ကိုဗစ်တတိယလှိုင်းကာလအတွင်း လမ်းပန်းအခက်အခဲများကြောင့် ပျားရည် Export ရပ်ဆိုင်းထားရ
ပြည်ပဝယ်လက်များထံမှ ကမ်းလှမ်းမှုများရှိသော်လည်း ကိုဗစ်တတိယလှိုင်းကာလအတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ပျားရည် Export တင်ပို့မှု ရပ်ဆိုင်းထားရကြောင်း ကိုယ်တိုင် ပျားမွေးမြူထုတ်လုပ်သူများက ပြောသည်။
အခုကာလမှာ ငွေကြေးအခက်အခဲတွေ လမ်းပန်းအခက်အခဲတွေလည်းရှိနေကြတော့ နဂိုက ပျားရည်ဝယ်နေကြကုမ္ပဏီတွေကလည်း မဝယ်နိုင်ကြဘူးပေါ့။ ပြည်ပကို ပျားရည်တင်ပို့မှုတွေလည်း ရပ်နေတယ်။ မြန်မာပြည်မှာ ထုတ်လုပ်နေတဲ့ ပျားရည်တွေကတော့ ပြည်ပပို့ကုန် အရည်အသွေးအဆင့်ပါပဲ။ ဥရောပဈေးကွက်အထိတောင် အဆင့်အတန်းပြည့်မီပါတယ်။ အခုလောလောဆယ်မှာသာ ပြည်ပကို အထွက်နည်းသွားတာပါ။ ကိုဗစ်ပထမလှိုင်းကာလတုန်းကတောင် ဂျပန်ကုမ္ပဏီတစ်ခုက ကမ်းလှမ်းမှုရှိခဲ့သေးတယ်။ အခုအခြေအနေတွေနဲ့မို့ မပို့နိုင်တာပါ။
ဟု ပျားသုံးဖော် ပျားရည်ထုတ်လုပ်ရေးမှ စီမံအုပ်ချုပ်သူ ဦးမြင့်နိုင်က ပြောသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် ပျားရည်များကို ပြည်ပဈေးကွက်အပြင် Export ဈေးကွက်အနေဖြင့် ဂျပန်နိုင်ငံနှင့် အီးယူနိုင်ငံများသို့ အဓိကတင်ပို့ရောင်းချနေပြီး၊ မလေးရှားနိုင်ငံနှင့် တခြားအိမ်နီးချင်းနိုင်ငံတချို့သို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။
တရုတ်နိုင်ငံကလည်း သူတို့နိုင်ငံအတွင်းမှာတင် ပျားမွေးမြူရေးလုပ်ငန်းတွေရှိတယ်။ သူတို့ဆီမှာတင်လည်း ပျားရည်ကထွက်တယ်။ ဒါ့ကြောင့် မြန်မာဘက်ကနေ ပျားရည် သိပ်တော့မဝယ်ဘူး။ ဇီးပျားရည်ဆိုရင်တော့ ဆေးဖက်ဝင်တာရယ်၊ အေးခဲခြင်းမရှိတာရယ်ကြောင့် သဘောကျတဲ့အတွက် အနည်းအကျဉ်းဝယ်ယူတာမျိုး ရှိတတ်တယ်။
ဟု ဦးမြင့်နိုင်က ဆက်လက်ပြောသည်။
လက်ရှိ ပြည်တွင်းဈေးကွက်အတွင်း ပျားရည်တစ်ပိဿာလျှင် မြန်မာငွေ(၂၅၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းဝယ်နေသည်။
ဆက်စပ်မေးခွန်းများ
ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်
U Yan • ဖြေကြားချက် 2 ခု
ဆရာကြီး ဆေးရွက်ကြီးသဘာဝပိုးသတ်ဆေးလုပ်နည်းမျှဝေပေးပါဆရာ။ ဆေးနှုန်းထားလေးလဲမျှဝေပေးပါဆရာ အပင်လောင်မှာကိုဆိုးရိမ်ရပါသလားဆရာ မျှဝေပေးပါအုန်း
U Than Toe Aung • ဖြေကြားချက် 2 ခု
ဂရန်600နဲမင်းသားမတ်ပဲးဖြန်လို့ရလား
ကိုနိုင်လင်း • ဖြေကြားချက် 3 ခု
ဒိန်ချဥ်ထဲ ကြေးနီပြား ထည့်စိမ်ပီး ရလာတဲ့အရည်က မှိုရောဂါကို ကုသနိုင်တယ်လို့ AIက ဖြေထားပါတယ် တကယ်ပဲ မှိုရောဂါကို ကုသနိုင်သလား ဘယ်လိုရောဂါတွေကုသနိုင်သလဲ ဆေးနည်းပြုလုပ်နည်းကို ဖြေကြားပေးပါဦးဆရာတို့
Khing Hein • ဖြေကြားချက် 1 ခု
ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ
K • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....