နှမ်း..အာဟာရချို့တဲ့မှု

Thein Soe     28/11/2018 14:59 PM     Content Provider - ACARE
Photo - nutrient deficiency

နိုက်ထရိုဂျင်ချို့တဲ့မှုလက္ခဏာ

နိုက်ထရိုဂျင်ဓာတ် ချို့တဲ့မှုပြင်းထန်လာလျှင် အောက်ဘက်ရှိအရွက်များ အဝါရောင်သို့ ပြောင်းသွားပြီး အပေါ်ပိုင်းအရွက်များသည် အစိမ်းဖျော့ရောင် ပြောင်းသွားမည်။ 

ဖော့စဖရပ်ချို့တဲ့မှု လက္ခဏာ

အောက်ရွက်၏ ရွက်ကြောများအကြားမှ စတင်၍ ခရမ်းရောင်ဖြစ်ပေါ်ပါသည်။ နောက်ပိုင်းတွင် အရွက်တစ်ခုလုံး အညိုရောင်အကွက်များ ဖြစ်သွားပါသည်။ 

ပိုတက်စီယမ်ချို့တဲ့မှု လက္ခဏာ

အောက်ရွက်များတွင် အရွက်၏ဘေးနားတစ်လျောက်နှင့်  ရွက်ကြောများကြား အစိမ်းရောင်ဖျော့သွားခြင်းကို တွေ့ရပါသည်။  

Source - ACARE စိုက်ပျိုးရေးတက္ကသိုလ်



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ခဝဲပွင့်တုန်း တန်ဆောင်မုန်း"