မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်ခြင်းရဲ့ အကျိုးကျေးဇူးများ
သီးနှံတွေစိုက်ပျိုးတဲ့အခါ မြေပြင်ချိန်ကနေ စလို့ သီးနှံရဲ့ သက်တမ်းတစ်လျှောက်မှာ ဓာတ်မြေဩဇာတွေ၊ သဘာဝမြေဩဇာတွေကို ထည့်သွင်းအသုံးပြုကြလေ့ ရှိပါတယ်။ မြေဩဇာကျွေးခြင်းဟာ ကောင်းတဲ့အလေ့အကျင့်ဆိုပေမယ့် မလိုအပ်တဲ့အချိန် မလိုအပ်တဲ့ နေရာမှာ ကျွေးခဲ့ပြန်ရင်လည်း ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။ ထို့ကြောင့် မိမိအသုံးပြုလိုက်ရတဲ့ ငွေကြေး၊ လုပ်အားနဲ့ အမှန်တကယ် အကျိုး ရှိ/ မရှိ တို့ကို ပြန်လည်ချိန်ဆဖို့ လိုအပ်ပါတယ်။ ယခုလို စိုက်ပျိုးရေးသွင်းအားစုတွေ ဈေးနှုန်းမြင့်တက်နေတဲ့ အချိန်မှာ ပိုလို့တောင် ချိန်ဆသင့်ပါသေးတယ်။
ယခုနောက်ပိုင်းမှာတော့ သီးနှံတွေ စိုက်ပျိုးရာမှာ ဓာတ်မြေဩဇာတွေ အသုံးပြုတဲ့အခါ အမှန်တကယ် ထိရောက်မှုရှိပြီး အထွက်နှုန်းကောင်းလာစေဖို့ အကျိုးအမြတ်တွေ ရရှိဖို့အတွက် မြေဆီလွှာကို ဓာတ်ခွဲစမ်းသပ်သင့်တယ်ဆိုတာ တောင်သူဦးကြီးတွေ အတော်များများ လက်ခံလာကြပီလည်း ဖြစ်ပါတယ်။
ယနေ့အချိန်မှာ မြေဆီလွှာဓာတ်ခွဲစမ်းသပ်နိုင်တဲ့ ဝန်ဆောင်မှုတွေလည်း ရှိနေတာမို့ အလွယ်တကူ စမ်းသပ်စစ်ဆေးနိုင်ကြပြီ ဖြစ်ပါတယ်။ စိုက်ခင်း မြေဆီလွှာကို စမ်းသပ်ရာမှာ မြေနမူနာကို ဓာတ်ခွဲခန်းရှိရာသို့ ပေးပို့စမ်းသပ်နိုင်သလို မိမိစိုက်ခင်းထဲမှာကိုပဲ အလွယ်တကူအသုံးပြုနိုင်တဲ့ မြေဆီလွှာ ဓာတ်ခွဲသေတ္တာ (soil test box) တွေ နဲ့လည်း စမ်းသပ်စစ်ဆေးနိုင်ပါတယ်။ ထို့အပြင် မြေဆီလွှာရဲ့ ချဥ်/ ငန် ကိန်းကို အလွယ်တကူ တိုင်းတာနိုင်တဲ့ မြေ ချဥ်/ ငန်တိုင်း ကိရိယာ (pH meter) တွေကိုလည်း အသုံးပြုလို့ရပါတယ်။
မြေဆီလွှာရဲ့ အာဟာရဓာတ်တွေ ကုန်ခမ်းလာခြင်းနဲ့ ပျက်စီးလာခြင်းဟာ တောင်သူတွေအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ သင့်တော်မှု မရှိတဲ့ မြေဆီလွှာ စီမံခန့်ခွဲမှုတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ အာဟာရပြည့်ဝတဲ့ မြေဆီလွှာ တန်ချိန်ပေါင်း ၂၄ ဘီလီယံဟာ နှစ်စဥ် ဆုံရှုံးနေတာလည်း ဖြစ်ပါတယ်။
မြေဆီလွှာကို ဓာတ်ခွဲစမ်းသပ်လိုက်ခြင်းအားဖြင့် မြေဆီလွှာရဲ့ အာဟာရဓာတ် ပါဝင်မှု၊ ချို့တဲ့နေမှု၊ ချဥ်/ ငန် ကိန်း ပမာဏ၊ အော်ဂဲနစ်ဒြပ်စင်များ ပါဝင်နေမှု စတာတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်မှုကနေ ရရှိလာတဲ့ အစီရင်ခံစာတွေဟာဆိုရင် ကျွန်ုပ်တို့ စိုက်ခင်းနဲ့ သင့်တော်မယ့် မြေသြဇာအသုံးချမှု အကြံပြုချက်တွေကိုလည်း ထိထိရောက်ရောက် သိရှိမှာဖြစ်ပါတယ်။ ထို့ကြောင့် မြေဆီလွှာကို ဓာတ်ခွဲစမ်းသပ်ခြင်းဟာ လယ်ယာစိုက်ခင်းစီမံခန့်ခွဲမှုအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်ဖို့ရာအတွက် မိမိသီးနှံစိုက်ခင်းအတွင်းကနေ စနစ်တကျမြေနမူနာ ယူနည်းကိုတော့ “ ဓာတ်ခွဲစမ်းသပ်ဖို့ မြေနမူနာယူမယ်” ဆိုတဲ့ ဆောင်းပါးမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။

မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်ခြင်းကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ
မြေဆီဩဇာ ကောင်းမွန်ခြင်းကို မြေဆီလွှာရဲ့ ဓာတုဂုဏ်သတ္တိ၊ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိနဲ့ ဇီဝ ဂုဏ်သတ္တိများအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။ မြေဆီလွှာကို စမ်းသပ်စစ်ဆေးခြင်းအားဖြင့် မိမိရဲ့ စိုက်ခင်းမြေဆီလွှာမှာ ဖော်ပြပါ ဂုဏ်သတ္တိများ ရှိ/ မရှိကို သိရှိနိုင်မှာ ဖြစ်ပါတယ်။
မြေဆီလွှာကို စမ်းသပ်စစ်ဆေးခြင်းဟာ မြေဆီလွှာနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ပိုမိုသိရှိစေပြီး မြေဆီလွှာတိုက်စားမှု၊ မြေဆီဩဇာညံ့ဖျင်းမှုနဲ့ ပျက်စီးယိုယွင်းခြင်းကဲ့သို့သော မြေဆီလွှာဆိုင်ရာ အန္တရာယ်တွေကို လျှော့ချပေးနိုင်မှာဖြစ်ပြီး ရေရှည်မှာ လယ်ယာလုပ်ငန်းမှ အကျိုးအမြတ်တွေကို တိုးမြင့်လာစေမှာ ဖြစ်ပါတယ်။
မြေဆီလွှာကို စမ်းသပ် စစ်ဆေးလိုက်ခြင်းအားဖြင့် အပင်အတွက် အများဆုံးလိုအပ်တဲ့ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်နဲ့ ပိုတက်စီယမ် ကဲ့သို့ အရေးပါတဲ့ အာဟာရဓာတ်တွေ မိမိစိုက်ခင်း မြေဆီလွှာထဲမှာ ပမာဏဘယ်လောက်ရှိနေတယ်၊ ဘယ်နေရာမှာရှိနေတယ် ဆိုတာမျိုး သိရှိခွင့် ရမှာဖြစ်ပါတယ်။
ဓာတ်ခွဲစမ်းသပ်တဲ့အခါ မြေဆီလွှာကျန်းမာရေးအတွက် အရေးပါသလို သီးနှံတွေရဲ့ အထွက်နှုန်းအပေါ်မှာ သက်ရောက်နိုင်တဲ့ ဂုဏ်သတ္တိတွေဖြစ်တဲ့ ချဥ်/ ငန် ကိန်း (pH)၊ မြေဆီလွှာရှိ ဆားပျော်ဝင်မှု (Soil electrical conductivity – EC)၊ မြေဆီလွှာမှာရှိတဲ့ အော်ဂဲနစ် ဒြပ်စင်ပမာဏ (Organic content – OC) စတာတွေရဲ့ အခြေအနေကို သိရှိခွင့် ရမှာ ဖြစ်ပါတယ်။
မြေဆီလွှာကို စမ်းသပ်စစ်ဆေးခြင်းဖြင့် တောင်သူများအနေနဲ့ အာဟာရဓာတ်တွေနဲ့ ရေကို ထိရောက်စွာ အသုံးချနိုင်မှာဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ်စွမ်းအားကိုလည်း တိုးတက်စေနိုင်မှာဖြစ်ပါတယ်။
မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်ခြင်းဖြင့် မြေဆီလွှာနဲ့ သီးနှံပင်တွေရဲ့ အာဟာရ လိုအပ်မှုအပေါ် မူတည်ပြီး အသုံးပြုရမယ့် မြေဩဇာအမျိုးအစား၊ နှုန်းထား၊ အသုံးပြုရမယ့်အချိန်နဲ့ နေရာများကိုပါ အတိအကျ သိရမှာ ဖြစ်ပါတယ်။
မြေဆီလွှာနဲ့ သီးနှံအတွက် အမှန်တကယ်လိုအပ်တဲ့ မြေဩဇာအမျိုးအစားနဲ့ နှုန်းထားများ သိရှိရမှာ ဖြစ်တဲ့အတွက် မလိုအပ်တဲ့ ဓာတ်မြေဩဇာတွေ ဝယ်ယူအသုံးပြုရခြင်းအတွက် ငွေကြေးကုန်ကျမှု လျော့နည်းသွားမှာလည်း ဖြစ်ပါတယ်။
မြေဆီလွှာကို ဓာတ်ခွဲစမ်းသပ်လိုက်တဲ့အတွက် စိုက်ခင်းအတွက် အသုံးပြုရမယ့် အာဟာရဓာတ်တွေကို အတိအကျ သိနိုင်မှာမို့ အပင်ညီညာပြီး ကြီးထွားမှုကောင်းခြင်း၊ ပေါင်းမြက်များနဲ့ ကောင်းစွာ ယှဥ်ပြိုင်နိုင်ခြင်း၊ သီးနှံများရင့်မှည့်မှု ညီညာခြင်းနဲ့ အရည်အသွေးကောင်းခြင်း စတဲ့ ကောင်းကျိုးတွေလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
