အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မှ ပဲစဉ်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း တို့စိုက်ပျိးခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားချက်များ (အတိုချုပ် အချက်များ) (6.9.2017) (11:30) am

စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မှ ပဲစဉ်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း တို့စိုက်ပျိးခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားချက်များ (အတိုချုပ် အချက်များ) (6.9.2017) (11:30) am

Khant Zaw Htet
Khant Zaw Htet • 23/01/2018
မြန်မာနိုင်ငံမှ တင်ပို.နေသော ပဲမျိုးစုံတို့ကို အိန္ဒိယမှ သွင်းကုန်မူဝါဒ အရ ကန့်သတ်ချက်များ ဖြစ်ပေါ်နေပါသည်။ ထို့ကြောင့် အထူးသဖြင့် ပဲစဉ်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း တို့နှင့်ပတ်သက်၍ ဆောင်ရွက်သိရှိသင့်သည့် အချက်များ
*********************************************
(1) အိန္ဒိယမှ ပဲစဉ်းငုံ၊မတ်ပဲ ဝယ်ယူမည့် အခြေအနေများအကန့်အသတ်ရှိသဖြင့် ပဲစဉ်းငုံနှင့် မတ်ပဲ စိုက်ပျိုးမှုကို နောင်နှစ်များတွင် တောင်သူများ စဉ်းစားသုံးသပ်၍ စိုက်သင့်သည်။ ၎င်းအစား ဆီထွက်သီးနှံများ စိုက်နိုင်သည်။ ရေရသော နေရာတွင် နိုင်ငံခြားတင်ပို့ကုန် သေချာသော နွေစပါး စိုက်နိုင်သည်။ ပဲစဉ်းငုံသည် အိန္ဒိယ နိုင်ငံ တစ်နိုင်ငံတည်းမှ ဝယ်ယူ၍ ဖြစ်သည်။ ( ၎င်းတို့သည် အာဖရိကတွင် ပဲစဉ်းငုံများ စိုက်နေ၍ ဖြစ်သည်။ ကြံသီးနှံကိုလည်း စိုက်နိုင်သည်။ ပဲစဉ်းငုံ၊ မတ်ပဲ ကျယ်ကျယ်ပြန့်ပြန့်စိုက်သော နေရာများတွင် ဆီထွက်သီးနှံ၊ နွေစပါး၊ ကြံ သီးနှံတို. စိုက်နိုင်သည်)။ ရေရနိုင်လျှင် နွေစပါးစိုက်နိုင်သည်။
(2) ပဲတီစိမ်းကို နိုင်ငံပေါင်း (50) သို့ တင်ပို့နိုင်သဖြင့် ဆက်စိုက်နိုင်သည်။ သို.သော် ပိုးသတ်ဆေးဓါတ်ကြွင်းအာနိသင် နည်းနိုင်သမျှ နည်းရန် GAP စနစ်ဖြင့် မဖြစ်မနေ အပြည့်အဝ စိုက်ရမည်ဖြစ်သည်။ ဂျပန်သို့ တင်ပို့ ခဲ့ရာတွင် ဓါတ်ကြွင်းအာနိသင်များနေသဖြင့် မြန်မာနိုင်ငံသို့ ငြင်းပယ်၍ ပြန်ပို့ခဲ့သည်။
*****Phentho (ဖန္သို) ,
Acephate (အဆီဖိတ်) ,
Dimethorate (ဒိုင်မီသိုအိတ်) ,
Fipronil (ဖလစ်ပီနော)*****
တို့သည် ပဲတီစိမ်းတွင် ဓါတ်ကြွင်းအာနိသင် အများဆုံးတွေ့ရသော ပိုးသတ်ဆေးများ ဖြစ်သည်ဟု သိရပါသည်။
(3) စားတော်ပဲအား ပြည်ပမှ တန်ချိန် (1)သိန်းခန့်တင်သွင်းနေရသဖြင့် ပြည်တွင်း တွင် စိုက်လို့ရသော နေရာများးတွင် တိုးချဲု. စိုက်သင့်သည်။ ပြည်ပ မှစားတော်ပဲ တင်သွင်းခြင်းကို အခွန်တိုးမြှင့်ကောက်ရန် စီးပွားကူးသန်းနှင့် ညှိနှိုင်းထားသည်။ ထို.ကြောင့် ပြည်တွင်း စားတော်ပဲများ အလားအလာကောင်းသည်။ ကုလားပဲလည်း တိုးချဲ. စိုက်သင့်သည်။
( ညွှန်ကြားရေးမှူးချုပ် Dr. ရဲတင့်ထွန်းမှ CARTC တွင် သင်တန်းတက်နေသော တိုင်းဒေသကြီး/ပြည်နယ် ဒုတိုင်းဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊ ဒု-လ/ထ ဦးစီးမှူးများအား ၆.၉.၂၀၁၇ နေ့တွင် ပြောကြားခဲ့ပါသည် )
You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပန်ထိမ်ငိုပန်းစိုက်ရင်ဘယ်ချိန်လောက်စိုက်ရင်အကောင်းဆုံးလဲဗျ၊အရိပ်ကောကြောက်လားဗျ

Paul shan aung. • ဖြေကြားချက် 1 ခု

မတ်ပဲ စိုက်ပြီး ဘယ်နှစ်ရက်သားလောက်မှာ ငါးအမိုင်နိုဖြန်းသင့်ပါသလဲခင်မျ ပြီး ဘယ်လောက်ပမာဏ သုံးသင့်လဲပေါ့ LAB လက်တစ်အက်ဆစ်နဲ့ရော တွဲသုံးလို့ရလား သိချင်ပါတယ့် မြေခံကိုတော့ ထရိုင်ကိုဒါးမားဖြန်းခဲ့ပါတယ်

Thiha • ဖြေကြားချက် 5 ခု

ပဲပုပ်က စိုက်ကတာလား မက်ပဲလို့ခုတ်ဖုံးကျဲလို့ရလားဗျ

nay Htet • ဖြေကြားချက် 2 ခု

ပဲတီစိမ်းခုတ်ဖုံးအတွက်နည်းလမ်းလေးမျှဝေပေးပါဆရာ

moe min aye • ဖြေကြားချက် 1 ခု

ကြက်ဥ။ သံပုရာအမိုင်နို လုပ်နည်းလေးရှင်းပြပေးပါ

U Than Toe Aung • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။