နှမ်းရိုးသုံးပြီး တိုးတက်အောင်လုပ်မယ်

07/02/2019 18:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

စပါးစိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် ဓာတ်မြေသြဇာများ စနစ်တကျ သုံးစွဲရန် လိုအပ်သကဲ့သို့ သဘာဝမြေသြဇာများကိုလည်း မဖြစ်မနေ တွဲဖက်အသုံးပြုရန် လိုအပ်ပါသည်။ စိုက်ပျိုးရေးကဏ္ဍမှ ထွက်ရှိသော သဘာဝမြေသြဇာများတွင် နှမ်းပုံခါအပြီး ရရှိသော နှမ်းရိုးများသည်လည်း သုံးစွဲရန် သင့်တော်သော တန်ဖိုးရှိသည့် စွန့်ပစ်ပစ္စည်းတစ်ခု ဖြစ်ပါသည်။ နှမ်းရိုးတွင် ပါဝင်သော အာဟာရဓာတ်များ -

နိုက်ထရိုဂျင် - ၁.၅၀%

ဖော့စ်ဖရပ်စ် - ၀.၂၄%

ပိုတက်ရှ်  - ၂.၄၀%

သစ်ဆွေးဓာတ် - ၉၆.၀၀%

ကာဘွန် : နိုက်ထရိုဂျင် - ၃၇ : ၁

စပါးစိုက်ပျိုးရေးအတွက် လက်တွေ့အသုံးပြုနည်း 

နှမ်းရိုးခါပြီး ရရှိသောနှမ်းရိုးများကို လက်ဆုပ်စီးခန့် အစည်းငယ်များစည်းပါ။ စပါးစိုက်ပြီး တစ်လသားအရွယ်တွင် ရေ ရှိနေသော စပါးတန်းကြားအတွင်း နှမ်းရိုးများကို အလျားလိုက် ခြေဖြင့်နင်းမြုပ်ပေးပါ။ စပါးပင်တန်းကြား ထည့်ထားသော နှမ်းရိုးအစည်းများသည် လယ်ကွင်းအတွင်းရှိ ရေမျက်နှာပြင်အောင်သို့ မြုပ်နေရန် အရေးကြီးပါသည်။ သို့မှသာ နှမ်းရိုး တွင်ပါသော ပိုတက်စီယမ်ဓာတ်သည် တစ်ညတာရေစိမ်ရုံမျှဖြင့် စပါးခင်းအတွင်းသို့ရောက်ရှိကာ စပါးပင်မှ ရရှိနိုင်ပါ သည်။ နှမ်းရိုးထည့်သွင်းပြီးသည့် အကွက်မှ ရေအား ၃ ရက်မှ ၅ရက် ကြာထိ ထိန်းထားပေးပါ။ ရေပြန်မထုတ်ပါနှင့်။ မှတ်ချက်။ ။ နှမ်းစိုက်ခင်း တစ်ဧကမှ နှမ်းထောင်ပြီး နှမ်းရိုး (၁ - ၁.၅) တန်ထိ ထွက်ရှိနိုင်ပြီး ထိုပမာဏသည် စပါး စိုက်ခင်းတစ်ဧကကို ထည့်ပေးရန် လုံလောက်ပါသည်။

အကျိုးကျေးဇူး

နှမ်းရိုးထည့်ပေးခြင်းဖြင့် စပါးအထွက် ၁၀% မှ ၃၀% ထိ တိုးလာနိုင်ပါသည်။ စိမ့်ဆွဲသောမြေနှင့် ဒုံပေါက်သော မြေများ တွင် သီးနှံစိုက်ပျိုးရန်နှင့် မြေပြင်ရန် ခက်ခဲသောအခြေအနေရှိပါက သီးနှံတစ်ရာသီလှပ်ပြီး ယင်းအကွက် ထဲသို့ နှမ်းရိုး များ ရနိုင်သမျှ ညီညာစွာ ဖြန့်ချပေးခြင်းဖြင့် သီးနှံ (၂-၃) ရာသီ ဆက်တိုက်ပြုလုပ်ပေးပါက ပြန်လည် စိုက်ပျိုးရနိုင်သည့် မြေ ဖြစ်လာနိုင်ပါသည်။ နှမ်းရိုးတွင် ပိုတက်စီယမ်ဓာတ်ကြွယ်ဝပြီး မဆွေးမြေ့မီကပင် ထည့်ပြီး (၃) ရက်တွင်း စပါးခင်း တွင် ရေရှိပါက ပါဝင်သော စုစုပေါင်း ပိုတက်စီယမ်ဓာတ်၏ ၄၀% ကို ထုတ်ပေးနိုင်သဖြင့် စပါးပင်မှ ရရှိနိုင်သည်။

စပါးခင်းတွင် ထည့်ပေးထားသော နှမ်းရိုး (၁) တန် ဆွေးမြေ့သွားပါက နှမ်းရိုးမှ ယူရီးယား (၂၅)ပေါင်၊ တီစူပါ (၅) ပေါင် နှင့် ပိုတက်ရှ် (၃၅) ပေါင်ခန့်နှင့် ညီမျှသော အပင်အာဟာရဓာတ်များ သစ်ဆွေးဓာတ်များ တိုးတက်လာပြီး မြေကြီးတွင် မြေသြဇာ ပြန်လည်ထက်သန်လာနိုင်ပါသည်။

Source - စိုက်ပျိုးရေးဦးစီးဌာန

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်