စပါးအပြီး သီးထပ်ပဲပုပ်
မိုးစပါးအပြီးဆောင်းသီးနှံ တစ်မျိုးမျိုးကို စိုက်တော့မယ်ဆိုရင် ပဲပုပ်သီးနှံကိုလည်း ထည့်သွင်း စဉ်းစားသင့်သည်။
စိုက်ပျိုးသည့်ပဲပုပ်မျိုးများမှာ ဒေသကိုလိုက်၍ အကြိုက်တူညီခြင်းမရှိချေ။ အမည်အမျိုးမျိုးဖြင့် ပဲပုပ်မျိုးများစွာကို စိုက်ပျိုးလျက် ရှိသည်။ ငွေပုလဲ၊ လားရှိုးလုံးကြီး၊ သိန္နီလုံးကြီး၊ ရှမ်းစိမ်း၊ တာချီလိတ်မျိုုး၊ ကချင်ပဲပုပ်၊ တရုတ်ပဲ၊ ရွှေမြိုင်ပုလဲ၊ အက်စ်ဘီ-၄၅၊ အက်စ်ဘီ-၆၀၊ ရေဆင်းပဲပုပ်-၁၊ ရေဆင်းပဲပုပ်-၂၊ ရေဆင်းပဲပုပ်-၃၊ ရေဆင်းပဲပုပ်-၄ စသည်တို့ဖြစ်သည်။ နောက်ပိုင်းတွင် ရေဆင်းပဲပုပ်-၅၊ ရေဆင်းပဲပုပ်-၆၊ ရေဆင်းပဲပုပ်-၁၁ စသည်တို့ကိုလည်း စိုက်ပျိုးလာကြောင်းသိရသည်။
သုတေသနပြုထုတ်ဝေထားသည့်မျိုုးများအနက် ထင်ရှားသောမျိုးများ၏ သိရှိမှတ်သားသင့်သည့် အရည်အချင်း လက္ခဏာများကို ဖေါ်ပြလိုပါသည်။
ရေဆင်းပဲပုပ်-၃ : အသက်ရက် ၈၀ မှ ရက် ၈၅ ဖြင့်ရိတ်သိမ်းနိုင်သည်။ အပင် ၅၀ ရာခိုင်နှုန်း၏ပန်းပွင့်ရက်မှာ ၃၅ ရက်ခန့်ဖြစ်သည်။ တစ်ပင်ပါသီးတောင့် ၄၀ မှ ၅၀ ရှိပြီး တစ်တောင့်ပါအစေ့မှာ ၃ စေ့နှင့် အစေ့ ၁၀၀ အလေးချိန်မှာ ၁၃ မှ ၁၄ ဂရမ်ဖြစ်သည်။ ဆီပါဝင်မှုရာခိုင်နှုန်းမှာ ၁၉ ဒသမ ၄၁ ခန့် ဖြစ်ပြီး အသားဓာတ်ပါဝင်မှုမှာ ၃၄ ဒသမ ၄၅ ရာခိုင်နှုန်းခန့်ရှိသည်။ အစေ့အရောင်မှာ အဝါရောင်ရှိပြီး ချက်အရောင်မှာ အနက်ရောင်ဖြစ်သည်။ အသက်လျင်အထွက်ကောင်းမျိုးဖြစ်ပြီး ဒေသမရွေး စိုက်ပျိုးနိုင်ကာ စပါးအပြီးသီးထပ်စိုက်ပျိုးရန် သင့်တော်ကြောင်းသိရပါသည်။
ရေဆင်းပဲပုပ်-၅ : သက်တမ်းရက် ၁၁၀ မှ ၁၂၀ ရှိသည်။ အပင် ၅၀ ရာခိုင်နှုန်း၏ပန်းပွင့်ရက်မှာ ၄၅ ရက်ခန့်ဖြစ်သည်။ တစ်ပင်ပါသီးတောင့် ၄၀ မှ ၅၀ သီးသည်။ တစ်တောင့်ပါ အစေ့ ၃ စေ့ရှိသည်။ အစေ့ ၁၀၀ အလေးချိန်မှာ ၁၆ မှ ၁၇ ဂရမ် ဖြစ်သည်။ ဆီပါဝင်မှုမှာ ၂၂ ရာခိုင်နှုန်းခန့် ဖြစ်သည်။ အစေ့အရောင်မှာ အဝါရောင်ရှိပြီး ချက်အရောင်မှာ အနက်ရောင် ဖြစ်သည်။ အထွက်ကောင်းမျိုးဖြစ်ပြီး အစေ့ကြီးကာ အသားဓာတ်ပါဝင်မှုများသောမျိုးဖြစ်ကြောင်းသိရပါသည်။
ရေဆင်းပဲပုပ်-၆ : သက်တမ်းအားဖြင့် ရက် ၉၀ မှ ၁၀၀ ရှိသည်။ အပင် ၅၀ ရာခိုင်နှုန်း၏ပန်းပွင့်ရက်မှာ ၄၅ ရက်ခန့် ရှိသည်။ တစ်ပင်ပါသီးတောင့် ၄၅ မှ ၅၅ ဖြစ်သည်။ တစ်တောင့်ပါအစေ့ ၃ စေ့ရှိပြီး အစေ့ ၁၀၀ အလေးချိန်မှာ ၁၄ မှ ၁၅ ဂရမ်ဖြစ်သည်။ ဆီပါဝင်မှုရာခိုင်နှုန်းမှာ ၂၁ ဒသမ ၄ ဖြစ်ပြီး အသားဓာတ်ပါဝင်မှုမှာ ၄၃ ဒသမ ၃ ရာခိုင်နှုန်းခန့်ဖြစ်သည်။ အစေ့အရောင်မှာ အဝါရောင်ရှိပြီး ချက်အရောင်မှာ အနက်ရောင်ဖြစ်သည်။ ဒေသမရွေး စိုက်ပျိုးနိုင်သော သက်လတ် အထွက်ကောင်းမျိုးဟု သိရပါသည်။
