မြေပဲယိုနဲ့ နှမ်းယိုမှာ မြန်မာ့ရိုးရာစားဖွယ်တစ်မျိုးဖြစ်ပြီး ထမင်းစားပြီး အချိုတည်းစရာ သရေစာတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိအိမ်မှာတင် လုပ်စားလို့ရတာမို့ ပြုလုပ်နည်းလေးကို ဖော်ပြပေးပါမယ်။
မြေပဲယိုနှင့် နှမ်းယို ပြုလုပ်ဖို့-
မြေပဲဆံ(သို့)နှမ်း - နို့ဆီဗူး ၁ခွက်
ထန်းညက် - ၇ လုံး(သို့) သကြားညို (သို့)ကြံသကာ- ၃ ချောင်း (အချိုကြိုက်ပါက ပိုထည့်လို့ရပါတယ်)
ရေ - ဆန်ချိန်ခွက် ၁ ခွက်
ဆား- လက်ဖက်စားဇွန်း ၁/၄ ပုံ တို့လိုအပ်ပါတယ်။
ပြုလုပ်နည်းမှာ-
၁။ မြေပဲဆံ(သို့)နှမ်းကို လှော်ထားပြီးမြေပဲဆံကို အခွံချွတ်ထားပါ။
၂။ အိုးထဲ ရေထည့်ပြီး ထန်းညက်ကို ညောင်စေးကျအောင် ကျိုပါ။
၃။ ထန်းညက်ရည်စေးလာရင် မြေပဲဆံ(သို့)နှမ်း ထည့်ပါ။ (အချိုပိုထည့်လို့လဲရပါတယ်)
၄။ ပြီးစီးပါက ဗန်းတစ်ချပ်ကို ထောပတ်ဆီ(သို့) ပဲဆီသုတ်ပြီး မြေပဲ(သို့) နှမ်း ကျိုထားတာ လောင်းထည့်ပါ။
၅။ ခဏအအေးခံပြီး ဓါးရာပေးပါ။ ပြီးလျှင် ဆက်ပြီးအအေးခံပါ။
ခဲလာပြီဆိုရင် မြေပဲယို(သို့)နှမ်းယိုလေးစားရန် အသင့်ဖြစ်ပါပြီ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more