ရေငန်ပုစွန် သားပေါက်ထည့်သွင်းနည်းများနှင့် သားပေါက်အတွက် ကျွေးပေးရမည့်ဖော်စပ်စာ ပြုလုပ်နည်း

24/07/2024 13:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ပုစွန်မွေးမြူရာတွင် ရေချိုပုစွန်မွေးမြူခြင်းနှင့် ရေငန်ပုစွန်မွေးမြူခြင်းဟူ၍ နှစ်မျိုးရှိပါသည်။ ပုစွန်မွေးမြူရာတွင် သားပေါက်၊ သားပေါက်မှ တစ်ဆင့် စျေးကွက်ဝင်ပုစွန်တုပ်အဖြစ်ရောက်အောင် အဆင့်ဆင့်မွေးမြူကြရသည်။ ထိုကဲ့သို့ အဆင့်ဆင့်မွေးမြူရာတွင် နေရာဒေသ၊ရာသီဥတု၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းအပြင် အကောင်ကြီးထွားနှုန်းကောင်းစေရန်အတွက်လည်း အစာသည် အဓိကနေရာက ပါဝင်နေသည်။

ထို့ကြောင့် ရေငန်ပုစွန်သားပေါက်အတွက် ကျွေးပေးရမည့် ဖော်စပ်စာကို လေ့လာတင်ပြသွားပါမည်။

ရေငန်ပုစွန် သားပေါက်ထည့်သွင်းနည်းများ

အများအားဖြင့် မည်သည့်မွေးမြူရေးလုပ်ငန်းမဆို အကောင်ပေါက်မှ အကောင်ကြီးအဖြစ်သို့ရောက်အောင် မွေးမြူကြရသည်။ မွေးမြူရာတွင်လည်း နည်းစနစ်အမျိုးမျိုးရှိပါသည်။ ရေငန်ပုစွန် မွေးမြူရာတွင် နေရာဒေသ၊ ရာသီဥတု၊ ရေမြေအခြေအနေအရ အနည်းငယ်ကွဲပြားမှုတော့ ရှိနိုင်ပါသည်။ သို့သော် အဓိကအားဖြင့် အခြေခံမွေးမြူနည်း၊ သို့မဟုတ် ကန်အတွင်း သားပေါက်ထည့်သွင်းနည်း ၃ နည်းရှိသည်ဟု သိရသည်။ ကန်ရွေးချယ်ရာတွင် ရေချို၊ ရေငန်နှင့် ရေငန်စပ်သောနေရာများကို မွေးမြူရေးကန်အဖြစ် ပြုလုပ်ကြသည်။ ကန်အတွင်းသားပေါက်ထည့်သွင်းရာတွင် အောက်ပါအတိုင်း ထည့်သွင်းနိုင်သည်။

  1. ပထမတစ်နည်းမှာ ပုစွန်သားပေါက်ချိန်တွင်  ကန်အတွင်းသို့ ဒီရေနှင့်အတူ ရေသွင်းပေါက်မှ ပုစွန်သားပေါက်သွင်းပေးခြင်းဖြစ်သည်။ ထိုသို့ ပုစွန်သားပေါက်သွင်းရာတွင် အခြားငါးများ မပါအောင် ဆန်ခါ သို့မဟုတ် ယင်းဖြင့် ကာထားရမည်။ အဆိုပါနည်းသည် ကုန်ကျစရိတ် သက်သာသည်။ သို့သော် ပုစွန်ကန်အတွင်းသို့ အသားစားငါးများ မပါဖို့တော့ လိုပါသည်။
  2. ဒုတိယနည်းမှာ ပုစွန်သားပေါက်များကို စနစ်တကျ ရှာဖွေဖမ်းဆီးပြီး ကန်အတွင်းသို့ ထည့်ပေးခြင်း ဖြစ်သည်။
  3. တတိယနည်းမှာ ဥကပ်ပုစွန်များကို ရွေးချယ်၍ အခန်းတွင်းသားပေါက်ပြီး ပုစွန်သားပေါက်များကို ကန်အတွင်း ထည့်ပေးခြင်းမျိုးဖြစ်သည်။ပုစွန်မွေးမြူမည့် ကန်အတွင်းရှိရေသည် အနက် ၁ ပေခွဲမှ ၂ ပေ အထိ ရှိရပါမည်။ 

ရေငန်ပုစွန်သားပေါက်အတွက် ဖော်စပ်စာများ

ယခုဖော်ပြမည့် ဖော်စပ်စာသည် ရေငန်ပုစွန်သားပေါက်အတွက် သာမက သားလောင်းများနှင့် သက်နုအဆင့်အထိ အသုံးပြုနိုင်သည်။ ရေငန်ပုစွန်သားပေါက်အတွက် ဖော်စပ်စာနှုန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စပ်စာ-၁

ငါးမှုန့်                 -  ၃၀၀

ပုစွန်ခြောက်မှုန့်  -  ၁၅၀

ပဲပိစပ်မှုန့်         -   ၁၅၀

ဘောစကိုင်းရွက်မှုန့် -    -

ဖွဲနု                 -    ၁၅၀

ဂျုံမှုန့်             -    ၁၅၀

သာကူမှုန့်       -      ၅၀

မြေပဲဆီ         -      ၂၀

ငါးကြီးဆီ       -      ၂၀

ဗီတာမင်စီ     -      သုည ဒသမ ၅

ရေ              -       ၂၀၀

စပ်စာ-၂

ငါးမှုန့်             -    ၁၇၅

ပုစွန်ခြောက်မှုန့်-   ၂၂၅

ပဲပိစပ်မှုန့်       -   ၂၀၀

ဘောစကိုင်းရွက်မှုန့် -  ၁၀၀

ဖွဲနု               -    ၈၀

ဂျုံမှုန့်           -   ၁၀၀

သာကူမှုန့်     -    ၅၀

မြေပဲဆီ     -    ၃၀

ငါးကြီးဆီ  -     ၃၀

ဗီတာမင်စီ -    သုည ဒသမ ၅

ရေ          -     ၂၀၀

စပ်စာ-၃

ငါးမှုန့်        -      ၂၇၅

ပုစွန်ခြောက်မှုန့် - ၂၇၅

ပဲပိစပ်မှုန့်    -       -

ဘောစကိုင်းရွက်မှုန့် -  -

ဖွဲနု            -     ၂၀၀

ဂျုံမှုန့်        -    ၁၅၀

သာကူမှုန့်  -     ၅၀

မြေပဲဆီ     -     ၂၀

ငါးကြီးဆီ  -      ၂၀

ဗီတာမင်စီ  -     သုည ဒသမ ၅

ရေ           -       ၂၀၀ တို့ ဖြစ်သည်။ 

အထက်ဖော်ပြပါ အချိုးအစားများ၏ အလေးချိန်သည် ဂရမ်အလေးချိန်များသာ ဖြစ်သည်။ အထက်ပါ ဖော်စပ်စာပြုလုပ်နည်းများအနက် မိမိနှစ်သက်ရာဖော်စပ်စာကို ပြုလုပ်ကျွေးနိုင်ပါသည်။

နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် ရေငန်ပုစွန်သားပေါက်ထည့်သွင်းနည်း ၃ နည်းရှိသည့်အနက် ပထမနည်းသည် အကုန်အကျအသက်သာဆုံး ဖြစ်သည်။ ထို့ကြောင့် ရေငန်ပုစွန်မွေးမြူလိုသူများအတွက် အထောက်အကူဖြစ်စေရန် လေ့လာတင်ပြခြင်းဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်