ကျန်းမာတဲ့ မြေဆီလွှာဟာ လူသားတွေရဲ့ ကျန်းမာရေး ပိုမိုကောင်းမွန်ဖို့ ပံ့ပိုးပေးကြောင်း သုတေသီများကဆို
မြေဆီလွှာဟာ ကမ္ဘာဂြိုဟ်ရဲ့ အကြီးမားဆုံးသက်ရှိဂေဟစနစ်များထဲမှ တစ်ခုဖြစ်ပြီး လူသားများဘဝရဲ့အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။ မြေဆီလွှာဟာ ကျွန်ုပ်တို့စားသုံးနေတဲ့ အစားအစာတွေရဲ့ ၉၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးကွဲများကိုလည်း ထောက်ပံ့ပေးနိုင်ကာ လေထုအတွင်းမှကာဗွန်ကို သိမ်းဆည်းထားခြင်းအားဖြင့် ရာသီဥတုမျှတစေရန်လည်း ကူညီပေးနိုင်တာ ဖြစ်ပါတယ်။
မြေဆီလွှာဟာ သံသတ္တုရိုင်းနဲ့ ဘောက်ဆိုဒ် (အလူမီနီယံ ပြုလုပ်ရန်သုံးသော ကျောက်) မှသည် ကျွန်ုပ်တို့ရဲ့ လူ့အဖွဲ့အစည်းကို စွမ်းအင်ပေးရန်အသုံးပြုသည့် သဘာဝဓာတ်ငွေ့များအထိရရှိနိုင်သော ကြီးမားသည့် ကုန်ကြမ်းအရင်းအမြစ်တစ်ခုလည်းဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုဖြစ်တဲ့ Conscious Planet ရဲ့ Save Soil အစီအစဉ်ကနေ ထုတ်ပြန်ထားသော အစီရင်ခံစာအသစ်မှာတော့ ကျန်းမာသန်စွမ်းတဲ့ မြေဆီလွှာဟာ ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေများနဲ့ အံ့ဖွယ်ကောင်းလောက်အောင် တိုက်ရိုက်ချိတ်ဆက်နေတယ်ဆိုပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။
ခြေဗလာဖြင့်လမ်းလျှောက်ခြင်း (သို့မဟုတ်) လက်များညစ်ပတ်သွားခြင်း အပါအဝင် မြေဆီလွှာအားထိတွေ့မိခြင်းတို့ဟာ အူလမ်းကြောင်းရဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်တာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့လူသားတွေရဲ့ အူလမ်းကြောင်းနဲ့ အရေပြားတွေဟာဆိုရင် မြေဆီလွှာမှာကဲ့သို့ တူညီသောဘက်တီးရီးယားများစွာကို သယ်ဆောင်ထားတာ ဖြစ်ပါတယ်။ ထို့ကြောင့် လူ့ခန္ဓာကိုယ်ရဲ့ အတွင်းနဲ့အပြင်ဘက်ကို မြေဆီလွှာထဲမှာ တွေ့ရှိရတတ်တဲ့ သက်ရှိပိုးမွှားတွေနဲ့ ဖုံးအုပ်ထားတာလို့ ဆိုရမှာဖြစ်ပါတယ်။
လေ့လာမှုများအရ မြေဆီလွှာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုပမာဏဟာ အူလမ်းကြောင်းအတွင်းရှိ သက်ရှိပိုးမွှားများရဲ့ ကွဲပြားမှုနှင့် ကျန်းမာရေးကို ထိခိုက်စေကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ စံချိန်တင်အမြင့်ဆုံး အူလမ်းကြောင်းဆိုင်ရာ ဘက်တီးရီးယားကွဲပြားမှုကိုတော့ ကြွယ်ဝသောမြေဆီလွှာကို ခြေဗလာဖြင့် အဆက်မပြတ်ထိတွေ့နေရတဲ့ အမေဇုန်မိုးသစ်တောအတွင်းရှိ အုပ်စုဖွဲ့နေထိုင်ကြသောအမဲလိုက်မုဆိုးများမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ကျွန်ုပ်တို့ရဲ့ အူလမ်းကြောင်းကျန်းမာရေးကို မျှတပြီးအာဟာရပြည့်ဝတဲ့ အစားအစာများနဲ့ ပံ့ပိုးပေးထားသလို မြေဆီလွှာရဲ့ ကျန်းမာရေးဟာလည်း နေ့စဉ်နေ့တိုင်းဆိုသလို ကျွန်ုပ်တို့ရဲ့ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်မှု