ဟင်းသီးဟင်းရွက်စိုက်ပျိုးသော တောင်သူများ စိုက်ခင်းနေရာရွေးချယ်နည်း
စိုက်ခင်းနေရာသည်
- တစ်နှစ်ပတ်လုံး သို့ စိုက်ပျိုးရာသီချိန်တစ်လျှောက်လုံး ရေရရှိသည့် အရင်းအမြစ်တစ်ခုရှိသင့်ပါသည်။ ရေပုံမှန်လောင်းရန်လိုအပ်သောကြောင့်ဖြစ်ပါသည်။
- မြေသားအမျိုးအစားများကိုလည်း စစ်ဆေးပါ။ ရေထိန်းစွမ်းအားမကောင်းသော သဲမြေတွင် အော်ဂဲနစ်မြေသြဇာများ ထည့်သွင်းပြုပြင်နိုင်ပါသည်။
- တစ်ရက်လျှင် အလင်းရောင် အနည်းဆုံး (၆)နာရီ ရရှိသောနေရာကိုရွေးချယ်ပါ။ အပင်ကြီးထွားမှုနှင့် အစာချက်လုပ်ရန်အတွက် နေရောင်သည် အကောင်းဆုံးအထောက်အကူဖြစ်ပါသည်။
- စိုက်ခင်းနေရာတွင် ကျရောက်ခဲ့သော အင်းဆက်နှင့် ဖျက်ပိုးများ၊ ရောဂါများ၏ နောက်ခံသမိုင်းကြောင်းများကို လေ့လာသုံးသပ်ပါ။ တူညီသောမျိုးရင်းဝင် သီးနှံများကို ထပ်မံစိုက်ပျိုးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။
- ရာသီဥတု အခြေအနေများ၊ ပူခြင်း၊ အေးခြင်း၊ မိုးများခြင်း၊ မိုးနည်းခြင်း၊ ရေလွှမ်းမိုးခြင်း စသည့်အချက်များကိုလည်း ထည့်သွင်းစဉ်းစားရွေးချယ်သင့်ပါသည်။
- မြေမျက်နှာသွင်ပြင် အနိမ့်အမြင့်၊ ဆင်ခြေလျှောများ၊ ကွန်တိုများကိုလည်း စစ်ဆေးပြီး ပြင်ဆင်ထားသင့်ပါသည်။
စိုက်ခင်းနေရာကိုလည်း
- ပေါင်းမြက်များရှင်းလင်းခြင်း (ပန်းမပွင့်မီ (သို့) မျိုးစေ့မထုတ်မီကာလတွက် ဖယ်ရှားပါ)
- သီးနှံအကြွင်းအကျန်များဖယ်ရှားရှင်းလင်းပေးခြင်းများပြုလုပ်ပြီး
- ရောဂါကျရောက်နေသောသီးနှံများကိုဖယ်ထုတ်ပြီး မြေကျင်း သို့ မြေဆွေးပုံများပြုလုပ်ထားသင့်ပါသည်။
- ကျောက်တုံးကျောက်ခဲများရှိပါက ကြိုတင်ဖယ်ရှားထားသင့်ပါသည်။
စိုက်ဘောင်များပြုလုပ်ခြင်း
စိုက်ဘောင်များ ပြုလုပ်စိုက်ပျိုးခြင်းအားဖြင့် သီးနှံများကို စီမံခန့်ခွဲမှုများ ကို ပိုမိုလွယ်ကူစေပါတယ်။
- စိုက်ဘောင်များပြုလုပ်ရန်အတွက် (၃) ပေအကျယ်၊
- အမြင့် (၄-၈)လက်မ (မိုးရာသီအတွက် (၁)ပေမှ (၁)ပေခွဲ) ရှိသော စိုက်ဘောင်များကို
- ဘောင်ကြား တစ်ပေခွဲ စီ ခြားပြီး ပြုလုပ်ပါ။
- စိုက်ဘောင် အရှည် (၆) ပေတိုင်းတွင် ကောင်းစွာဆွေးမြည့်သော မြေဆွေး ဒါမှ မဟုတ် ဒေသတွင်း ရရှိနိုင်သည့် သဘာဝမြေသြဇာ (၂)ပြည် ကို ထည့်ပေးပါ။
မြေကြီးတွင်းပါဝင်သည့် ဓာတ်များကို စစ်ဆေးကြည့်ပါ။
