(GAP)လက်မှတ်ရသီးနှံများကို စင်ကာပူဈေးကွက်ကိုတင်ပို့နိုင်ရန် ဖိတ်ခေါ်သွားမည်

23/09/2019 10:26 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ရှမ်းပြည်နယ်မှထွက်ရှိတဲ့ ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်နဲ့စိုက်ပျိုးထားတဲ့(GAP) သီးနှံများကို စင်ကာပူဈေးကွက်ကိုတင်ပို့နိုင်ရန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာနိုင် ငံသစ်သီးဝလံ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

   ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP)လက်မှတ်ရရှိထားတဲ့တောင်သူတွေ စိုက်ပျိုးထားတဲ့ သီးနှံတွေကို စင်ကာပူဈေးကွက်ကို တင်ပို့ရောင်းချနိုင်ရန်အတွက် ဝယ်လက်တွေကို ဖိတ်ခေါ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးစိုးသန်းမင်းဒင်က ပြောပါတယ်။

   “(SAFI) စီမံကိန်းကနေ လုပ်ဆောင်ထားတဲ့ တောင်သူ(၁၂၀) ကနေ ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်လက်မှတ်ရရှိပြီးသား သီးနှံတွေကို ပြသပြီးတော့ စင်ကာပူဈေးကွက်ကို တင်ပို့နိုင်ဖို့အတွက် ဝယ်လက်တွေကို ချိတ်ဆက်ဆောင်ရွက်သွားမှာပါ”

   တောင်သူများစိုက်ပျိုးထားတဲ့ သီးနှံများမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးနဲ့ ဂျင်း စတဲ့ သီးနှံများပါဝင်ပြီး တင်ပို့ရောင်းချသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

   အဆိုပါတောင်သူများ စိုက်ပျိုးထားတဲ့သီးနှံများကို အခြားဈေးကွက်များကိုလည်း တင်ပို့ကာရောင်းချ သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်