မြေဆီလွှာရဲ့ အာဟာရပါဝင်မှုကို မသိဘဲ ဓာတ်မြေဩဇာတွေ အသုံးပြုတဲ့အခါမှာ မြေဩဇာအလွန်အကျွံ သုံးစွဲမိတာမျိုးဖြစ်နိုင်ပါတယ်။ မြေဩဇာတွေ အလွန်အကျွံ သုံးစွဲတဲ့အခါမှာ ရလဒ်အနေနဲ့ မြေဩဇာလောင်ပြီး အရွက်တွေဝါလာတာမျိုး၊ ကျွေးလိုက်တဲ့ အဟာရတွေ တဖြည်းဖြည်း စိမ့်ထွက် ဆုံးရှုံးကုန်တာမျိုး၊ ပတ်ဝန်းကျင်နဲ့ ရေထုကို ညစ်ညမ်းစေတာမျိုးအပြင် ရေနေသတ္တဝါတွေကို ထိခိုက်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် မြေဆီလွှာကို ဓာတ်ခွဲစမ်းသပ်ခြင်းဖြင့် မြေဩဇာအလွန်အကျွံ သုံးစွဲမိတာမျိုးကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
တောင်သူဦးကြီးများအနေဖြင့် ဓာတ်မြေဩဇာတွေကို ပုံမှန်အသုံးပြုနေတာထက် မိမိစိုက်ခင်းရဲ့ မြေဆီလွှာနဲ့ အပင်တွေအတွက် အမှန်တကယ်လိုအပ်မယ့် မြေဩဇာအမျိုးအစားနဲ့ နှုန်းထားများကို သိရှိပြီး အသုံးပြုတာက အချိန်ကုန်သက်သာ၊ လူအင်အား ငွေအား သက်သာပြီး အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ထို့ကြောင့် မြေဆီလွှာကို ဓာတ်ခွဲစမ်းသပ်ပြီးမှ မိမိရဲ့စိုက်ခင်းများမှာ ဓာတ်မြေဩဇာတွေကို အသုံးပြုကြဖို့ အကြံပြုလိုက်ရပါတယ်ခင်ဗျ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မြေဆီလွှာပြုပြင်ထိန်းသိမ်းရေး
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဝေဖြိုး
လွန်ခဲ့သော ၁ နှစ် ကမြေအဟာရစစ်တာဘယ်လောက်ပေးရလဲ ဘယ်လောက်အချိန်ပေးရလဲ တောင်သူတွေအနေနဲ့တတ်နိုင်သောနှုန်းထားရှိလား
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကအကောင်စုံးကတစ်ဟစ်တာကိုငါးနေရာရှိမြေကြီကိုစပ်သပ်ကြည်တာကိုသဘေားကြတယ်
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံအဖြစ်ထည့်သုံးလို့ရလားဗျ..
kyaw min latt • ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
မဂ်လာပါEM ၁လီတာဗူးကို ၁ဧက အတွက်အကုန်သုံးရမှာလာ ဆေးပုံးတစ်ပုံးကိုဘယ်လောက်ဖျန်းရမလဲဖြေကြားပေးပါ။
bominthu • ဖြေကြားချက် 1 ခု
အိမ်စားဖို့ ဆလပ်ရွက် ၊ ပူစီနံ ၊ ကိုက်လန်၊ ကန်စွန်း၊နံနံ ၊ အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်လေးတွေ ပျိုးထားပါတယ်။ စိုက်ပျိုးဖို့မြေက အဆင်ပြေရဲ့လား ဘာထည့်ပေးရဦးမလဲ သိချင်လို့ပါဆရာ။ မြေကြီးစမ်းသပ်ကြည့်တာကတော့ - အောက်ဆုံးအလွှာ 1.5cm အလယ်အလွှာ 1.4cm အပေါ်ဆုံးအလွှာ 0.6cm စုစုပေါင်းအမြင့် 3.5cm ရှိပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ။
ကို ငယ် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from ဇင်ထူးနိုင်
အားလုံး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026