ယခင်နှစ်ထက် လျှော်ဖြူဈေးနှုန်းများမှာ နှစ်ဆနီးပါးတက်လာကြောင်း မြန်မာလျှော်ဖြူ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါတယ်။
ယခုလဆန်းပိုင်းအတွင်း လျှော်ဖြူအစေးများ အဝယ်လိုက်လာတာကြောင့် ဈေးနှုန်းများမှာ ထိပ်စတစ်ပိဿာကို နှစ်ဆနီးပါး တက်လာတာဖြစ်ကြောင်း မြန်မာလျှော်ဖြူ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဒုတိယဥက္ကဌ ဦးစိန်ကပြောပါတယ်။
“အခုလဆန်းပိုင်းအတွင်းမှာပဲ လျှော်ဖြူကအဝယ်လိုက်လာတယ်။ အရင်လက လျှော်ဖြူကဈေးငြိမ်နေတယ်။ အခုဒီရက်လေးအတွင်းမှာပဲ ဖြစ်သွားတာ။ ဝယ်လက်တွေကလည်း ဈေးမြှင့်ပြီးပေးကြတော့ ဈေးကတက်လာတာပါ”
ယခင်လက လျှော်ဖြူတစ်ပိဿာကို ကျပ် ၁၈၀၀၀ ဝန်းကျင်သာရှိနေပြီး ယခု ဧပြီလဆန်းပိုင်းအတွင်း လျှော်ဖြူတစ်ပိဿာကို ကျပ် ၃၅၀၀၀ ထိရရှိကြောင်း မြန်မာလျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအသင်းမှသိရပါတယ်။
လျှော်ဖြူပင်ကို မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးပြီး မကွေး တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ စိုက်ပျိုးကြောင်းလည်း မြန်မာလျှော်ဖြူစိုက်ပျိုး ထုတ်လုပ် သူများအသင်းမှသိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more