မင်္ဂလာပါ စကားထာ ပရိတ်သတ်တို့ရေ….
ဗုဒ္ဓဟူးနေ့လေးဆိုတော့ စကားထာ ကံထူးရှင် တွေကို ကြေညာပေးမှာဖြစ်သလို စကားထာအသစ်လေးလဲလာမှာပါနော်။
ကံထူးရှင်တွေကို မကြေညာခင် အစိမ်းရောင်လမ်းရဲ့ ဒီအစီစဉ်လေးအကြောင်း ပြန်ပြောပြပါရစေ။
အစိမ်းရောင်လမ်းfb page မှာ စကားထာ ပဟေဠိလေးတွေမေးပါတယ် ။
အဖြေတွေကိုတော့ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲရဲ့ အကြံပြုရန်မှာ သွားဖြေပေးရမှာပါ။( comment မှာဖြေဆိုတဲ့သူတွေကို ဖုန်းဘေလက်ဆောင်ပေးတဲ့အထဲ ထည့်မစဉ်းစားပါဘူးရှင့် ။)
ဆော့ဝဲရယူချင်တယ်ဆိုရင်တော့ - dl.greenwaymyanmar.com ကိုနှိပ်ပြီးရယူနိုင်ပါတယ်နော်။
စကားထာ ပရိတ်သတ်တို့ မှန်မှန်နဲ့ မြန်မြန်ဖြေပြီး ဖုန်းဘေလက်ဆောင်တွေရနိုင်အောင်လို့ ထပ်မံအသိပေးရခြင်းပါနော်။
အပတ်စဉ် ( ၉ ) ရဲ့ ကံထူးသူတွေကတော့
ဟေမာန်စိုး
Ko Kyaw Soe
Md
ကျော်သိင်္ဂါအောင်
ကိုမင်း
tun tun
Mg Min
Aung Kyaw Thu တို့ဖြစ်ပါတယ်
အပတ်စဉ် ( ၁၀ ) မှာ ဘယ်လိုစကားထာလေးတွေလာပြီး ဘယ်သူတွေကံထူးကြမလဲဆိုတာကို စောင့်ကြည့်လိုက်ရအောင်နော်။
" မလိုအပ်တဲ့ နေရာတွေမှာ ငွေကြေးကို မကုန်ကျစေခြင်းအားဖြင့် အပိုငွေတွေကို စုဆောင်းထားနိုင်မယ့်နည်းလမ်းလေးတွေကို အစိမ်းရောင်လမ်းမှာ ဖတ်ရှုနိုင်ပါပြီ "
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်