ပဲမျိုးစုံ၏ တစ်ပတ်အတွင်းဈေးကွက်သုံးသပ်ချက်

06/10/2023 17:00 PM တွင် AMIA AMIA မှ ရေးသား

တစ်ပတ်အတွင်း ပဲမျိုးစုံ သီးနှံဈေးကွက်သုံးသပ်ချက်ဖြစ်ပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ပါးနေတဲ့အတွက် ဈေးအပြောင်းအလဲ သိပ်မရှိဘဲ အများစု ဈေးငြိမ်နေပါတယ်။

မတ်ပဲ

မတ်ပဲကတော့ တစ်ပတ်အတွင်း အတက်အကျ အပြောင်းအလဲ အနည်းငယ်ရှိနေပြီး အကျဈေးနဲ့ ဈေးငြိမ်နေတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ တစ်တန်ကို ငွေကျပ် ၂၆ သိန်းကျော်အထိ ဈေးမြင့်တက်ခဲ့ရာမှ အိန္ဒိယနိုင်ငံအတွင်း မတ်ပဲအသစ်တွေ ဈေးကွက်တွင်း ဝင်လာတဲ့အတွက် အရောင်းအဝယ်အေးပြီး ဈေးပြန်ကျဆင်းသွားတာလို့ သိရပါတယ်။

ဒါပေမဲ့ အိန္ဒိယနိုင်ငံတွင်းမှာ မတ်ပဲအထွက်နှုန်းလျော့ကျမယ်ဆိုတဲ့ သတင်းတွေကြောင့် မတ်ပဲက ရေရှည်မှာ ဈေးပြန်ပြီး မြင့်တက်နိုင်ဦးမယ်လို့သုံးသပ်မှုတွေရှိပေမယ့် ပြည်တွင်းအခြေအနေအရ လက်ရှိပေါက်ဈေးနှုန်းက ထုတ်ရောင်းဖို့ သင့်နေတယ်လို့ ပြည်တွင်း ပဲ ကုန်သည်အချို့က သုံးသပ်ပြောဆိုထားပါတယ်။

မတ်ပဲ(FAQ/RC) က တစ်တန်ကို ၂၅၀၇၀၀၀ ရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်လိုက်ရင် တစ်တန်ကို ၁၀၀၀၀ လောက် ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၄၂၀၀၀ ကနေ ၂၄၃၀၀၀ ရှိပြီး ဈေးငြိမ်နေပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ တစ်ပတ်အတွင်း ဈေးအပြောင်းအလဲမရှိ ဈေးငြိမ်နေခဲ့ပါတယ်။  ပြည်တွင်းမှာလည်း လက်ကျန်မရှိ အရောင်းအဝယ်မရှိဘူးလို့ ကုန်သည်များက ပြောပါတယ်။ အိန္ဒိယနိုင်ငံတွင်းမှာတော့ ပဲစင်းငုံနီ ထွက်ရှိမှုနှုန်းလျော့တာဖြစ်လို့ အသစ်ရာသီမှာ ဈေးကောင်းရနိုင်ခြေရှိတယ်လို့ ခန့်မှန်းသုံးသပ်မှုတွေ ရှိပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၄၀၇၅၀၀၀ နဲ့ တစ်ပတ်လုံး ဈေးငြိမ်နေခဲ့တာ ဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၃၈၀၀၀၀ မှ ၃၉၀၀၀၀ ကြား ပေါက်ဈေးရှိနေပေမဲ့ အရောင်းအဝယ်မရှိဘူးလို့ သိရပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ အနည်းငယ်ဈေးမြင့်တက်ပါတယ်။ တရုတ်ဝယ်လက်တွေ ရှိနေတဲ့အတွက် ဈေးအနည်းငယ်မြင့်တက်တာလို့သိရပါတယ်။ လက်ရှိမှာတော့ ပဲတီစိမ်းအညာ နဲ့ ဝါးခယ်မတို့က ‌ဈေးကောင်းနေပါတယ်။ သီတင်းကျွတ်အပြီး မိုးပဲတွေဈေးကွက်ထဲ ဝင်လာရင်တော့ ပဲဈေး အခြေအနေက ပြောင်းလဲမှုတွေရှိလာနိုင်ပါတယ်။ တရုတ်တင်ပို့မှု အခြေအနေက လက်ရှိမှာ မသွက်သေးတဲ့အတွက် တရုတ်အဓိက တင်ပို့နေတဲ့ ပဲတီစိမ်း အခြေအနေကလည်း ရေရာမှု မရှိဘူးလို့ ကုန်သည်တွေက ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၈၃၀ မှ ၃၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့ တစ်ပိဿာကို ၃၄၆၅၊ပဲတီစိမ်း(ခရမ်းရွှေဝါ)ကတော့ တစ်ပိဿာကို ၃၆၃၀ ရှိပြီး ဈေးငြိမ်နေပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၅၅၀၀၀ မှ ၁၇၃၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ပဲပုပ်

ပဲပုပ်ဈေးကတော့ မြင့်တက်လာပါတယ်။ ဈေးကွက်ထဲကို (ရှမ်း)ပဲပုပ်တွေ အဝင်ရှိနေပြီး အဝယ်လည်း သွက်နေတဲ့အတွက်ဈေးကောင်းရရှိနေတာ ဖြစ်ပါတယ်။ ဗမာ(ပဲပုပ်)ကတော့ လက်ရှိမှာ အမြင့်ဈေး နဲ့ ငြိမ်နေပါတယ်။

မန္တလေး‌ဈေးကွက်မှာတော့ ပဲပုပ်(ရှမ်း) က တစ်အိတ်ကို ၁၇၀၀၀၀ မှ ၁၈၅၀၀၀ ရှိနေပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများအတိုင်း ပြန်လည်ဖော်ပြခြင်းပဲဖြစ်ပါတယ်။

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်