ဗုဒ္ဓဟူးနေ့လေးပါဗျို့
ဒီတစ်ပတ်မှာတော့ ဆောင်းသီးနှံလေးတစ်မျိုး အကြောင်း မေးလိုက်ပါတယ်နော်
ဖေ့ဘုတ်မှာဆိုရင် ဒီပို့စ်ကို share လုပ်ထားတဲ့ စခရင်ရှော့နဲ့တကွ အဖြေမှန်လေးကို commentမှာရေးပြီး ကံစမ်းလို့ရပါပြီ။ (share ထားတဲ့ပုံမပါရင် ဆုထဲမှာ ထည့်သွင်းမစဉ်းစားပါဘူးနော်) ဆု(၃)ဆုထဲက တစ်ဆုကို comment တွေထဲက ရွေးချယ်သွားမှာဖြစ်ပါတယ်။
ကျန်တဲ့နှစ်ဆုကိုတော့ ဆော့ဝဲထဲမှာ ဖြေဆိုသူတွေထဲကနေ မဲနှိုက်ရွေးချယ်သွားမှာပါနော်..
ဒီတော့ (၂)နေရာ တောင်ကံစမ်းနိုင်မှာဖြစ်ပါတယ်
ကဲ ..အဖြေလေးကဘာလဲဆိုတာ ဆော့ဝဲထဲက ဆောင်းပါးတွေမှာ အမြန်လေးသွားရှာလိုက်ပါနော်…
ကံထူးရှင်များဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့မှာ ပြန်ဆုံကြမယ်နော်…
ဖြေဆိုရမယ့်နေရာ တိုက်ရိုက်ရောက်ဖို့ အောက်ပါလင့်ကိုနှိပ်ပါ
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်