စပါးတစ်ဧက ကျပ် ၄ သိန်းနှုန်း MRF ထံ ချေးငွေလျှောက်ထားနိုင်
ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ဖို့အတွက် "စပါးစိုက်လယ်ယာမြေ ၁၀ ဧက အထက်ပိုင်သူတိုင်းကို ၁ ဧကလျှင် ၄ သိန်းထုတ်ချေးပေးနိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)နှင့် လိုင်စင်ရပုဂ္ဂလိဂဘဏ်များ ညှိနှိုင်းဆောင်ရွက်နေတယ်" လို့ MRF က ဒီဇင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
"ချေးငွေရယူလိုသူများကို အတိုးနှုန်း ၁ နှစ်လျှင် ၁၀ ရာခိုင်နှုန်းခန့်ဖြင့် ထုတ်ချေးပေးမှာဖြစ်ပြီး တစ်ဧကလျှင် ကျပ် ၄ သိန်းနှုန်းဖြင့် ဧက ၁၀၀ အထိ ထုတ်ချေးပေးမယ်လို့ ကြေညာချက်မှာပါရှိပါတယ်။ ချေးငွေကာလကိုတော့ စပါးသီးနှံတစ်ရာသီ (၄-၅)လအဖြစ် ထားရှိပေးဖို့ ညှိနှိုင်းထားတယ်"လို့ MRF က ဆိုထားပါတယ်။
ချေးငွေလျှောက်ထားလိုသူများအတွက် လျှောက်လွှာပုံစံနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အောက်ဖော်ပြပါပုံတွေမှာ ကြည့်ရှုနိုင်ပါတယ်။

ချေးငွေရယူလိုသူ တောင်သူများအနေနဲ့ လျှောက်လွှာပုံစံမှာဖြည့်စွက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံ [email protected] ထံ email ပို့၍ဖြစ်စေ၊ ဖုန်းနံပါတ် 09-4000692470 သို့ ဆက်သွယ်၍ဖြစ်စေ သို့မဟုတ် သင့်ရာနည်းလမ်းဖြင့်ဖြစ်စေ ပေးပို့လျှောက်ထားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

Photo Crd#MRF
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးဈေးကွက် အချိတ်အဆက်
ကိုဇော်ဇော်
လွန်ခဲ့သော ၂ နှစ် က၁၀ ဧကနှင့်အထက်ဆိုရင် အတန်အသင့်သုံးနိုင်သောလယ်သမားနှင့် ဧက ၁၀၀ အထိဆိုရင်သူဌေးတွေသာ သုံးနိုင်သောဒီချေးငွေက အခြေခံလယ်သမားလေးတွေအတွက်အကြုံးမဝင်ဘူးဆိုအဆင်မပြေနိုင်ပါ။အခြေခံလယ်သမားလေးတွေအတွက်ပါထည့်စဉ်းစားပေးပါလို့အကြံပြုပါရစေ။
U Ko Haik
လွန်ခဲ့သော ၂ နှစ် ကငါညီတို့ပြန်မေးရမှာက ၁နှစ်ကို၁၀ရါခိုင်နှုန်း ဆိုတော့ ၁နှစ်မှာ၁၂လ စပါးတစ်ရာသီ၅လ၆လထား အာဆို ၁၀တိုးပေးရမှာလား ၅ကျပ်တိုးပေးရမှာလား စပါးတစ်ရာသီ၆လအတိုးဆိုရင် ၁နှစ်၂၀တိုးဖြစ်သွားပြီ တနှစ်လုံးမှ၁၀တိုးဆိုရင် စပါးတစ်ရာသီ ၅ကျပ်တိုးပေါ့ ၄သိန်းယူ အတိုး၄သောင်း ပြန်ဆပ်၄သိန်း၄သောင်း ၁၂လ ၁နှစ် ၁၀တိုး ၄သိန်းယူ အတိုး၂သောင်း ပြန်ဆပ် ၄သိန်း၂သောင်း ၆လ တနှစ်၁၀တိုး နွေစပါး မိုးစပါး ရောမှ ၁၂လ တနှစ်လေ ခုတော့ စပါးတရာသီ ၄္/၅လနဲ့၁၀တိုးဆိုတော့ ၂၄ကျပ်တိုးဖြစ်နေပေါ့ သေချာအောင်မေးပြီးမှ လုပ်ကြနော်
Ma. Ma
လွန်ခဲ့သော ၂ နှစ် ကမဂ်လာပါ
ayub khan
လွန်ခဲ့သော ၂ နှစ် ကတစ်ရာ ရာခိုင်နှုန်းသူထာ တစ်သိန်းမှ တစ်သောင်း ပါလာ
Thein Htet Aung
လွန်ခဲ့သော ၂ နှစ် က၁နှစ်လျှင် ၁၀ရာခိုင်နှုန်းဆိုတာဘယ်လိုပေးရမှာလဲ
ဆက်စပ်ဆောင်းပါးများ
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဆက်စပ်မေးခွန်းများ
စပါးပြီးတော့ ဘာသီးနှံတွေ စိုက်ကြဖို့ စိတ်ကူးထားကြလဲဗျ?
Thein Soe Min • ဖြေကြားချက် 0 ခု
ပြောင်းဖူးခင်း ဖောငမြောင်တောင်ကျနေလို့ ဘာဆေးဖျန်းရမလဲ အီမာမက်တင်ဘန်ဇိုအိတ်တော့ဖျန်းထားပါတယ်
cherry lay • ဖြေကြားချက် 1 ခု
ပန်ထိမ်ငိုပန်းစိုက်ရင်ဘယ်ချိန်လောက်စိုက်ရင်အကောင်းဆုံးလဲဗျ၊အရိပ်ကောကြောက်လားဗျ
Paul shan aung. • ဖြေကြားချက် 1 ခု
မတ်ပဲ စိုက်ပြီး ဘယ်နှစ်ရက်သားလောက်မှာ ငါးအမိုင်နိုဖြန်းသင့်ပါသလဲခင်မျ ပြီး ဘယ်လောက်ပမာဏ သုံးသင့်လဲပေါ့ LAB လက်တစ်အက်ဆစ်နဲ့ရော တွဲသုံးလို့ရလား သိချင်ပါတယ့် မြေခံကိုတော့ ထရိုင်ကိုဒါးမားဖြန်းခဲ့ပါတယ်
Thiha • ဖြေကြားချက် 5 ခု
ပဲပုပ်က စိုက်ကတာလား မက်ပဲလို့ခုတ်ဖုံးကျဲလို့ရလားဗျ
nay Htet • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)
13/10/2026
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်
13/10/2026
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026