မြန်မာ့ထန်းသီးဆန် တရုတ်မှာဈေးကွက်တည်ငြိမ်ရင် ခြေတစ်လှမ်းထပ်တိုးမယ်

20/06/2019 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အပူပိုင်းဒေသ တွေမှာ ထန်းပင်ခုတ်လှဲနေတာတွေ လျှော့ချနိုင်ဖို့နဲ့ ထန်းသီးကနေရရှိတဲ့ ထန်းသီးဆန်တွေ အလေအလွင့်မဖြစ်စေဖို့  မြင်းခြံစက်မှုဇုန်ရှိ Green Momentum Co.,Ltd (အသီးအနှံအေးခဲစက်ရုံ) ကနေ    သည်နှစ်ထန်းသီးပေါ်   ရာသီကစလို့   ထန်းသီးဆန်တွေ ဝယ်ယူပြီး   ပြည်ပတင်ပို့နေပါပြီ။

အခုအချိန်ဟာ ထန်းလျက် ဈေးကလည်းမရှိ၊   ထန်းတက် သမားလည်းရှား၊   ထန်းပင်တွေ လည်း     ခုတ်လှဲရောင်းချနေကြတဲ့ အတွက်   အခုလို  ထန်းထွက်ပစ္စည်း တွေကို    ပြင်ပကို   တင်ပို့ကာ    ဈေး ကွက်ရှာလာကြတာဟာ   ထန်း တောင်သူတွေအပါအဝင်   မြန်မာ့ ထန်းလောက    အမြဲရှင်သန်နိုင်ဖို့  ဝမ်းသာစရာပါ။    ဒါကြောင့်  GMကုမ္ဗဏီအနေနဲ့   ထန်းသီးဆန်ကို ပြည်ပတင်ပို့ဖို့   ဘယ်လိုစတင်ခဲ့ တယ်၊   ဘယ်လိုတင်ပို့နေတယ်၊   ထန်းတောင်သူတွေဆီကနေ    ဘယ်လိုဝယ်ယူနေတယ်ဆိုတာ တွေ   GM ကုမ္ဗဏီ   ဒါရိုက်တာ ဦး ကျော်စွာနဲ့  ဆက်သွယ်မေးမြန်း ထားပါတယ်။

သတင်းအပြည့်အစုံဖတ်ရန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်