ရေဆင်းပဲပုပ်-၁၁ : အသက်ရက် ၁၁၀ မှ ရက် ၁၂၀ ဖြင့်ရိတ်သိမ်းနိုင်သည်။ အပင် ၅၀ ရာခိုင်နှုန်း၏ပန်းပွင့်ရက်မှာ ၄၅ ရက်ခန့်ရှိသည်။ တစ်ပင်ပါသီးတောင့် ၃၅ မှ ၅၀ သီးသည်။ တစ်တောင့်ပါအစေ့ ၃ စေ့နှင့် အစေ့ ၁၀၀ အလေးချိန်မှာ ၁၈ မှ ၁၉ ဂရမ်ရှိသည်။ ဆီပါဝင်မှုရာခိုင်နှုန်းမှာ ၂၂ ဒသမ ၃၀ ဖြစ်သည်။ အစေ့အရောင်မှာ အဝါရောင်ရှိပြီး ချက်အရောင်မှာ အနီရောင် ဖြစ်သည်။ ရှမ်းပြည်နယ်အတွက်သင့်တော်သော သက်လတ်အထွက်ကောင်းမျိုးဟု ထင်ရှားပါသည်။
ရေဆင်းပဲပုပ်-၁၄ : သက်တမ်းအားဖြင့် ၈၀ ရက်မှ ၈၅ ရက်ရှိသည်။ အပင် ၅၀ ရာခိုင်နှုန်း၏ပန်းပွင့်ရက်မှာ ၃၅ ရက်ခန့် ရှိသည်။ တစ်ပင်ပါသီးတောင့် ၄၅ မှ ၅၀ သီးပြီး တစ်တောင့်ပါအစေ့မှာ ၃ စေ့ဖြစ်သည်။ အစေ့ ၁၀၀ အလေးချိန်မှာ ၁၆ မှ ၁၇ ဂရမ်ရှိသည်။ ဆီပါဝင်မှုရာခိုင်နှုန်း ၂၀ ဒသမ ၇ ရှိသည်။ အသားဓာတ်ပါဝင်မှုမှာ ၃၄ ရာခိုင်နှုန်းခန့်ဖြစ်သည်။ အစေ့အရောင်မှာ အဝါရောင်ရှိပြီး ချက်အရောင်မှာ အနက်ရောင်ဖြစ်သည်။ တောင်ပေါ်မြေပြန့် စိုက်ပျိုးနိုင်ပြီး စပါးအပြီး သီးထပ်အဖြစ်လည်း စိုက်ပျိုးနိုင်သော အထွက်ကောင်းမျိုးဖြစ်ကြောင်း သိရပါသည်။
ဒေသရေမြေရာသီအလိုက်၊ စိုက်ပျိုးနည်းစနစ်မှန်၊ ပိုးမွှားရောဂါနှင့်ပေါင်းမြက်ကာကွယ် နှိမ်နင်းနည်းစနစ်မှန်စွာဖြင့် ပဲပုပ်စိုက်ပျိုးအောင်မြင်စေရန် သင့်တော်သည့်မျိုးကို ရွေးချယ်စိုက်ပျိုးနိုင်ရေး အသိပေးအပ်ပါသည်။
ဆင်းသီဟ
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပဲပုပ်မျိုး
အကြောင်းအရာ 2
စပါးစိုက်ပျိုးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကစိုက်နည်းစံနစ် ferment ဘယ်လိုလုပ်လဲ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
15ရက်သားပါမှိုဆေးနှင့်ဂျာပေါင်းသတ်ဆေးဘာအရင်ဖြန်းသင့်လဲး
ဝင်းဇော် • ဖြေကြားချက် 1 ခု
ခရမ်းချဥ်ပင်မှာဖြစ်တဲ့ နှောင်းပင်နာကျရောဂါ ၊ ခါးရိရောဂါ ၊ဒေါင်းနီးရွက်ခြောက် ၊ပင်စည်နက်ရောဂါ အတွက် ( Metalaxyl )မက်တယ်လက်စီ ကိုအခြားမည်သည့်ဆေးနဲ့မှ မရောစပ်ဘဲ တစ်မျိုးထဲ အသုံးပြုမယ်ဆိုရင် ဖြစ်လာမယ့်ရောဂါတွေကို ကာကွယ်ကုသနိုင်စွမ်းရှိမရှိသိချင်ပါတယ်ဗျာ။ နားလည်သိကျွမ်းတဲ့ ဆရာကြီးများ ကျေးဇူးပြုပြီး ကျနော့ကိုပြောပြပေးကြပါဗျာ ။
Kyaw Soe Naing • ဖြေကြားချက် 2 ခု
မြေပဲမစိုက်ခင် ဂျစ်ပဆင်ကိုဘယ်အချိန်ထည့်ရတာလည်းရှင့် မြေပဲစိုက်ပြီးမှထည့်ရင်အစိုဓာတ်မလုံလောက်မှာစိုးလို့ပါရှင့် ကျွန်မတို့ဒေသမှာမြေပဲကိုရေသွင်းလေ့မရှိလို့ပါ
Hnin Nu Wai • ဖြေကြားချက် 2 ခု
မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီးကြွေနေလို့ပါ
ရှိုင်းထက်အောင် • ဖြေကြားချက် 4 ခု
မြေ၁ဧကနဲ့ဒဿမ၈၀ဆိုရင် ထုံးအိတ်ခန့်မှန်းခြေဘယ်လောက်ထည့်ရလည်းရှင့်
Hnin Nu Wai • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from Soe Myint
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....