အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မုံရွာ၊ ချောင်းဦးအနီးတဝိုက်ဒေသများတွင် (၄) နှစ်တာအတွင်း နွားနို့ဈေး တစ်ပိဿာ (၈၅၀) ကျပ်မှ မတက်

မုံရွာ၊ ချောင်းဦးအနီးတဝိုက်ဒေသများတွင် (၄) နှစ်တာအတွင်း နွားနို့ဈေး တစ်ပိဿာ (၈၅၀) ကျပ်မှ မတက်

    စစ်ကိုင်းတိုင်း မုံရွာမြို့၊ ချောင်းဦးမြို့အနီးတဝိုက်ရှိ ဒေသများတွင် (၄) နှစ်တာအတွင်း နွားနို့ဈေး တစ်ပိဿာ (၈၅၀) ကျပ်မှ မတက်သေးကြောင်း ကိုယ်တိုင်မွေးမြူသူများထံမှ သိရသည်။

လက်ရှိပုံမှန်ဈေးက တစ်ပိဿာကို ၈၅၀ ကျပ်ပါ။ နွားမွေးမြူတဲ့သူ (နွားရှင်) ကပဲ နို့သိမ်းတဲ့ဒိုင်ကို အရောက်ပို့ပေးရတယ်။ ပို့တဲ့စရိတ်ကိုလည်း နွားရှင်ကခံရတယ်။ ဒိုင်ဆီရောက်တဲ့အထိ ကုန်ကျသမျှစရိတ်မှန်သမျှကို နွားရှင်ဘက်ကပဲ ကုန်ကျခံရတယ်။ အဲ့ဒါကိုမှ နွားနို့တစ်ပိဿာကို ၈၅၀ ကျပ်သာ ရတာပါ။ တစ်နိုင်ငံလုံးမှာဆို ကျွန်တော်တို့ဘက်က ဒေသတွေက နွားနို့ဈေး အနိမ့်ဆုံးဖြစ်နေတာပါ။

ဟု စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အောင်ချမ်းသာရွာမှ နို့စားနွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ကိုကျော်ကျော်က ပြောသည်။

    နို့စားနွားမွေးမြူရာတွင် နို့ထွက်နှုန်းကောင်းမွန်စေရန် အစာကျွေးမွေးခြင်းကို ဂရုတစိုက်လုပ်ဆောင်ပေးရပြီး အစာကျွေးမွေးရာတွင် အားနည်းပါက နို့ထွက်နှုန်းကျဆင်းသွားနိုင်သည်။

    နွားနို့ဈေး တစ်ပိဿာကို ၈၅၀ ကျပ်သာ ရရှိသဖြင့် အစာစရိတ်ကို လျော့ချရခြင်းကြောင့် နို့ထွက်နှုန်းမှာလည်း တစ်စစကျဆင်းလာကြောင်း သိရသည်။

လွန်ခဲ့တဲ့ လေးငါးနှစ်ကဆို နွားနို့ပိဿာချိန် သုံးသောင်း၊ လေးသောင်းလောက် ထွက်တယ်။ အခုကျတော့ အစာဖိုး၊ တခြားကုန်ကျစရိတ်တွေကို လျော့ချရတာနဲ့ နွားနို့လည်း အထွက်နည်းကုန်တယ်။ နွားနို့ဈေးက လွန်ခဲ့တဲ့လေးနှစ်တုန်းကလည်း တစ်ပိဿာကို ၈၅၀ ကျပ်၊ အခုထိလည်း ၈၅၀ ပဲ။ ကျန်တဲ့ အစာရေစာဈေးတွေက အကုန်တက်တယ်ဗျာ။ လွန်ခဲ့တဲ့လေးနှစ်က ကျွန်တော်တို့ကျွေးတဲ့ နွားစာအိတ်တစ်အိတ်ကို တစ်သောင်းကျပ်ဆိုရင် အခုကျ တစ်သောင်းခွဲကျပ် ဖြစ်နေပြီဗျာ။ ဝင်ငွေနည်းတဲ့အတွက် ထွက်ငွေကို လျော့ချရင်း နို့ထွက်နှုန်းက နည်းကုန်တာပါ။ ဒေသစာတော်တော်များများ ဈေးတက်ကုန်ပေမယ့် နွားနို့ဈေးက မတက်ဘူး။ နို့ထွက်တဲ့အပေါ်မူတည်ပြီး နွားတစ်ကောင်ကို နှစ်ပိဿာလောက် ကျွေးရတယ်။ နို့စားနွားက အစားတစ်မျိုးတည်းနဲ့ မပြည့်စုံဘူး။ နှမ်းဖတ်တစ်ခုတည်းကျွေးလို့လည်းမရဘူး။ အာဟာရစုံအောင် ကျွေးရတယ်။ နွားစာကို လျော့လိုက်တာနဲ့ နို့ထွက်နှုန်းပါ နည်းသွားတယ်။ ရှုံးနေကြတာ လေးငါးနှစ်လောက်ကို ရှိနေပြီ။

ဟု ကိုကျော်ကျော်က ဆက်လက်ပြောသည်။

    အဆိုပါဒေသများ၌ တစ်နိုင်တပိုင် (သို့မဟုတ်) စီးပွားဖြစ် နို့စားနွားမွေးမြူရေးကို လုပ်ကိုင်နေကြသော်လည်း နွားစာစရိတ်ကြီးမြင့်ခြင်း၊ နွားနို့ဈေးအတက်မရှိ တည်ငြိမ်နေခြင်း၊ မူရင်းနွားနို့ဈေးမှာလည်း အခြားဒေသများထက် အဆမတန်နိမ့်ကျနေခြင်းတို့ကို မွေးမြူသူများ ခံစားနေရခြင်းဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

Diatomaceous Earth Food Grade ကို ရန်ကုန်မြို့အတွင်း ဘယ်ဆိုင်တွေမှာ ဝယ်လို့ရနိုင်လဲ သိချင်လို့ပါဗျ

Paing Linn • ဖြေကြားချက် 0 ခု

ကျနော်တို့ဒေသမှာ ခေါ်ကြတဲ့ "ကျောက်ဆည်ပဒေသာစပါးမျိုး"က "ဧရာမင်းစပါးမျိုး" လားဗျ သက်တမ်းဘယ်လောက်ရှိပါသလဲ

Sai Kaung Myat Kyaw Kyaw • ဖြေကြားချက် 2 ခု

ph 09760779673 ဂျပန် EM OEM1လီတာ 50000 CEM 1လီတာ 5000 တင်လဲရည် 1လီတာ 3000 အများဈေး သီးသန့်ရှိပါတယ် တခြားအော်ဂဲနစ်ပစ္စည်းတွေ မြေသြဇာတွေလည်းရှိပါတယ် EMတွေက စိုက်ပျိုးရေးတင်မက ကြက်ခြံ ဝက်ခြံ နွားခြံ ငါးကန် အစရှိတဲ့ တိရစ္ဆာန်တွေအတွက်လည်းအသုံးပြုလို့ရပါတယ် လိုအပ်ပါက 09760779673ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်ဗျ

Nyan Phyo • ဖြေကြားချက် 1 ခု

ပုံပါ ဒုတ္ထာမြေထဲက ယူလာတဲ့ ဒုတ္ထာအစိမ်းခဲကို ဘော်ဒိုးဆေးရည်လုပ်လို့ရလား

Khing Hein • ဖြေကြားချက် 4 ခု

ဆရာတို့ ခင်ဗျာ ဘာများ ဖြစ်တာလဲခင်ဗျာ အကြံဉာဏ်လေး ပေးပါအုန်းနော်

hhz • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။