အများဆုံးဖြစ်ပေါ်နိုင်တာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ် ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ရာ ဗီတာမင်နှင့် အာဟာရဓာတ်များလိုအပ်ပြီး အပင်များနဲ့ တိရစ္ဆာန်များကို စားသုံးခြင်းဖြင့် အဆိုပါအာဟာရဓာတ်များကို ရရှိနိုင်တာ ဖြစ်ပါတယ်။ အော်ဂဲနစ်ဒြပ်စင်ကြွယ်ဝသော မြေဆီလွှာပေါ်မှာ ရှင်သန်ကြီးထွားလာကြသော အပင်များနဲ့ တိရစ္ဆာန်များဟာ လူသားများအတွက်လည်း အာဟာရဓာတ်ကို ပိုမိုရရှိစေနိုင်တာ ဖြစ်ပါတယ်။
မြေဆီလွှာပျက်စီးခြင်း၊ အာဟာရချို့တဲ့ခြင်း
ကျွန်ုပ်တို့ရဲ့ အစားအစာများမှာ အာဟာရချို့တဲ့မှု ဖြစ်ပေါ်လာရခြင်းဟာ ပျက်စီးယိုယွင်းနေသော မြေဆီလွှာပေါ်မှာ စိုက်ပျိုးထားသော သီးနှံများကြောင့် ဖြစ်ပါတယ်။ နေ့စဉ်စားသုံးနေသည့် ပါဝင်ပစ္စည်းများမှ အာဟာရဓာတ်များပင်လျှင် ချို့တဲ့ဆုံးရှုံးနေတာ ဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ ဂျုံသီးနှံရဲ့ ပရိုတင်းဓာတ်ပါဝင်မှုဟာ ၁၉၅၅ နဲ့ ၂၀၁၆ ခုနှစ်ကြားမှာ ၂၃ ရာခိုင်နှုန်း လျော့ကျသွားကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Save Soil ရဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြထားတဲ့အတိုင်း မြေဆီလွှာများ ယိုယွင်းပျက်စီးလာခြင်းဟာ လူသားများကို ပိုမိုအားနည်းစေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

မြေဆီလွှာပျက်စီးခြင်းဆိုတာဘာလဲ
ကုလသမဂ္ဂကရဲ့ အဆိုအရ မြေဆီလွှာပျက်စီးခြင်းဆိုတာဟာ "မြေဆီလွှာရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဆိုင်ရာ အရည်အသွေးကျဆင်းမှု" ကြောင့် "အော်ဂဲနစ်ပစ္စည်းများ ဆုံးရှုံးခြင်း" လို့ သတ်မှတ်ပါတယ်။ မြေဆီလွှာကို မကြာခဏ ထွန်ယက်ခြင်းကဲ့သို့ ရေရှည်မတည်တံ့သော စိုက်ပျိုးရေးအလေ့အထများကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ အဆိုပါအခြေအနေမှာဆိုရင် အော်ဂဲနစ်ဒြပ်စင်များဟာ မြေဆီလွှာရဲ့ "သက်ရှိ" အစိတ်အပိုင်းအဖြစ်ရှိနေပြီး အပင် သို့မဟုတ် တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများ ကြွယ်ဝစွာပါဝင်နေတဲ့အစိတ်အပိုင်းများဟာ အဏုဇီဝသက်ရှိများကြောင့် ပြိုကွဲပျက်စီးပြီး အခြားသက်ရှိများမှ ပြန်လည်အသုံးပြုနိုင်သော အာဟာရဓာတ်အဖြစ်သို့ ပြိုကွဲသွားတာ ဖြစ်ပါတယ်။
Save Soil ရဲ့ အဆိုအရ အာဟာရဓာတ်အပြည့်အဝ ပံ့ပိုးပေးကြောင်း သေချာစေရန် သီးနှံစိုက်ပျိုးသည့်မြေများတွင် အော်ဂဲနစ်ဒြပ်စင် အနည်းဆုံး ၃ - ၆ ရာခိုင်နှုန်း (ဒေသအလိုက် အခြေအနေများအပေါ်မူတည်ပြီး) လိုအပ်တယ်လို့ ဆိုပါတယ်။ ကံမကောင်းစွာနဲပဲ တကယ့်လက်တွေ့မှာတော့ ကမ္ဘာမြေဆီလွှာအများစုဟာ အနည်းဆုံးရှိရမဲ့ အော်ဂဲနစ်ဒြပ်စင်ပမာဏနဲ့တောင် အလှမ်းဝေးနေတာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့မြေဆီလွှာရဲ့ ၄၀ ရာခိုင်နှုန်းဟာလည်း ပျက်စီးယိုယွင်းနေတာ ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ အပေါ်ယံမြေဆီလွှာ ၉၀ ရာခိုင်နှုန်းဟာ ၂၀၅၀ မှာ အန္တရာယ်ကျရောက်နိုင်တယ်ဆိုပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကနေ သတိပေးထားပါတယ်။