- ချဉ်ငံကိန်းသည် အပင်လိုအပ်သည့်ပမာဏအောက် လျော့နည်းနေပါက ပညာရှင်များအကူအညီဖြင့် ထုံးထည့်ရန်ပြင်ဆင်ပါ။
- မြေကြီးတွင် ပါဝင်နေသည့် နိုက်ထရိုဂျင်၊ တီစူပါ၊ ပိုတက်ရှ် တို့ကို စစ်ဆေးပါ။

မြေဆီသြဇာကောင်းမွန်စေရန်အတွက် အကောင်းဆုံးအကြံပြုချက်များ
(၁) သစ်ရွက်စိမ်းမြေသြဇာ
ပဲမျိုးရင်းဝင်အပင်များကို အသုံးပြုပြီး ပန်းမပွင့်မီ ထယ်ထိုးမြေမြုပ်ပေးခြင်းအားဖြင့် မြေဆီလွှာအခြေအနေကိုတိုးတက်ကောင်းမွန်စေပါသည်။
(၂) သီးလှည့်စိုက်ပျိုးခြင်း
မျိုးရင်းဝင်မတူသော သီးနှံများကို အလှည့်ကျစိုက်ပျိုးပေးခြင်းအားဖြင့် မြေဆီလွှာတွင်း အာဟာရဓာတ်များကို ထိန်းသိမ်းနိုင်ပါသည်။
(၃) ဖုံးအုပ်စိုက်ပျိုးခြင်း
ကောက်ရိုး၊ သစ်ရွက်ခြောက် စသည်တို့ဖြင့် စိုက်ဘောင်တစ်ခုလုံးကို ဖုံးအုပ်စိုက်ပျိုးပေးခြင်းအားဖြင့်
မြေအစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ အသီးများကို မြေကြီးနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပေးခြင်း၊ မြေကြီးသိပ်သည်းမှုနှင့် တိုက်စားခြင်းများကို လျော့ချပေးနိုင်ခြင်း၊ ပေါင်းပင်များ၏ ကြီးထွားမှုကို လျော့ကျစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့
မြားနီနည်းပညာပေးရေးအဖွဲ့
မြားနီနည်းပညာပေးရေးအဖွဲ့ သည် မြားနီမျိုးစေ့ ကုမ္ပဏီနှင့် ထူးခြားသော ချိတ်ဆက်မှုရှိသည့် အကျိုးအမြတ်မယူသော အဖွဲ့ အစည်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး အပူပိုင်းဒေသရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူများ၏ လူနေမှုဘဝမြင့်မားလာစေရေး၊ လုံခြုံစိတ်ချရသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများ ပံ့ပိုးကူညီပေးခြင်းနှင့်ဈေးကွက်ကိုဖော်ဆောင်နိုင်ရေးအတွက်တောင်သူများနှင့် ချိတ်ဆက်ပြုလုပ်ဆောင်ရွက်နေသောအဖွဲ့ဖြစ်ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
ဘာဆေးသုံးရင်ကောင်းမလည်း
အောင်သန်းဦး • ဖြေကြားချက် 1 ခု
အမေးကဏ္ဌတော့မဟုတ်ပါဘူးကျေးဇူးတင်ကြောင်းလေးပြောခြင်လို့ပါ..သိခြင်တာလေးတွေမေးပြီးပတ်တာအထွက်နုန်းသိသိသာသာတိုးလို့ပါ...မေးသမျှဖြေကြားပေးတဲ့စိုက်ပျိုးရေးအသိပညာရှင်များကိုကျေးဇူးအထူးတင်ပါတယ်ဗျာ....
သန်းထိုက်အောင် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026