့ ဖြစ်သွားတတ်တဲ့ မီးလောင်မှုတွေနဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေ သင်ကြားပေးတယ်။ ရေလုပ်သားတွေ အသိပညာတိုးပွားလာအောင် နိုင်ငံတော်ကသင်တန်းပေးတာပါ။ Covid-19 Economic Relief Plan ထဲက မြန်မာ့ငါးလုပ်ငန်းကဏ္ဍ ရဲ့ Action Plan တစ်ခုအနေနဲ့ အခုလိုမျိုးသင်တန်းတွေကို ရည်ရွယ်ဖွင့်လှစ်ပေးနေတာ ဖြစ်ပါတယ်။
ဟု ငါးလုပ်ငန်းဦးစီးဌာန (ရန်ကုန်တိုင်း) တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာဒေါ်ယဉ်ယဉ်မိုးက ပြောသည်။
IUU & Responsible Fishing Techniques for Fishing Boat Skipper တရားမဝင် ငါးဖမ်းဆီးခြင်းနှင့် တာဝန်သိစိတ်ဖြင့် ငါးဖမ်းဆီးခြင်းဆိုင်ရာနည်းစနစ်သင်တန်း (၄/၂၀၂၀) သင်တန်းကို ၂၀၂၀ ခုနှစ် သြဂုတ်လ (၁၀) ရက်က ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (ကြို့ကုန်း) ၌ ဖွင့်လှစ်ပို့ချခဲ့သည်။
သင်တန်းတွေတက်ရောက်တဲ့အတွက် သင်တန်းသားတွေဟာ ဘယ်လိုမျိုး ဘေးရန်မဖြစ်အောင် ဆောင်ရမလဲ ရှောင်ရမလဲ သိလာကြတယ်။ ဒီသင်တန်းတွေ တက်ရောက်တဲ့အတွက် အသိပညာ ဗဟုသုတတွေရလာပြီး၊ အရမ်းကို အထောက်အကူဖြစ်တယ်။ ဘာသာရပ်အလိုက်က လုံးဝတန်ဖိုးမဖြတ်နိုင်ဘူးပေါ့နော်။ လှေပိုင်ရှင်တွေ၊ ငါးတင်ငါးချ လုပ်သားတွေ၊ ရေလုပ်သား ပဲ့နင်းတွေအနေနဲ့က အခုလိုသင်တန်းတွေ တက်ခွင့်ရတာကို နိုင်ငံတော်က ကျွန်တော်တို့အပေါ် ဆုလာဘ်ကြီးတစ်ခုပေးလိုက်သလို ခံစားရတယ်။
ဟု သင်တန်းတက်ရောက်ခဲ့သည့် ရေလုပ်သားတစ်ဦးက ပြောသည်။
သင်တန်းများပို့ချရာတွင် ရေလုပ်သားများနှင့် ပဲ့နင်းများအား အပိုင်း (၂)ပိုင်းခွဲ သင်ကြားပေးပြီး တစ်ကြိမ်လျှင် သင်တန်းသား (၃၀) ဦး နှုန်းဖြင့် သင်ကြားပေးကြောင်းသိရသည်။ ရေလုပ်သားများကို ပို့ချသည့် သင်တန်းများကို ငါးတင်ငါးချဆိပ်ကမ်းများ၌ သင်တန်းပို့ချပေးပြီး၊ ပဲ့နင်းများကိုပို့ချသည့် သင်တန်းများကို ငါးလုပ်ငန်းဦးစီးဌာန (ကြို့ကုန်း) ၌ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ဆောင်ရွက်နေရာ အသေးစား အလတ်စား ရေထွက်ကုန်လုပ်ငန်းများ၊ အအေးခန်းစက်ရုံများအား ချေးငွေများရရှိစေရန် UMFCCI နှင့် ပူးပေါင်းကူညီပေးခြင်း၊ ပင်လယ်ကမ်းဝေး ရေလုပ်သားများအတွက် ပင်လယ်ပြင် ဘေးအန္တရာယ်ကင်းဝေးရေး Safety At Sea သင်တန်းများကို ကမ်းရိုးတန်းတိုင်းဒေသကြီး (၅)ခု၌ ဖွင့်လှစ်ပို့ချခြင်း၊ ငါးလုပ်ငန်းနည်းပညာပြန့်ပွားရေးအတွက် ရန်ကုန်တိုင်း ငါးလုပ်ငန်းအတတ်သင်သိပ္ပံ၊ တွံတေး-ငါးလုပ်ငန်းအတတ်သင်သိပ္ပံတို့ကို ဖွင့်လှစ်ထားရှိခြင်း အစရှိသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည်။
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Thein Soe Min
လွန်ခဲ့သော ၆ နှစ် ကကောင်းပါတယ်
Naing Win
လွန်ခဲ့သော ၆ နှစ် ကကျေးဇူးပါ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲတောင့်ရှည် က အပွင့်တွေကြွေနေပါတယ် ရောဂါနဲ့ ဆေးအသုံးပြုပုံဖြေကြားပေးပါခင်ဗျာ🙏
bominthu • ဖြေကြားချက် 0 ခု
ပန်းပွင့်ချိန်မှာ..ငါးအမိုင်နို...အင်ဇိုင်းအပွင့်အသိးတင်ဆေး...လက်ချားမုန့်တို့ရောပြီးပတ်လိုအဆင်ပြေနိင်လားဗျ.....အဲထဲဘိတာစိလိုပိုးသတ်ဆေးထည့်ရင်ကောရမလားဗျ....
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
မတ်ပဲ ကျဲပြီး 7 ရက်သား ရှိပါပြီ 1.စပါးခွံ ပေါင်းခံရည် ဖြန်းသင့်ပါသလား အကျိုးအပြစ် သိချင်ပါတယ်ခင်မျ တကယ်လို့ ဖြန်းရရင် ပဲဘယ်အရွယ်မှာ ဘယ်လောက်ဖြန်းသင့်သလဲ 2.မကြဲခင် 10ရက်ခန့် စောပြီး ပေါင်းကြမ်းဆေး(glyphosate)ဖြန်းခဲ့ပါတယ် ခု ပဒေါ်လို ပေါင်းနဲနဲကျန်ပြီး ခြွေလှေ့ကျတဲ့ စပါးတစ်ချို့ ပြန်ပေါက်လာပါတယ် (13/14မိုးရွာပါတယ်) ပေါင်းဆေးထပ်ဖြန်းသင့်လား ဖြန်းရင် ဘယ်လိုဆေးမျိးဖြန်းရမလဲ သိချင်ပါတယ်ခင်မျ
Thiha • ဖြေကြားချက် 5 ခု
ခရမ်းချဉ်စသီးနေပီး15ပတ်လည် 10Sကို ရေလီတာ200ပုန်းဆိုဘယ်လောက်ချိုးထည့်ရမလည်း
စိုင်းအိုက်လှိုင် • ဖြေကြားချက် 1 ခု
#တောင်ယာစပါး မျိုးစေ့ ရောင်းဝယ် နေရာ စိုက်နည်း ပေါင်းဆေး အားဆေး အော်ဂဲနစ် ဘယ်အမျိုးက ဘယ်နေရာနဲ့သင်တော်လဲဆိုဒါ ပညာရှင်များ ပြောပြပေးလို့ရလား
အိုအေ • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အယ်လ်နီညိုလာမည်ဆိုလျှင် သီးနှံစိုက်ပျိုးရေးတွင် ကြိုတင်ပြင်ဆင်
14/10/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)
13/10/2026
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်
13/10/2026
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022