ငွေရေး ကြေးရေး စီမံကြမယ်(ဝင်ငွေ၊ ထွက်ငွေ ဇယား/စာရင်း)

09/07/2019 14:37 PM တွင် Mango Magazine Mango Magazine မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒေါ်ဝတ်ရည်ကတော့ ရပ်ကွက်ထဲမှာ အမျိုးသမီးဝတ် အထည်မျိုးစုံကို ရောင်းချပြီး ဝင်ငွေရှာခြင်းကြောင့် မိသားစုကို တစ်ဖက်တစ်လမ်းကနေ ကူညီထောက်ပံ့ပေးနေပါတယ်။ ဒေါ်ဝတ်ရည်တို့အိမ်က ၁၀ နှစ်လောက်ကြာပီဖြစ်တဲ့ တီဗီ အဟောင်းလေးဟာ သိပ်မကြာခင်က ပျက်သွားတဲ့အတွက် ဒေါ်ဝတ်ရည်တစ်ယောက် တီဗီ အသစ်တစ်လုံး ဝယ်ချင်နေပါတယ်။ ၂ သိန်းလောက်ရှိတဲ့ တီဗီဝယ်ဖို့ ငွေစုထားတာလည်း မရှိတာမို့လို့ ဘယ်လို ဝယ်ရမလဲဆိုတာ စဉ်းစားရခက်နေပါတယ်။

ဒေါ်ဝတ်ရည်ကို ကူညီနိုင်မဲ့ နည်းလမ်းတစ်ခုကို တွေ့ထားပါတယ်။ ဒါက "ဝင်ငွေ ထွက်ငွေ" ဇယားပါ။

ဒေါ်ဝတ်ရည်တို့ မိသားစုရဲ့ တစ်လစာ ဝင်ငွေ/ထွက်ငွေ အခြေအနေကို လေ့လာကြည့်ရအောင်။

ဒေါ်ဝတ်ရည်မိသားစုရဲ့ ဝင်ငွေ/ထွက်ငွေ ဇယားအရ ဝင်ငွေနဲ့ အသုံးစရိတ်ဟာ ညီမျှနေပါတယ်။ ဒါကြောင့် ဒေါ်ဝတ်ရည်တစ်ယောက် ငွေလည်း မစုနိုင်ပါဘူး။ မလိုအပ်တဲ့ အသုံးစရိတ်တွေနဲ့ အသုံးများနေတဲ့ စရိတ်တွေကို လျော့ချလိုက်မယ်ဆိုရင် ပိုက်ဆံအပို ထွက်လာနိုင်ပါတယ်။

ဒီလိုအသုံးစရိတ်တွေ လျော့ချလိုက်မယ်ဆိုရင် ပိုထွက်လာမယ့် ငွေ ၃၅၀၀ ကို ၆ လလောက်စုပြီး တီဗီ အသစ်တစ်လုံး ဝယ်နိုင်တော့မှာပါ။

မိတ်ဆွေတို့လည်း ဒေါ်ဝတ်ရည်လိုပဲ ဝင်ငွေ ထွက်ငွေစာရင်းကို သေချာ စိစစ်မယ်ဆိုရင် မိသားစုအတွက် လိုအပ်တာလေးတွေကို ဖြည့်ဆည်းပေးနိုင်မှာပါ။

ထပ်ဆင့်အနေနဲ့ - သင်ချေးငွေမယူခင်မှာ မိမိအိမ်ရဲ့ ဝင်ငွေ/ထွက်ငွေ အခြေအနေကို သေသေချာချာ စစ်ဆေးကြဖို့လည်း အကြံပေးချင်ပါတယ်။

Source - mango magazine


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်