ထိုကဲ့သို့ မြေဆီလွှာများ ကျယ်ပြန့်စွာပျက်စီးယိုယွင်းလာမှုကြောင့် ဖြစ်ပေါ်လာသော အာဟာရချို့တဲ့မှုများဟာ ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ ဗီတာမင် B1၊ B6 နဲ့ B9 ကဲ့သို့သော အဓိကကျတဲ့ အာဟာရဓာတ်များချို့တဲ့လာခြင်းဟာ မြေဆီလွှာအာဟာရညံ့ဖျင်းမှုကြောင့်ဖြစ်ပြီး မကြာခဏဆိုသလို စိတ်ကျခြင်းကဲ့သို့သော စိတ်ကျန်းမာရေးချို့ယွင်းမှုများနဲ့လည်း ဆက်စပ်နေတာ ဖြစ်ပါတယ်။ ထို့အတူ သံဓာတ်နဲ့ ဇင့်ဓာတ် ချို့တဲ့ပါက ဦးနှောက်ရဲ့ လုပ်ဆောင်မှုများကို အားနည်းစေနိုင်တာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ကျန်းမာသော အူလမ်းကြောင်းဆိုင်ရာ အဏုဇီဝသက်ရှိများဟာလည်း serotonin နှင့် dopamine ကဲ့သို့သော "ပျော်ရွှင်စေသည့်ဟော်မုန်းများ" ထုတ်လုပ်မှုနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။
တောင်သူများအား သီးနှံတစ်မျိုးတည်းကို ပမာဏအများအပြား စိုက်ပျိုးခြင်းစနစ်များအစား မြေဖုံးသီးနှံများ စိုက်ပျိုးခြင်း (မြေဆီလွှာကျန်းမာရေး ကောင်းမွန်စေရန် ရိတ်သိမ်းရန်ရည်ရွယ်ချက်မရှိဘဲ သီးနှံများစိုက်ပျိုးခြင်းစနစ်) နှင့် သီးလှည့်စိုက်ပျိုးခြင်းကဲ့သို့သော စိုက်ပျိုးနည်းစနစ်များ ပံ့ပိုးပေးမည်ဆိုပါက မြေဆီလွှာတွင်အော်ဂဲနစ်ဒြပ်စင်များ တိုးမြင့်လာစေရန်အတွက် သတင်းကောင်းဖြစ်ပါတယ်။
လာမည့်နိုဝင်ဘာလမှာ ကျင်းပဖို့ရှိနေတဲ့ ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲမှာ သက်ဆိုင်ရာနိုင်ငံအစိုးရများအနေနဲ့ အဆိုပါအကူးအပြောင်းအတွက် တောင်သူများအားကူညီရန် ဘဏ္ဍာရေးမက်လုံးများပေးမည့် မူဝါဒအပြောင်းအလဲများကို မိတ်ဆက်ဖို့ရာ အခွင့်အရေးလည်း ဖြစ်ပါတယ်။
ထို့ကြောင့် လက်ရှိအချိန်ကစလို့ တတ်နိုင်သမျှ မြေဆီလွှာနဲ့ထိတွေ့ပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို ပံ့ပိုးရန်အတွက် တောင်သူလယ်သမားများ ထုတ်လုပ်သော အစားအစာများကို ဝယ်ယူအသုံးပြုပါ။ ကျွန်ုပ်တို့ခြေဖဝါးအောက်က မြေဆီလွှာအတွက် ကောင်းကျိုးရှိတယ်ဆိုရင် ကျွန်ုပ်တို့ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေမှာဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စောသူထူး
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 2 ခု
ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံအဖြစ်ထည့်သုံးလို့ရလားဗျ..
kyaw min latt • ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
More from ဇင်ထူးနိုင်
အားလုံး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....