Covid-19 ဖြစ်စဉ်ကြောင့် သီးနှံအများစု ဈေးကွက်ထိခိုက်သော်လည်း အော်ဂဲနစ်နဂါးမောက် အရောင်းသွက်နေ
Covid-19 ဖြစ်စဉ်ကြောင့် သီးနှံအများစု ဈေးကွက်ထိခိုက်မှုဒဏ် ခံစားရသော်လည်း အော်ဂဲနစ်နဂါးမောက်များ အရောင်းသွက်နေကြောင်း ကိုယ်တိုင်စိုက်ပျိုးနေသူများက ပြောသည်။
ဒီနှစ်က ကိုဗစ်ကာလလည်းရှိတော့ သိတဲ့အတိုင်း ဈေးလျော့ရောင်းကြရတာပေါ့။ ကျွန်တော်ကတော့ ဈေးမလျော့ဘူး။ မနှစ်က ဒီလောက်မရောင်းရဘဲ ဒီနှစ် တော်တော်လေး ရောင်းရတယ်။ Dr.ခင်မောင်လွင်ကလည်း နဂါးမောက်သီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ဖော်ပြပေးတော့ လူတွေက ဒီနဂါးမောက်သီးကို တော်တော်လေးကို မှာစားကြတယ်။ ကလေးတွေပါ ကြိုက်လာကြတယ်။ ကျန်းမာရေးကို ဂရုစိုက်လာကြတော့ အော်ဂဲနစ်သီးနှံ စားချင်လာတယ်။ ဒီနှစ် အော်ဂဲနစ်ဈေးကွက် ပိုကောင်းလာတယ် ပြောရမှာပေါ့။
ဟု ပြင်ဦးလွင်ဒေသ၊ နောင်လှိုင်ကျေးရွာအုပ်စု၊ ပါအယ်ရွာရှိ Japan Organic Farm မှ ဦးအောင်အေးချမ်းက ပြောသည်။
အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ထားသည့် နဂါးမောက်သီး အဖြူ၊ အနီ တစ်ကီလိုလျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရသည်။
ကျွန်တော်ခြံ (ပြင်ဦးလွင်) ကထွက်တဲ့ နဂါးမောက်သီးတွေကို မြစ်ကြီးနားကနေ ဟိုးအောက်ဘက် ကော့သောင်းအထိ ပို့ပေးနေရတယ်။ လှမ်းမှာကြတယ်။ ရန်ကုန်ကတော့ အဓိကပေါ့။
ဟု ဦးအောင်အေးချမ်းက ဆက်လက်ပြောသည်။
နဂါးမောက်ပင်ကို ပုပ္ပါး၊ ပြင်ဦးလွင် ဒေသများ၌ အဓိကစိုက်ပျိုးထုတ်လုပ်နေပြီး နောင်ချို၊ တောင်ကြီး၊ ရပ်စောက် စသည့်ဒေသများ၌လည်း စိုက်ပျိုးမှုများရှိကြောင်း သိရသည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မန်ကိုဇက်ရယ်အဇိုဇီကိုနာဇောရယ်ကာတတ်ရယ်စေးကပ်ရေရောဖျန်းကောင်းလား
မောပ်တိုးတတ် • ဖြေကြားချက် 0 ခု
နှမ်းအိတ်ထဲ ပိုးမထွေးအောင် ဘယ်လို ထားရမလဲ...
🇲🇲🇲🇲🇲🇲 • ဖြေကြားချက် 0 ခု
ပဲကြီးရွက်တွေကုတ်ကုတ်ကြီးဖြစ်နေလို့ ကူညီပါဦး
Aye Myat Phyu • ဖြေကြားချက် 0 ခု
ပဲကြီးရွက်နူကုတ်ကုတ်ဖြစ်နေလို့ ကူညီကြပါဦး
Aye Myat Phyu • ဖြေကြားချက် 0 ခု
ရွှေဘိုဘေးကျားလေးဖြုန်းဖို့ပါ ဘယ်နရက်သားနဲ့ဖြုန်းရင် ပိုထိရောက်ပါသလဲခဗျာ
KYAW SHANE • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
ဈေးကွက်ထဲ အာလူး အဝင်များ၍ ဈေးကျဆင်းနေ
15/10/2026
အယ်လ်နီညိုလာမည်ဆိုလျှင် သီးနှံစိုက်ပျိုးရေးတွင် ကြိုတင်ပြင်ဆင်
14/10/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)
13/10/2026
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်
13/10/2026
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022